Update News

တာခ်ီလိတ္တြင္ တရားမဝင္ ေနထို္င္သည့္ ထိုင္းႏွင့္လာအိုႏိုင္ငံသား (၁၈)ဦးအနက္ (၁၀)ဦးအား အမႈဖြင့္အေရးယူ

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္မွ ေနအိမ္ႏွစ္လံုးႏွင့္ ေဆခမ္းရပ္ကြက္မွ ေနအိမ္တစ္လံုးတုိ႔တြင္ ဧၿပီလ (၁)ရက္ေန႔က မူးယစ္ေဆးဝါး ရွာေဖြဝရမ္းျဖင့္ ဝင္ေရာက္ရွာေဖြရာ ထုိင္းႏိုင္ငံသား (၁၁) ဦး၊ ထိုင္းႏုိင္ငံသူ (၆)ဦးႏွင့္ လာအိုႏုိင္ငံသူ (၁)ဦးတုိ႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္၊ အိမ္အမွတ္ (ဝကခ/၂၆၅)၊ အိမ္အမွတ္ (ဝကခ/၂၅၂)ႏွင့္ ေဆခမ္းရပ္ကြက္ရိွ အိမ္အမွတ္ (ဆခ/၅၁)တို႔သို႔ ဝင္ေရာက္ရွာေဖြျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္  ထုိင္းႏိုင္ငံသားမ်ားအနက္ ခ်ာခ်ိဳင္းက်ဴေတာင္းဆိုသူအား ကတ္တမင္းအျဖဴေရာင္ (၁)ဂရမ္ခန္႔၊ ထာနင္းဝိေစႏွင့္ ကင္းစက္ဖြန္းစင္တို႔ကို ေဆးေျခာက္ (၆၀)ဂရမ္ခန္႔တို႔ႏွင့္အတူ ရွာေဖြေတြ႔ရိွ ရသျဖင့္ ခ်ာခ်ိဳင္းက်ဴေတာင္း(ခ)ဒိုအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၂၂/၂၀၁၈ ၊ မူး/စိတ္ပုဒ္မ ၁၆(၈)ႏွင့္ လဝကအက္ဥပေဒပုဒ္မ ၁၃(၁)အရ လည္းေကာင္း၊ ထားနင္းဝိေစ(ခ)ဖြန္းႏွင့္ ကင္းစက္ ဖြန္းစင္တို႔ႏွစ္ဦးအား မယ(ပ) ၂၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(၈)/၂၁ ႏွင့္ လဝကအက္ဥပေဒပုဒ္မ ၁၃(၁)အရ လည္းေကာင္းအမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ယင္းတို႔အနက္ တရားဝင္ ဝင္ေရာက္လာသူ (၈)ဦးပါဝင္ၿပီး (၇)ဦးမွာ တရားမဝင္ ဝင္ေရာက္သူမ်ား ျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ လဝက အက္ဥပေဒပုဒ္မ ၁၃(၁)အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်မှ နေအိမ်နှစ်လုံးနှင့် ဆေခမ်းရပ်ကွက်မှ နေအိမ်တစ်လုံးတို့တွင် ဧပြီလ (၁)ရက်နေ့က မူးယစ်ဆေးဝါး ရှာဖွေဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား (၁၁) ဦး၊ ထိုင်းနိုင်ငံသူ (၆)ဦးနှင့် လာအိုနိုင်ငံသူ (၁)ဦးတို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အိမ်အမှတ် (ဝကခ/၂၆၅)၊ အိမ်အမှတ် (ဝကခ/၂၅၂)နှင့် ဆေခမ်းရပ်ကွက်ရှိ အိမ်အမှတ် (ဆခ/၅၁)တို့သို့ ဝင်ရောက်ရှာဖွခြေင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများအနက် ချာချိုင်းကျူတောင်းဆိုသူအား ကတ်တမင်းအဖြူရောင် (၁)ဂရမ်ခန့်၊ ထာနင်းဝိစေနှင့် ကင်းစက်ဖွန်းစင်တို့ကို ဆေးခြောက် (၆၀)ဂရမ်ခန့်တို့နှင့်အတူ ရှာဖွေတွေ့ရှိ ရသဖြင့် ချာချိုင်းကျူတောင်း(ခ)ဒိုအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၂၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)နှင့် လဝကအက်ဥပဒေပုဒ်မ ၁၃(၁)အရ လည်းကောင်း၊ ထားနင်းဝိစေ(ခ)ဖွန်းနှင့် ကင်းစက် ဖွန်းစင်တို့နှစ်ဦးအား မယ(ပ) ၂၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၁ နှင့် လဝကအက်ဥပဒေပုဒ်မ ၁၃(၁)အရ လည်းကောင်းအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ယင်းတို့အနက် တရားဝင် ဝင်ရောက်လာသူ (၈)ဦးပါဝင်ပြီး (၇)ဦးမှာ တရားမဝင် ဝင်ရောက်သူများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် လဝက အက်ဥပဒေပုဒ်မ ၁၃(၁)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::