တာလော့ဈေးအနီးတွင် ပျောက်သွားသည့်ဆိုင်ကယ် ၆ ရက်အကြာတွင် ပြန်လည်တွေ့ရှိ
တာလော့ဈေးအနီးတွင် ပျောက်သွားသည့်ဆိုင်ကယ် ၆ ရက်အကြာတွင် ပြန်လည်တွေ့ရှိ
ဧပွီ 12, 2018
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ တာလော့ဈေးအနောက်ဘက် ဦးအောင်ဇေယျာလမ်းကြားတွင် ဧပြီလ (၆)ရက်နေ့က ပျောက်ဆုံးသွားသည့်ဆိုင်ကယ်အား မူလပိုင်ရှင်ထံ ရပ်ကွက်လှည့်ကင်းနှင့်ရဲတပ်ဖွဲ့က ဧပြီလ (၁၂)ရက်နေ့တွင် ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
တာလော့ဈေးအနီးတွင် ဧပြီလ (၆)ရက်နေ့ညက ရပ်ထားသည့်  2014 ခုနှစ်ထုတ် Honda Wave 125CC အနက်ရောင်ဆိုင်ကယ် ဒေါ်ဘူးယုအမည်ဖြင့် ယာဉ်လိုင်စင် နံပါတ် ၄၀ယ/၆၀၄၂၈ မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းပေးထားသည့် ဆိုင်ကယ်ဖြင့် တိုက်ဆိုင်စိစစ်ပြီး ပိုင်ရှင်အမှန်ဖြစ်ကြောင်း သိရသဖြင့် ပြန်လည်ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ရဲတပ်ဖွဲ့
~~~~~~~~⊰❂ unicode ~~~~~~~~
တာလော့စျေးအနီးတွင် ပျောက်သွားသည့်ဆိုင်ကယ် ၆ ရက်အကြာတွင် ပြန်လည်တွေ့ရှိ
********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ တာလော့စျေးအနောက်ဘက် ဦးအောင်ဇေယျာလမ်းကြားတွင် ဧပြီလ (၆)ရက်နေ့က ပျောက်ဆုံးသွားသည့်ဆိုင်ကယ်အား မူလပိုင်ရှင်ထံ ရပ်ကွက်လှည့်ကင်းနှင့်ရဲတပ်ဖွဲ့က ဧပြီလ (၁၂)ရက်နေ့တွင် ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
 “ တာလော့ကဆိုင်ကယ်က ခိုးခံရတာမဟုတ်ဘူး။ သူကဆိုင်ကယ်ကို မေ့ပြီးထားခဲ့တာ။ တာလော့က လှည့်ကင်းနဲ့ မီးသတ်က တာလော့စျေးထဲလှည့်ကင်းပတ်တာရှိတယ်။ အဲဒီမှာ မနက် သုံးနာရီ၊ လေးနာရီအထိ လမ်းပေါ်မှာရှိနေတော့ ပျောက်သွားမှာစိုးတဲ့အတွက် သူတို့က ထိန်းသိမ်းလာတာပါ။ အခုက ပိုင်ရှင်ပြန်တွေ့တော့ ပြန်ပေးလိုက်တာပါ”ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
တာလော့စျေးအနီးတွင် ဧပြီလ (၆)ရက်နေ့ညက ရပ်ထားသည့်  2014 ခုနှစ်ထုတ် Honda Wave 125CC အနက်ရောင်ဆိုင်ကယ် ဒေါ်ဘူးယုအမည်ဖြင့် ယာဉ်လိုင်စင် နံပါတ် ၄၀ယ/၆၀၄၂၈ မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းပေးထားသည့် ဆိုင်ကယ်ဖြင့် တိုက်ဆိုင်စိစစ်ပြီး ပိုင်ရှင်အမှန်ဖြစ်ကြောင်း သိရသဖြင့် ပြန်လည်ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ရပ်ကွက်အလိုက် လှည့်ကင်းများဆောင်ရွက်ရာတွင် လမ်းပေါ်၌ ရပ်တန့်ထားသည့် ဆိုင်ကယ်များ တွေ့ရှိပါက လုံခြုံရေးအရ လှည့်ကင်းအဖွဲ့များက ထိန်းသိမ်းပေးထားလေ့ရှိပြီး ရပ်ကွက်အတွင်း အသိပေးကြေညာလေ့ရှိကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ရဲတပ်ဖွဲ့
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~