ေမြးရာပါခ်ိဳ႕ယြင္းခ်က္ရိွေသာ္လည္း ေငြေၾကးအရ ေဆးကုသႏုိင္ျခင္းမရိွသူမ်ား သီေပါျပည္သူ႔ေဆးရံုသို႔ ဆက္သြယ္ႏိုင္

ေမြးရာပါခ်ိဳ႕ယြင္းခ်က္ရိွေသာ္လည္း ေငြေၾကးအရ ေဆးကုသႏုိင္ျခင္းမရိွသူမ်ား သီေပါျပည္သူ႔ေဆးရံုသို႔ ဆက္သြယ္ႏိုင္
ဧပြီ 17, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္အတြင္း ေမြးရာပါရုပ္ဆင္းအဂၤါခ်ိဳ႕ယြင္းျခင္းမ်ားကို ေငြေၾကးအရ ေဆးကုသႏုိင္ျခင္းမရိွပါက နီးစပ္ရာက်န္းမာေရးဌာနမ်ားမွတစ္ဆင့္ သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ဆက္သြယ္ ကုသမႈခံယူႏုိင္ေၾကာင္း သိရသည္။

“အခု ႏွာေခါင္းကြဲ၊ အာေခါင္ကြဲလူနာ (၁၀)ေယာက္ေလာက္ကို ေမလ (၄)ရက္ သို႔မဟုတ္ (၅)ရက္ေန႔ေလာက္မွာ ျပင္ဦးလြင္ သြားျပမွာ ျဖစ္ပါတယ္။ အကုန္လံုးက သီေပါၿမိဳ႕နယ္အတြင္းကပါ။ သီေပါၿမိဳ႕နယ္အတြင္းက ဒီလိုကုသခ်င္သူေတြရိွရင္ ကိုယ္နဲ႔အနီးစပ္ဆံုး သက္ဆုိင္ရာ က်န္းမာေရးဌာနမွတစ္ဆင့္ ဆက္သြယ္ပါ။ ဒီလိုဆက္သြယ္ခုိင္းတာက သြားဖို႔လာဖို႔ကအစ စီစဥ္ေပးဖို႔ပါ။ သြားေရးလာေရးအခက္အခဲရိွေနရင္ သြားေခၚေပးပါမယ္”ဟု သီေပါျပည္သူ႔ေဆးရံုႀကီး၏ ေဆးရံုအုပ္ ေဒါက္တာနႏၵဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 ရင္သားေဟာ္မုန္းအဆမတန္ႀကီးထြားေနၿပီး ေဆးကုသရန္ အခက္အခဲရိွေနသည့္ သီေပါၿမိဳ႕နယ္အတြင္းမွ မိန္းကေလးငယ္တစ္ဦးအား သီေပါျပည္သူ႔ေဆးရံုတြင္ ဧၿပီလအတြင္းက ေအာင္ျမင္စြာ ခြဲစိတ္ကုသေပးၿပီးသည့္ေနာက္ ေမြးရာပါ ရုပ္ဆင္းအဂၤါခ်ိဳ႕ယြင္းေနသည့္ လူနာမိန္းကေလးတစ္ဦးလည္း ထပ္မံေဆးကုသလိုေၾကာင္း ဆက္သြယ္လာသျဖင့္ ေဆးကုသမႈကုန္က်စရိတ္ေပးလွဴမည့္ အလွဴရွင္ရွာေဖြျခင္းအပါအဝင္ ခြဲစိတ္ကုသမႈမ်ားအတြက္ ေဆးရံုမွ ေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။

ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ရိွၿပီး ေငြေရးေၾကးေရးအရ ေဆးမကုႏုိင္သည့္လူနာမ်ားအေနျဖင့္ သီေပါျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူႏိုင္ေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု #NMK

~~~~~~~~⊰❂ unicode ~~~~~~~~
မွေးရာပါချို့ယွင်းချက်ရှိသော်လည်း ငွေကြေးအရ ဆေးကုသနိုင်ခြင်းမရှိသူများ သီပေါပြည်သူ့ဆေးရုံသို့ ဆက်သွယ်နိုင်
********
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်အတွင်း မွေးရာပါရုပ်ဆင်းအင်္ဂါချို့ယွင်းခြင်းများကို ငွေကြေးအရ ဆေးကုသနိုင်ခြင်းမရှိပါက နီးစပ်ရာကျန်းမာရေးဌာနများမှတစ်ဆင့် သီပေါမြို့ ပြည်သူ့ဆေးရုံသို့ ဆက်သွယ် ကုသမှုခံယူနိုင်ကြောင်း သိရသည်။

“အခု နှာခေါင်းကွဲ၊ အာခေါင်ကွဲလူနာ (၁၀)ယောက်လောက်ကို မေလ (၄)ရက် သို့မဟုတ် (၅)ရက်နေ့လောက်မှာ ပြင်ဦးလွင် သွားပြမှာ ဖြစ်ပါတယ်။ အကုန်လုံးက သီပေါမြို့နယ်အတွင်းကပါ။ သီပေါမြို့နယ်အတွင်းက ဒီလိုကုသချင်သူတွေရှိရင် ကိုယ်နဲ့အနီးစပ်ဆုံး သက်ဆိုင်ရာ ကျန်းမာရေးဌာနမှတစ်ဆင့် ဆက်သွယ်ပါ။ ဒီလိုဆက်သွယ်ခိုင်းတာက သွားဖို့လာဖို့ကအစ စီစဉ်ပေးဖို့ပါ။ သွားရေးလာရေးအခက်အခဲရှိနေရင် သွားခေါ်ပေးပါမယ်”ဟု သီပေါပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာနန္ဒဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 ရင်သားဟော်မုန်းအဆမတန်ကြီးထွားနေပြီး ဆေးကုသရန် အခက်အခဲရှိနေသည့် သီပေါမြို့နယ်အတွင်းမှ မိန်းကလေးငယ်တစ်ဦးအား သီပေါပြည်သူ့ဆေးရုံတွင် ဧပြီလအတွင်းက အောင်မြင်စွာ ခွဲစိတ်ကုသပေးပြီးသည့်နောက် မွေးရာပါ ရုပ်ဆင်းအင်္ဂါချို့ယွင်းနေသည့် လူနာမိန်းကလေးတစ်ဦးလည်း ထပ်မံဆေးကုသလိုကြောင်း ဆက်သွယ်လာသဖြင့် ဆေးကုသမှုကုန်ကျစရိတ်ပေးလှူမည့် အလှူရှင်ရှာဖွေခြင်းအပါအဝင် ခွဲစိတ်ကုသမှုများအတွက် ဆေးရုံမှ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

မွေးရာပါ ချို့ယွင်းချက်ရှိပြီး ငွေရေးကြေးရေးအရ ဆေးမကုနိုင်သည့်လူနာများအနေဖြင့် သီပေါပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနိုင်ကြောင်း သိရသည်။

သတင်း #ဇာနှင်း
ဓါတ်ပုံ #NMK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~