Update News

သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေးအတွက် တာလေမြို့ရှိ ဆေးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ၀င်စစ်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်၊ တာလေမြို့တွင် သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေး စီမံချက် အနေဖြင့် တာလေမြို့ပေါ်ရှိ ဆေးဆိုင်များအား သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း မူးဝေမိန်းမောစေသည့် ဆေးများ အသုံးပြုကာ မှုခင်းများ မဖြစ်ပွားစေရေးအတွက် ဆေးဆိုင်များတွင် တားမြစ်ထားသည့် ကာမအားတိုးဆေးများ၊ မူးဝေမိန်းမောစေသည့် ဆေးများ ရောင်းချထားခြင်း ရှိ မရှိ ကို စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီလ(၈)ရက်နေ့ နံနက်ပိုင်းက  တာလေမြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ၊ တာလေနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်စန်းဦး နှင့် တပ်ဖွဲ့ဝင်များ၊ တာလေပြည်သူ့ဆေးရုံမှ မြို့ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ကျော် နှင့် အဖွဲ့၊ စည်ပင်သာယာရေးကော်မတီဝင်များ နှင့် ရပ်မိရပ်ဖများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က တာလေမြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ဈေးအတွင်းရှိ ဆေးဆိုင် တို့တွင် ရှောင်တခင် စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင်လည်း သင်္ကြန်ကာလအသိပညာပေး စီမံချက်အနေဖြင့် ၂၀၁၈ခုနှစ် ဧပြီလ(၅)ရက်နေ့က ဆေးဆိုင်များအား ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း နှင့် တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့တို့မှ သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေးအတွက် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များမှ အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။



ဓါတ်ပုံ - တာလေ ထွေ/အုပ်










~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်၊ တာလမြေို့တွင် သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေး စီမံချက် အနဖြေင့် တာလမြေို့ပေါ်ရှိ ဆေးဆိုင်များအား သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း မူးေဝမိန်းမောစေသည့် ဆေးများ အသုံးပြုကာ မှုခင်းများ မဖြစ်ပွားစေရေးအတွက် ဆေးဆိုင်များတွင် တားမြစ်ထားသည့် ကာမအားတိုးဆေးများ၊ မူးေဝမိန်းမောစေသည့် ဆေးများ ရောင်းချထားခြင်း ရှိ မရှိ ကို စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီလ(၈)ရက်နေ့ နံနက်ပိုင်းက တာလမြေို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ၊ တာလေနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်စန်းဦး နှင့် တပ်ဖွဲ့ဝင်များ၊ တာလပြေည်သူ့ဆေးရုံမှ မြို့ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ကျော် နှင့် အဖွဲ့၊ စည်ပင်သာယာရေးကော်မတီဝင်များ နှင့် ရပ်မိရပ်ဖများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က တာလမြေို့ပေါ်ရှိ ဆေးဆိုင်များနှင့် ဈေးအတွင်းရှိ ဆေးဆိုင် တို့တွင် ရှောင်တခင် စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင်လည်း သင်္ကြန်ကာလအသိပညာပေး စီမံချက်အနဖြေင့် ၂၀၁၈ခုနှစ် ဧပြီလ(၅)ရက်နေ့က ဆေးဆိုင်များအား ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း နှင့် တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့တို့မှ သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေးအတွက် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များမှ အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။



ဓာတ်ပုံ - တာလေ ထွေ/အုပ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::