လားရႈိးၿမိဳ႕နယ္အတြင္း တရားမ၀င္သစ္ ဖမ္းဆီးရမိမႈ ယခင္ႏွစ္ထက္ ႏွစ္ဆတိုးလာ

လားရႈိးၿမိဳ႕နယ္အတြင္း တရားမ၀င္သစ္ ဖမ္းဆီးရမိမႈ ယခင္ႏွစ္ထက္ ႏွစ္ဆတိုးလာ
ဧပြီ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္အတြင္း တရားမဝင္ သစ္သယ္ေဆာင္ေရာင္းခ်ျခင္း ဖမ္းဆီးရမိမႈ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္အတြင္း ယခင္ဘ႑ာႏွစ္ထက္ ႏွစ္ဆခန္႔ ျမင့္တက္ခဲ့ၿပီး စုစုေပါင္း သစ္တန္ေပါင္း (၆၅၀) ေက်ာ္ကို ဖမ္းဆီးအေရးယူႏိုင္ခဲ့ေၾကာင္း လားရိႈးၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ သိရွိရသည္။

“အမွန္ဆိုရင္ေတာ့ သစ္ရွားပါးလာတဲ့ အတြက္ တရားမဝင္ သစ္သယ္ေဆာင္ေရာင္းခ်မႈက ေလ်ာ့က်သြားရမွာ ျဖစ္ေပမဲ့ ဝယ္လိုအား မ်ားေနတာေတြ၊ အျမတ္အစြန္းရေနတဲ့ ေမွာင္ခိုလုပ္ငန္း တစ္ခုျဖစ္ေနတာရယ္ေၾကာင့္ ဖမ္းဆီးအေရးယူမႈမ်ားေနေပမဲ့ သယ္ေဆာင္ေရာင္းခ်တာေတြလည္း မ်ားျပားလာတယ္”ဟု လားရႈိးၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးအရာရွိ ဦးမ်ိဳးေက်ာ္ဟန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ လားရႈိးၿမိဳ႕နယ္အတြင္း တရားမဝင္သစ္ဖမ္းဆီးရမိမႈ (၁၄၁) မႈရွိခဲ့ၿပီး သစ္တန္ခ်ိန္ (၃၆၀.၃၆၆၆) တန္ဖမ္းဆီးရမိခဲ့ကာ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ အမႈေပါင္း(၂၆၂) မႈရွိၿပီး သစ္တန္ခ်ိန္ စုစုေပါင္း (၆၅၃.၇၆၃၅) တန္ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္အတြင္း ဖမ္းဆီးရမိသည့္ အမႈမ်ားမွ လူေပါင္း (၂၀၀)ေက်ာ္ကို တရားစြဲဆိုထားျခင္းျဖစ္ေၾကာင္း သိရသည္။

“အမႈစစ္ေဆးခ်ိန္ေတြ၊ ပိုင္ရွင္မဲ့ဖမ္းမိတာေတြကို အမႈပိတ္ဖို႔ ေဆာင္ရြက္ရတာေတြရွိေနတဲ့အတြက္ အမႈ လက္က်န္ကေတာ့ (၉၇) ခုပဲ က်န္တယ္။ တစ္ႏွစ္အတြင္းမွာ လူ (၂၀၀) ေက်ာ္ကို တရားစြဲဆိုရတာဆိုေတာ့ တရားစီရင္ရတာလည္း အခ်ိန္ၾကာျမင့္တာေတြရွိတယ္” ဟု ၿမိဳ႕နယ္သစ္ေတာဦးစီးအရာရွိက ေျပာသည္။

တရားမဝင္သစ္ ဖမ္းဆီးရမိမႈစုစုေပါင္း၏ ထက္ဝက္ခန္႔ကို သိန္းနီၿမိဳ႕နယ္အတြင္းရွိ ေရပူအၿမဲတမ္း စစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရၿပီး လားရိႈးၿမိဳ႕ေရွာင္လမ္း၊ လားရိႈး-သိန္းနီလမ္း (ျပည္ေထာင္စုလမ္းမႀကီး)ရွိ ေအဒီတံတား၊ လားရိႈးၿမိဳ႕နယ္အတြင္းႏွင့္ သိန္းနီၿမိဳ႕ ပတ္ဝန္းက်င္မ်ားတြင္ ဖမ္းဆီးရမိျခင္းျဖစ္ၾကာင္း သိရသည္။

၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္အတြင္း ဖမ္းဆီးရမိခဲ့သည့္ သစ္မ်ားအား ဘ႑ာသိမ္းသစ္မ်ားအျဖစ္ သစ္ေတာဦးစီး ဌာနမွ ျမန္မာ့သစ္လုပ္ငန္းသို႔ လႊဲေျပာင္းေပးရျခင္းျဖစ္ၿပီး မတ္လ (၃၁) ရက္ေန႔အထိ သစ္တန္ခ်ိန္ (၄၇၄.၆၁၄၁) လႊဲေျပာင္းေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း တရားမဝင် သစ်သယ်ဆောင်ရောင်းချခြင်း ဖမ်းဆီးရမိမှု ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ယခင်ဘဏ္ဍာနှစ်ထက် နှစ်ဆခန့် မြင့်တက်ခဲ့ပြီး စုစုပေါင်း သစ်တန်ပေါင်း (၆၅၀) ကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း လားရှိုးမြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။

“အမှန်ဆိုရင်တော့ သစ်ရှားပါးလာတဲ့ အတွက် တရားမဝင် သစ်သယ်ဆောင်ရောင်းချမှုက လျော့ကျသွားရမှာ ဖြစ်ပေမဲ့ ဝယ်လိုအား များနေတာတွေ၊ အမြတ်အစွန်းရနေတဲ့ မှောင်ခိုလုပ်ငန်း တစ်ခုဖြစ်နေတာရယ်ကြောင့် ဖမ်းဆီးအရေးယူမှုများနေပေမဲ့ သယ်ဆောင်ရောင်းချတာတွေလည်း များပြားလာတယ်”ဟု လားရှိုးမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးကျော်ဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် လားရှိုးမြို့နယ်အတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှု (၁၄၁) မှုရှိခဲ့ပြီး သစ်တန်ချိန် (၃၆၀.၃၆၆၆) တန်ဖမ်းဆီးရမိခဲ့ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမှုပေါင်း(၂၆၂) မှုရှိပြီး သစ်တန်ချိန် စုစုပေါင်း (၆၅၃.၇၆၃၅) တန်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ဖမ်းဆီးရမိသည့် အမှုများမှ လူပေါင်း (၂၀၀)ကျော်ကို တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

“အမှုစစ်ဆေးချိန်တွေ၊ ပိုင်ရှင်မဲ့ဖမ်းမိတာတွေကို အမှုပိတ်ဖို့ ဆောင်ရွက်ရတာတွေရှိနေတဲ့အတွက် အမှု လက်ကျန်ကတော့ (၉၇) ခုပဲ ကျန်တယ်။ တစ်နှစ်အတွင်းမှာ လူ (၂၀၀) ကျော်ကို တရားစွဲဆိုရတာဆိုတော့ တရားစီရင်ရတာလည်း အချိန်ကြာမြင့်တာတွေရှိတယ်” ဟု မြို့နယ်သစ်တောဦးစီးအရာရှိက ပြောသည်။

တရားမဝင်သစ် ဖမ်းဆီးရမိမှုစုစုပေါင်း၏ ထက်ဝက်ခန့်ကို သိန်းနီမြို့နယ်အတွင်းရှိ ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရပြီး လားရှိုးမြို့ရှောင်လမ်း၊ လားရှိုး-သိန်းနီလမ်း (ပြည်ထောင်စုလမ်းမကြီး)ရှိ အေဒီတံတား၊ လားရှိုးမြို့နယ်အတွင်းနှင့် သိန်းနီမြို့ ပတ်ဝန်းကျင်များတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြာင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် သစ်များအား ဘဏ္ဍာသိမ်းသစ်များအဖြစ် သစ်တောဦးစီး ဌာနမှ မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပေးရခြင်းဖြစ်ပြီး မတ်လ (၃၁) ရက်နေ့အထိ သစ်တန်ချိန် (၄၇၄.၆၁၄၁) လွှဲပြောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~