သက်ငယ်မုဒိမ်းနှင့် မုဒိမ်းမှုများအား သေဒဏ်ပေးရန်တောင်းဆိုသည့် စုပေါင်းလက်မှတ်ရေးထိုးပွဲ ဒုတိယနေ့အဖြစ် ဧပြီလ(၂)ရက်နေ့ နံက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ လုပ်ဆောင်နေရာ လူဦးရေ (၁၀၀)ဝန်းကျင် လာရောက်လက်မှတ်ရေးထိုးနေကြသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းမှာ ၂၀၁၇ ခုနှစ် မှုခင်းစာရင်းများအရ ပျမ်းမျှအားဖြင့် နေ့စဉ် ကလေးငယ် (၂)ဦးနှုန်း မုဒိမ်းမှုကျူးလွန်ခံနေကြရခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းရိုးမကွင်းတွင် နံနက်(၉)နာရီက စတင်၍ ည (၆)နာရီအထိ လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ပြီး ပထမနေ့ဖြစ်သည့် ဧပြီလ (၁) ရက်နေ့က တာချီလိတ်မြို့အပြင် တာလေနှင့် မိုင်းဖြတ်မြို့များကပါ လာရောက် လက်မှတ်ရေးထိုးကြရာ စုစုပေါင်း လက်မှတ်ရေးထိုးသူဦးရေ (၅၆၀) ဝန်းကျင်ရှိကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းမှာ ၂၀၁၇ ခုနှစ် မှုခင်းစာရင်းများအရ ပျမ်းမျှအားဖြင့် နေ့စဉ် ကလေးငယ် (၂)ဦးနှုန်း မုဒိမ်းမှုကျူးလွန်ခံနကြေရခြင်းဖြစ်ကြောင်း သိရသည်။