သင်္ကြန်ကာလအတွင်း မှုခင်းလျော့နည်း ကျဆင်းရေး တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်အသိပညာဖြန့်ဝေ

သင်္ကြန်ကာလအတွင်း မှုခင်းလျော့နည်း ကျဆင်းရေး တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်အသိပညာဖြန့်ဝေ
ဧပွီ 11, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွင်း မှုခင်းများ လျော့နည်း ကျဆင်းရေး အတွက် ကြိုတင်ကာကွယ် ဖမ်းဆီးရေးနှင့် အသိပညာပေး လုပ်ငန်းများ အနေဖြင့် မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ  မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်စိုင်းခမ်းစိုင်း နှင့် တပ်ဖွဲ့ဝင်များက တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာ အုပ်စု၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း မှ တဆင့် ဖြတ်သန်းသွားလာနေသည့် ခရီးသည် ယာဉ်များ၊ မော်တော်ယာဉ်နှင့်ဆိုင်ကယ်များအား မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင် (၁၀၀)အား ၂၀၁၈ခုနှစ် ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းရှိ မြို့များတွင် သင်္ကြန်ကာလအတွင်း မှုခင်းများ လျော့နည်းကျဆင်းရေးအတွက် ကြိုတင်ကာကွယ် ဖမ်းဆီးရေးနှင့် အသိပညာပေးလုပ်ငန်းများအနေဖြင့် မူးယစ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်နှင့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ လူကုန်တားရဲတပ်ဖွဲ့ဝင်များက အသိပညာပေးမှု အဖြစ် ကဏ္ဍအလိုက် ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွင်း မှုခင်းများ လျော့နည်း ကျဆင်းရေး အတွက် ကြိုတင်ကာကွယ် ဖမ်းဆီးရေးနှင့် အသိပညာပေး လုပ်ငန်းများ အနဖြေင့် မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြနေ့်ဝပေးခဲ့ကြကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်စိုင်းခမ်းစိုင်း နှင့် တပ်ဖွဲ့ဝင်များက တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာ အုပ်စု၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း မှ တဆင့် ဖြတ်သန်းသွားလာနေသည့် ခရီးသည် ယာဉ်များ၊ မော်တော်ယာဉ်နှင့်ဆိုင်ကယ်များအား မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင် (၁၀၀)အား ၂၀၁၈ခုနှစ် ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းက ဖြနေ့်ဝပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းရှိ မြို့များတွင် သင်္ကြန်ကာလအတွင်း မှုခင်းများ လျော့နည်းကျဆင်းရေးအတွက် ကြိုတင်ကာကွယ် ဖမ်းဆီးရေးနှင့် အသိပညာပေးလုပ်ငန်းများအနဖြေင့် မူးယစ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်နှင့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ လူကုန်တားရဲတပ်ဖွဲ့ဝင်များက အသိပညာပေးမှု အဖြစ် ကဏ္ဍအလိုက် ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~