
ဧပွီ 19, 2018
By 🌸



ဓါတ်ပုံ #ခင်မောင်လွင်

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်မြို့ ပြည်သူ့ဆေးရုံနှင့် အင်းဝဘဏ်ကြားတွင် ပေါက်ကွဲမှုဖြစ်ပွား
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ဧပြီလ (၁၉)ရက်နေ့ ည (၉)နာရီ မိနစ်(၂၀)ဝန်းကျင်က ပြည်သူ့ဆေးရုံနှင့် အင်းဝဘဏ်ကြားရှိ အမှိုက်ပုံအတွင်းမှ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသဖြင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

“ကျွန်တော်တို့ တောင်ရပ်ကွက် ဆေးရုံအောက်ဘက်ခြမ်း အင်းဝဘဏ်နဲ့ မျက်နှာချင်းဆိုင်ဘက်၊ တရုတ်ပြည် ကျယ်ခေါင်သွားတဲ့လမ်းအဆင်းဘက်၊ ဘုန်းကြီးကျောင်းဝင်တဲ့ လမ်းဆုံဘက်မှာ အမှိုက်ပုံထဲက ထပေါက်တာ”ဟု မူဆယ်ဒေသခံတစ်ဦးဖြစ်သည့် ကိုခင်မောင်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားသည့်အကြောင်းရင်းကို မသိရသေးကြောင်း မူဆယ်မြို့ခံထံမှ သိရသည်။

ဓါတ်ပုံ #ခင်မောင်လွင်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~