မူဆယ္ၿမိဳ႕တြင္ ဒုလႅဘရဟန္းမ်ား လုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္၍ ရဟန္း ၁၃ ပါးႏွင့္ လူတစ္ဦး ဒဏ္ရာရ

မူဆယ္ၿမိဳ႕တြင္ ဒုလႅဘရဟန္းမ်ား လုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္၍ ရဟန္း ၁၃ ပါးႏွင့္ လူတစ္ဦး ဒဏ္ရာရ
ဧပြီ 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ ဒုလႅဘရဟန္း အပါး (၂၀)လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္သည္ အရွိန္မထိန္းႏုိင္ဘဲ လမ္းလယ္ကၽြန္းအား တုိက္မိ တိမ္းေမွာက္ခဲ့သျဖင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေပၚပါ ဒုလႅဘရဟန္း (၁၃)ပါးတို႔ ဒဏ္ရာမ်ား ရသြားေသာ္လည္း ေသဆံုးသူ မရိွေၾကာင္း သိရသည္။

မူဆယ္ၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးႏွင့္ ဂႏၶမာလမ္းေထာင့္ ကုန္းအဆင္း၌ အရွိန္မထိန္းႏိုင္ဘဲ ဧၿပီလ (၁၀) ရက္ေန႔ နံနက္ (၁၀)နာရီအခ်ိန္က တိမ္းေမွာက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ထိခိုက္ဒဏ္ရာရသူမ်ားမွာ စိုးရိမ္ရသည့္ အေျခအေနတြင္ မရိွေၾကာင္း သိရၿပီး အဆိုပါ ယာဥ္တိမ္းေမွာက္မႈႏွင့္ ပတ္သက္၍ သက္ဆုိင္ရာက အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ဒုလ္လဘရဟန်း အပါး (၂၀)လိုက်ပါလာသည့် မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား တိုက်မိ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ ဒုလ္လဘရဟန်း (၁၃)ပါးတို့ ဒဏ်ရာများ ရသွားသော်လည်း သေဆုံးသူ မရှိကြောင်း သိရသည်။

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးနှင့် ဂန္ဓမာလမ်းထောင့် ကုန်းအဆင်း၌ အရှိန်မထိန်းနိုင်ဘဲ ဧပြီလ (၁၀) ရက်နေ့ နံနက် (၁၀)နာရီအချိန်က တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများမှာ စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း သိရပြီး အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~