ထိုင္းႏိုင္ငံတြင္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေသဆံုးႏွင့္ ဒဏ္ရာရ ျမန္မာလုပ္သားမ်ား ခံစားခြင့္အျမန္ရရန္ ေဆာင္ရြက္ေပးမည္

ထိုင္းႏိုင္ငံတြင္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေသဆံုးႏွင့္ ဒဏ္ရာရ ျမန္မာလုပ္သားမ်ား ခံစားခြင့္အျမန္ရရန္ ေဆာင္ရြက္ေပးမည္
ဧပြီ 13, 2018
By Tachileik News Agency

ထိုင္းနိုင္ငံမွ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈတြင္ ေသဆုံးခဲ႔သည့္ အလုပ္သမားမ်ားႏွင့္ ထိခိုက္ဒဏ္ရာ ရရွိခဲ႔သည့္ ျမန္မာအလုပ္သမားမ်ား၏ ခံစားခြင့္မ်ား အျမန္ရရိွရန္ ျမန္မာ အလုပ္သမားသံအရာရွိရံုးက သက္ဆိုင္ရာဌာနမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးေနေၾကာင္း ဧၿပီလ (၁၃)ရက္ေန႔တြင္ ေၾကညာထားသည္။

အလုပ္သမားသံအရာရွိ ဦးေအာင္ခင္ျမင့္ႏွင့္ ဦးႏိုင္မင္းသူ၊ အလုပ္သမားညႊန္ၾကားေရး ဦးစီး ဌာန ျမဝတီၿမိဳ႕နယ္ရုံးမွ ဦးစီးအရာရွိ ဦးတင့္ႏိုင္၊ ေရႊ႕ေျပာင္း အလုပ္သမားရုံး ျမဝတီမွ စခန္းတာဝန္ခံ ဦးေအာင္ေရႊေက်ာ္၊ ျမန္မာ ေအဂ်င္စီ Golden Royal Mandalay Co.,Ltd မွ မန္ေနဂ်င္း ဒါရိုက္တာတို႔သည္ ဧၿပီလ (၁၃)ရက္ေန႔တြင္ တာ့ခ္ခရိုင္၊ မဲ႔ေထာ္ရဲစခန္းသို႔ ေသဆုံးခဲ႔သူ (၆) ဦး၏ မိသားစုဝင္မ်ားႏွင့္အတူ သြားေရာက္၍ အဆိုပါရဲစခန္း၌ တာဝန္က်ရဲအရာရွိမွ ေသဆုံးသူမ်ား၏ မိသားစုဝင္မ်ားအား လိုအပ္သည့္ စစ္ေဆး မႈမ်ားျပဳလုပ္ျခင္း၊ ယာဥ္တိမ္းေမွာက္မႈတြင္ ပါဝင္ခဲ႔ၿပီး ေဆးရုံ တက္ေရာက္ ကုသမႈခံယူၿပီး၍ ျပန္လည္က်န္းမာလာသည့္ အလုပ္သမားမ်ားအား စစ္ေဆးခ်က္ ရယူမႈတြင္ လိုက္ပါ ေဆာင္ရြက္ျခင္းတို႕ ေဆာင္ရြက္ခဲ႔ၿပီးေနာက္ တာ့ခ္ၿမိဳ႕ေဆးရုံႀကီး တြင္ ေဆးကုသမႈခံယူေနသည့္ အလုပ္သမားမ်ားအား သြားေရာက္ ေတြ႕ဆုံအားေပးစကား ေျပာၾကားခဲ့ေၾကာင္းသိရသည္။

ထုိင္းႏုိင္ငံ မဲေဆာက္ - တာ့ခ္အျမန္လမ္းတြင္ ဧၿပီလ (၉)ရက္ေန႔ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈမွ ဒဏ္ရာရသည့္ ျမန္မာႏုိင္ငံသား (၁၂)ဦး တာ့ခ္ခရိုင္ေဆးရံုတြင္ ကုသမႈခံယူေနရာ ဧၿပီလ (၁၂)ရက္ေန႔တြင္ ျပန္လည္သက္သာလာသည့္ လူနာ(၂)ဦး ေဆးရံုမွထပ္မံဆင္းၿပီျဖစ္၍ ေဆးရံုတြင္ လူနာ(၆)ဦးသာ က်န္ေတာ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ၊ ခ်ာခ်င္ေဆာင္ၿမိဳ႕ ကြန္ပ်ဴတာစက္ရံုတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ မဲေဆာက္ၿမိဳ႕မွ ခ်ာ့ခ်င္ေဆာင္ၿမိဳ႕သို႔ ျမန္မာႏိုင္ငံသား အမ်ိဳးသမီး (၅၁) ဦးအား တင္ေဆာင္လာသည့္ ေမာ္ေတာ္ ယာဥ္သည္ ဧၿပီလ (၉)ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ည(၈)နာရီ (၅၀)မိနစ္တြင္ ထြက္ခြာသြားၿပီး ည (၁၀)နာရီ (၅၀)မိနစ္အခ်ိန္ခန္႕၌ မိုင္တိုင္အမွတ္ (၆၈) အနီးတြင္ တိမ္းေမွာက္ခဲ့ရာ ေနရာတြင္ (၆)ဦးေသဆံုးၿပီး (၁၂)ဦး ဒဏ္ရာရသြားခဲ့ျခင္းျဖစ္သည္။

ဓါတ္ပံု - အလုပ္သမားသံအရာရိွရံုး


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံမှ မော်တော်ယာဉ်တိမ်းမှောက်မှုတွင် သေဆုံးခဲ့သည့် အလုပ်သမားများနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် မြန်မာအလုပ်သမားများ၏ ခံစားခွင့်များ အမြန်ရရှိရန် မြန်မာ အလုပ်သမားသံအရာရှိရုံးက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း ဧပြီလ (၁၃)ရက်နေ့တွင် ကြေညာထားသည်။

အလုပ်သမားသံအရာရှိ ဦးအောင်ခင်မြင့်နှင့် ဦးနိုင်မင်းသူ၊ အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာန မြဝတီမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးတင့်နိုင်၊ ရွှေ့ပြောင်း အလုပ်သမားရုံး မြဝတီမှ စခန်းတာဝန်ခံ ဦးအောင်ရွှေကျော်၊ မြန်မာ အေဂျင်စီ Golden Royal Mandalay Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာတို့သည် ဧပြီလ (၁၃)ရက်နေ့တွင် တာ့ခ်ခရိုင်၊ မဲ့ထော်ရဲစခန်းသို့ သေဆုံးခဲ့သူ (၆) ဦး၏ မိသားစုဝင်များနှင့်အတူ သွားရောက်၍ အဆိုပါရဲစခန်း၌ တာဝန်ကျရဲအရာရှိမှ သေဆုံးသူများ၏ မိသားစုဝင်များအား လိုအပ်သည့် စစ်ဆေး မှုများပြုလုပ်ခြင်း၊ ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်ခဲ့ပြီး ဆေးရုံ တက်ရောက် ကုသမှုခံယူပြီး၍ ပြန်လည်ကျန်းမာလာသည့် အလုပ်သမားများအား စစ်ဆေးချက် ရယူမှုတွင် လိုက်ပါ ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် တာ့ခ်မြို့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေသည့် အလုပ်သမားများအား သွားရောက် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံ မဲဆောက် - တာ့ခ်အမြန်လမ်းတွင် ဧပြီလ (၉)ရက်နေ့ မော်တော်ယာဉ်တိမ်းမှောက်မှုမှ ဒဏ်ရာရသည့် မြန်မာနိုင်ငံသား (၁၂)ဦး တာ့ခ်ခရိုင်ဆေးရုံတွင် ကုသမှုခံယူနေရာ ဧပြီလ (၁၂)ရက်နေ့တွင် ပြန်လည်သက်သာလာသည့် လူနာ(၂)ဦး ဆေးရုံမှထပ်မံဆင်းပြီဖြစ်၍ ဆေးရုံတွင် လူနာ(၆)ဦးသာ ကျန်တော့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့ ကွန်ပျူတာစက်ရုံတွင် အလုပ်လုပ်ကိုင်ရန်အတွက် မဲဆောက်မြို့မှ ချာ့ချင်ဆောင်မြို့သို့ မြန်မာနိုင်ငံသား အမျိုးသမီး (၅၁) ဦးအား တင်ဆောင်လာသည့် မော်တော် ယာဉ်သည် ဧပြီလ (၉)ရက်နေ့ ဒေသစံတော်ချိန် ည(၈)နာရီ (၅၀)မိနစ်တွင် ထွက်ခွာသွားပြီး ည (၁၀)နာရီ (၅၀)မိနစ်အချိန်ခန့်၌ မိုင်တိုင်အမှတ် (၆၈) အနီးတွင် တိမ်းမှောက်ခဲ့ရာ နေရာတွင် (၆)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - အလုပ်သမားသံအရာရှိရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~