Update News

မိုင်းယုမှ တဆင့် အထူးဒေသ(၄)သို့ မိုင်းဖုန်းဆရာတော် ကြွရောက်

မိုင်းဖုန်းဆရာတော်သည် သာသနာပြုခရီးစဉ်အနေဖြင့် တာချီလိတ်မှတဆင့် မြန်မာ - တရုတ်နယ်စပ် မိုင်းယုမြို့သို့ ဧပြီလ(၄)ရက်နေ့ ညနေပိုင်းက ရောက်ရှိတော်မူပြီး ဆက်လက်၍ အထူးဒေသ(၄)သို့ ကြွရောက်တော်မူနေကြောင်း သိရသည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် ၂၀၁၈ခုနှစ် ဧပြီလ(၄)ရက်နေ့ မွန့်တည်(၁၂)နာရီအချိန်တွင် မိုင်းယုမြို့ပေါ်ရှိ ဝမ်ကျိုင်း၊ ဝမ်တာကြန့်၊ ဝမ်နားမြတ်၊ ဝမ်ဒွန်းနွဲ့၊ ဝမ်ဆလီနှင့် မိုင်းလွေကျေးရွာများမှ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းများသို့ ကြွမြန်းတော်မူပြီး တရားတော်ဟောကြားတော်မူသည်။    


ယင်းတရားပွဲသို့ မိုင်းယုမြို့ ကော်ဟိုလွယ်တပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းလှိုင် နှင့် အရာရှိများ၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ဧည့်သည်တော်များ ရောက်ရှိလာပြီး မိုင်းဖုန်းဆရာတော်အား ဖူးမြှော်ကြည်ညိုကြသည်။
       












~~~~~~~~⊰❂ unicode ~~~~~~~~


မိုင်းဖုန်းဆရာတော်သည် သာသနာပြုခရီးစဉ်အနဖြေင့် တာချီလိတ်မှတဆင့် မြန်မာ - တရုတ်နယ်စပ် မိုင်းယုမြို့သို့ ဧပြီလ(၄)ရက်နေ့ ညနေပိုင်းကရောက်ရှိတော်မူပြီး ဆက်လက်၍ အထူးဒေသ(၄)သို့ ကြွရောက်တော်မူနေကြောင်း သိရသည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ၂၀၁၈ခုနှစ် ဧပြီလ(၄)ရက်နေ့ မွန့်တည်(၁၂)နာရီအချိန်တွင် မိုင်းယုမြို့ပေါ်ရှိ ဝမ်ကျိုင်း၊ ဝမ်တာကြန့်၊ ဝမ်နားမြတ်၊ ဝမ်ဒွန်းနွဲ့၊ ဝမ်ဆလီနှင့် မိုင်းလွေကျေးရွာများမှ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းများသို့ ကြွမြန်းတော်မူပြီး တရားတော်ဟောကြားတော်မူသည်။

ဆက်လက်၍ မိုင်းဖုန်းဆရာတော်သည် ညနေ(၄)နာရီအချိန်တွင် မိုင်းယုမြို့ပေါ်သို့ ရောက်ရှိပြီး မြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဝမ်လုံကြွမ်တောင်း)ကျောင်းတိုက်၌ တရားတော်များ ဟောကြားတော်မူသည်။

ယင်းတရားပွဲသို့ မိုင်းယုမြို့ ကော်ဟိုလွယ်တပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းလှိုင် နှင့် အရာရှိများ၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရပ်နီးရပေ်ဝးမှ ဧည့်သည်တော်များ ရောက်ရှိလာပြီး မိုင်းဖုန်းဆရာတော်အား ဖူးမြှော်ကြည်ညိုကြသည်။

 တရားတော်ဟောကြားတော်မူပြီးနောက်တွင် မိုင်းဖုန်းဆရာတော်သည် ညနေ (၅)နာရီခွဲတွင် အထူးဒေသ(၄)ရှိ ကျိန်းယဲန်းဒေသသို့ ကြွရောက်တော်မူကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်တောင်းရွာအနီးရှိ ဓာတ်လုံစေတီ ကျောင်းဝင်းတွင် ဧပြီလ(၃)ရက်နေ့က ရောက်ရှိကာ တရားတော်ဟောကြားမူပြီး တစ်ညကျိန်းစက် သီတင်းသုံးကာ ဧပြီလ(၄)ရက်နေ့တွင် မိုင်းယုမြို့သို့ ကြွရောက်တော်မူလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုကိုနိုင် ( MYu )
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::