ထိုင္းႏုိင္ငံတြင္ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေသဆုံးသြားသည့္ ျမန္မာႏုိင္ငံသား ၆ ဦးနာေရးအတြက္ အလုပ္သမားသံအရာရိွရံုးက ဦးစီးေဆာင္ရြက္ေပး

ထိုင္းႏုိင္ငံတြင္ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေသဆုံးသြားသည့္ ျမန္မာႏုိင္ငံသား ၆ ဦးနာေရးအတြက္ အလုပ္သမားသံအရာရိွရံုးက ဦးစီးေဆာင္ရြက္ေပး
ဧပြီ 12, 2018
By 🌸
ထိုင္းႏိုင္ငံ၊ ခ်ာ့ခ်င္ေဆာင္ၿမိဳ႕ရွိ ကြန္ပ်ဴတာပစၥည္းစက္ရုံတြင္ အလုပ္လုပ္ကိုင္မည့္ ျမန္မာႏုိင္ငံသားမ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈမွ ေသဆံုးသူ (၆)ဦးအား ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕၌ ဗုဒၶဘာသာထုံးတမ္း အစဥ္အလာအတိုင္း ဧၿပီလ (၁၂)ရက္ေန႔တြင္ သၿဂိဳဟ္ေပးလိုက္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏုိင္ငံသား အမ်ိဳးသမီး(၆)ဦး၏ ရုပ္အေလာင္းမ်ားကို မဲေဆာက္ၿမိဳ႕ရွိ ေဒါက္တာ စင္သီယာေမာင္ေဆးခန္း (Mae Tor) တြင္ ထားရွိၿပီး ထိုင္းစံေတာ္ခ်ိန္ နံနက္ (၈) နာရီမွစ၍ ဝပ္မုကထန္သုသာန္ႏွင့္ မယ္ေတာ္သုသာန္တို႔သို႔ ႏွစ္ေနရာခြဲ၍ ပို႕ေဆာင္သၿဂိဳဟ္ျခင္းကို ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ရိွ အလုပ္သမားသံအရာရွိရုံးကဦးေဆာင္ၿပီး သက္ဆိုင္ရာ ေအဂ်င္စီမ်ား၊ မေနာျဖဴစင္ နာေရးကူညီမႈအသင္းမွ အသင္းဝင္မ်ား၊ MoEAF မွာ တာဝန္ရွိသူမ်ား၊ မယ္ေတာ္ေဆးခန္း မွ တာဝန္ရွိသူမ်ားနွင့္အတူ ညွိႏႈိင္းပူးေပါင္းေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္သံဃာေတာ္မ်ား ပင့္ဖိတ္ေပးျခင္း၊ ေသဆုံးသူမ်ားအတြက္ ရည္စူး၍ မယ္ေတာ္ေဆးခန္းတြင္ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းေပးျခင္းမ်ားကို ေဆာင္ရြက္ေပးခဲ႔ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ၊ ခ်ာခ်င္ေဆာင္ၿမိဳ႕ ကြန္ပ်ဴတာစက္ရံုတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ မဲေဆာက္ၿမိဳ႕မွ ခ်ာ့ခ်င္ေဆာင္ၿမိဳ႕သို႔ ျမန္မာႏိုင္ငံသား အမ်ိဳးသမီး (၅၁) ဦးအား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္သည္ ဧၿပီလ (၉)ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ည(၈)နာရီ (၅၀)မိနစ္တြင္ ထြက္ခြာသြားၿပီး ည (၁၀)နာရီ (၅၀)မိနစ္အခ်ိန္ခန္႕၌ မိုင္တိုင္အမွတ္ (၆၈) အနီးတြင္ တိမ္းေမွာက္ခဲ့ျခင္းျဖစ္သည္။

ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသမီး (၆) ဦး ေသဆုံးခဲ႔ၿပီး တာ့ခ္ၿမိဳ႕ရွိ ေဆးရုံတြင္ အတြင္းလူနာအျဖစ္(၁၂) ဦးႏွင့္ ဒဏ္ရာအနည္းငယ္ရသူ (၆)ဦးရိွခဲ့ေသာ္လည္း ဧၿပီလ (၁၀)ရက္ေန႔တြင္ အတြင္းလူနာမ်ားအနက္ (၂)ဦးမွာ သက္သာလာသျဖင့္ ေဆးရံုမွဆင္းႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ျမန္မာႏုိင္ငံသားလုပ္သားမ်ား၏ နစ္နာမႈမ်ားအတြက္ ခံစားထိုက္ခြင့္ရိွသည္မ်ား ရရိွေရးကို အလုပ္သမားသံအရာရိွရံုးႏွင့္ ျမန္မာတာဝန္ရိွသူမ်ားက ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ပဲခူးတိုင္းေဒသႀကီးအတြင္းမွ ျဖဴးၿမိဳ႕နယ္ ေညာင္ကားယားေက်းရြာမွ မေအးၿငိမ္းသူ၊ လက္ပတန္းၿမိဳ႕နယ္ ကုလားေခ်ာင္းေက်းရြာမွ မဇင္ဇင္ႏုိင္၊ ေညာင္ေလးပင္ၿမိဳ႕နယ္ ပုဇြန္ေျမာင္းေက်းရြာမွ မဇင္မိုးဦး၊ မေကြးတုိင္းေဒသႀကီးအတြင္း ေအာင္လံၿမိဳ႕နယ္ ေရႊပန္းေတာ့ေက်းရြာမွ မလွလွမိုး၊ နတ္ေမာက္ၿမိဳ႕နယ္ ရြာေတာ္ေက်းရြာမွ မဇာႏွင့္ မႏၱေလးတုိင္းေဒသႀကီး ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ကၽြန္းတံုးရြာမွ မဇာျခည္ခုိင္တို႔ ေသဆံုးသြားေၾကာင္း သိရသည္။

သတင္း #အင္မုိင္ခ
ဓါတ္ပံု #အလုပ္သမားသံအရာရိွရံုး

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသည့် မြန်မာနိုင်ငံသား ၆ ဦးနာရေးအတွက် အလုပ်သမားသံအရာရှိရုံးက ဦးစီးဆောင်ရွက်ပေး
**************
ထိုင်းနိုင်ငံ၊ ချာ့ချင်ဆောင်မြို့ရှိ ကွန်ပျူတာပစ္စည်းစက်ရုံတွင် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် မော်တော်ယာဉ်တိမ်းမှောက်မှုမှ သေဆုံးသူ (၆)ဦးအား ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာအတိုင်း ဧပြီလ (၁၂)ရက်နေ့တွင် သဂြိုဟ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား အမျိုးသမီး(၆)ဦး၏ ရုပ်အလောင်းများကို မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင်ဆေးခန်း (Mae Tor) တွင် ထားရှိပြီး ထိုင်းစံတော်ချိန် နံနက် (၈) နာရီမှစ၍ ဝပ်မုကထန်သုသာန်နှင့် မယ်တော်သုသာန်တို့သို့ နှစ်နေရာခွဲ၍ ပို့ဆောင်သဂြိုဟ်ခြင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးကဦးဆောင်ပြီး သက်ဆိုင်ရာ အေဂျင်စီများ၊ မနောဖြူစင် နာရေးကူညီမှုအသင်းမှ အသင်းဝင်များ၊ MoEAF မှာ တာဝန်ရှိသူများ၊ မယ်တော်ဆေးခန်း မှ တာဝန်ရှိသူများနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်သံဃာတော်များ ပင့်ဖိတ်ပေးခြင်း၊ သေဆုံးသူများအတွက် ရည်စူး၍ မယ်တော်ဆေးခန်းတွင် အလှူငွေများ ပေးအပ်လှူဒါန်းပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့ ကွန်ပျူတာစက်ရုံတွင် အလုပ်လုပ်ကိုင်ရန်အတွက် မဲဆောက်မြို့မှ ချာ့ချင်ဆောင်မြို့သို့ မြန်မာနိုင်ငံသား အမျိုးသမီး (၅၁) ဦးအား တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ဧပြီလ (၉)ရက်နေ့ ဒေသစံတော်ချိန် ည(၈)နာရီ (၅၀)မိနစ်တွင် ထွက်ခွာသွားပြီး ည (၁၀)နာရီ (၅၀)မိနစ်အချိန်ခန့်၌ မိုင်တိုင်အမှတ် (၆၈) အနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသမီး (၆) ဦး သေဆုံးခဲ့ပြီး တာ့ခ်မြို့ရှိ ဆေးရုံတွင် အတွင်းလူနာအဖြစ်(၁၂) ဦးနှင့် ဒဏ်ရာအနည်းငယ်ရသူ (၆)ဦးရှိခဲ့သော်လည်း ဧပြီလ (၁၀)ရက်နေ့တွင် အတွင်းလူနာများအနက် (၂)ဦးမှာ သက်သာလာသဖြင့် ဆေးရုံမှဆင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားလုပ်သားများ၏ နစ်နာမှုများအတွက် ခံစားထိုက်ခွင့်ရှိသည်များ ရရှိရေးကို အလုပ်သမားသံအရာရှိရုံးနှင့် မြန်မာတာဝန်ရှိသူများက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဖြူးမြို့နယ် ညောင်ကားယားကျေးရွာမှ မအေးငြိမ်းသူ၊ လက်ပတန်းမြို့နယ် ကုလားချောင်းကျေးရွာမှ မဇင်ဇင်နိုင်၊ ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာမှ မဇင်မိုးဦး၊ မကွေးတိုင်းဒေသကြီးအတွင်း အောင်လံမြို့နယ် ရွှေပန်းတော့ကျေးရွာမှ မလှလှမိုး၊ နတ်မောက်မြို့နယ် ရွာတော်ကျေးရွာမှ မဇာနှင့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျွန်းတုံးရွာမှ မဇာခြည်ခိုင်တို့ သေဆုံးသွားကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ #အလုပ်သမားသံအရာရှိရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~