မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ က မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများသို့ လုပ်ငန်းသုံးယာဉ်များ ပံ့ပိုး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ က မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများသို့ လုပ်ငန်းသုံးယာဉ်များ ပံ့ပိုး
ဧပွီ 3, 2018
By Tachileik News Agency

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သော လုပ်ငန်းသုံးယာဉ်များကို မြို့နယ်စည် ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများသို့ ဧပြီလ(၃)ရက် နံနက်ပိုင်းတွင် လွှဲ ပြောင်းပေးအပ်ကြောင်း သိရသည်။

"တိုင်းဒေသကြီးအတွင်းက မြို့နယ်များမှာ အမှန်တကယ် လိုအပ်နေတဲ့ ဒေသဖွံ့ဖြိုးရေး၊ မြို့သန့်ရှင်း သာယာ သပ်ရပ်ရေးနဲ့ မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့ အနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကနေပြီးတော့ စည်ပင်သာယာရေးအဖွဲ့အတွက် ရေပုပ် စုပ်ယာဉ်နဲ့ အမှိုက်သိမ်းယာဉ်တွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့တွေအတွက် မီးသတ်ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဌာနဆိုင်ရာတွေ ဒေသဖွံ့ဖြိုးရေးကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းသုံးယာဉ်တွေကို ဝယ်ယူပေးအပ်တာဖြစ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြား သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အတွက် ကျပ်(၁၈၇၅) သိန်း တန်ဖိုးရှိ ရေပုပ်စုပ်ယာဉ် (၅)စီး၊ ကျပ်သိန်း(၇၂၀၀)တန်ဖိုးရှိ အလတ်စားအမှိုက်သိမ်းယာဉ် (၁၈)စီး၊ ကျပ်သိန်း(၂၇၀၀)တန်ဘိုးရှိ အမှိုက်သိမ်းယာဉ်ကြီး (၆)စီး၊၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တိုင်း ဒေသကြီး အစိုးရဘတ်ဂျက်မှ မြို့နယ်မီးသတ်တပ်ဖွဲ့များအတွက် ကျပ်သန်း(၉၀)တန်ဘိုးရှိ (၁၆၀၀)ဂါလံဆန့် မီးသတ်ရေသယ်ယာဉ်(၃)စီး၊ ကျပ်သန်း(၂၀၀)တန်ဖိုးရှိ လှေကားတင်မီးသတ်ယာဉ်(၁)စီး၊ ကျပ်သန်း (၁၅၀)တန်ဖိုးရှိ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကျပ်သန်း(၂၈၈.၃၂၀)တန်ဖိုးရှိ ရုံးသုံးစက်ကရိယာ ပစ္စည်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် ကျပ်သန်း(၉၂၀)တန်ဖိုးရှိ မီးငြှိမ်းသတ်ယာဉ် (၂၃)စီးကို ဝယ်ယူဖြည့်ဆည်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွဖြေင့် ဝယ်ယူခဲ့သော လုပ်ငန်းသုံးယာဉ်များကို မြို့နယ်စည် ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများသို့ ဧပြီလ(၃)ရက် နံနက်ပိုင်းတွင် လွှဲ ပြောင်းပေးအပ်ကြောင်း သိရသည်။

"တိုင်းဒေသကြီးအတွင်းက မြို့နယ်များမှာ အမှန်တကယ် လိုအပ်နေတဲ့ ဒေသဖွံ့ဖြိုးရေး၊ မြို့သန့်ရှင်း သာယာ သပ်ရပ်ရေးနဲ့ မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့ အနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကနပြေီးတော့ စည်ပင်သာယာရေးအဖွဲ့အတွက် ရေပုပ် စုပ်ယာဉ်နဲ့ အမှိုက်သိမ်းယာဉ်တွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့တွေအတွက် မီးသတ်ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဌာနဆိုင်ရာတွေ ဒေသဖွံ့ဖြိုးရေးကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းသုံးယာဉ်တွေကို ဝယ်ယူပေးအပ်တာဖြစ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြား သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အတွက် ကျပ်(၁၈၇၅) သိန်း တန်ဖိုးရှိ ရေပုပ်စုပ်ယာဉ် (၅)စီး၊ ကျပ်သိန်း(၇၂၀၀)တန်ဖိုးရှိ အလတ်စားအမှိုက်သိမ်းယာဉ် (၁၈)စီး၊ ကျပ်သိန်း(၂၇၀၀)တန်ဘိုးရှိ အမှိုက်သိမ်းယာဉ်ကြီး (၆)စီး၊၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တိုင်း ဒေသကြီး အစိုးရဘတ်ဂျက်မှ မြို့နယ်မီးသတ်တပ်ဖွဲ့များအတွက် ကျပ်သန်း(၉၀)တန်ဘိုးရှိ (၁၆၀၀)ဂါလံဆန့် မီးသတ်ရေသယ်ယာဉ်(၃)စီး၊ ကျပ်သန်း(၂၀၀)တန်ဖိုးရှိ လှေကားတင်မီးသတ်ယာဉ်(၁)စီး၊ ကျပ်သန်း (၁၅၀)တန်ဖိုးရှိ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကျပ်သန်း(၂၈၈.၃၂၀)တန်ဖိုးရှိ ရုံးသုံးစက်ကရိယာ ပစ္စည်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွဖြေင့် ကျပ်သန်း(၉၂၀)တန်ဖိုးရှိ မီးငြှိမ်းသတ်ယာဉ် (၂၃)စီးကို ဝယ်ယူဖြည့်ဆည်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီလိုဖြည့်ဆည်းပေးတဲ့အတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနဲ့ မီးငြှိမ်းသတ်ရေးစတဲ့ မီးဘေးလုံခြုံရေးကိစ္စတွေမှာ ပိုမိုပြီးတော့ စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးယာဉ်လည်းရရှိပြီဖြစ်လို့ လူကြောင့်ဖြစ်တဲ့ဘေးအန္တရာယ်၊ သဘာဝကြောင့်ဖြစ်ပေါ် လာမယ့် ဘေးအန္တရာယ်တွေကို ကာကွယ်တုန့်ပြန်ဖို့အတွက်လည်း အသင့်အနေအထားမှာ ရှိနေပါပြီ"ဟု မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်သည့်ယာဉ်များမှာ ပထမအသုတ်ရောက်ရှိလာသော ယာဉ်များဖြစ်၍ မှာယူထားပြီးဖြစ်သည့် ယာဉ်များ ထပ်မံရောက်ရှိလာပါက ဆက်လက် လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရပြီး ယင်းအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပညာရေးဌာန၊ သစ်တောဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တို့အတွက် လုပ်ငန်းသုံးမော်တော်ယာဉ်(၇)စီးတို့ကိုလည်း လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~