လားရိႈးခရိုင္အတြင္း ၂၀၁၈ သႀကၤန္ကာလ ယာဥ္မေတာ္တဆမႈ (၅)ခုျဖစ္ပြားၿပီး (၄)ဦးေသဆံုးခဲ့

လားရိႈးခရိုင္အတြင္း ၂၀၁၈ သႀကၤန္ကာလ ယာဥ္မေတာ္တဆမႈ (၅)ခုျဖစ္ပြားၿပီး (၄)ဦးေသဆံုးခဲ့
ဧပြီ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးခရိုင္အတြင္း ၂၀၁၈ သႀကၤန္ကာလ၌ ယာဥ္မေတာ္တဆမႈ( ၅) ခု ျဖစ္ပြားခဲ့ကာ ဒဏ္ရာရွိသူ (၁၁) ဦးႏွင့္ ေသဆံုးသူ (၄) ဦးရွိခဲ့ေၾကာင္း အမွတ္ (၁၁၉) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု လားရိႈးရံုးမွ သိရသည္။

“လားရိႈးခရိုင္တစ္ခုလံုးမွာ ဒီႏွစ္ သႀကၤန္ကာလအတြင္း ယာဥ္မေတာ္တဆမႈ (၅) ခုရွိခဲ့ပါတယ္။ ဒဏ္ရာရတာကေတာ့ က်ား (၈) ဦး၊ မ (၃) ဦးပါ၊ ေသဆံုးတာက က်ား (၃) ဦး၊ မ(၁) ဦးျဖစ္ပါတယ္ ” ဟု အမွတ္(၁၁၉)ယာဥ္ထိန္း ရဲတပ္ဖြဲ႔စု( လားရိႈး)မွ ဒုရဲမွဴးေက်ာ္ခိုင္ က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

လားရိႈးခရိုင္အတြင္း သႀကၤန္ကာလမ်ား၌ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့သည့္ အေရအတြက္မွာ ၂၀၁၃ ခုႏွစ္တြင္ (၁၀) ခု၊ ၂၀၁၄ ခုႏွစ္တြင္ (၁၂) ခု၊ ၂၀၁၅ ခုႏွစ္တြင္ (၅) ခု၊ ၂၀၁၆ ခုႏွစ္တြင္ (၇) ခု၊ ၂၀၁၇ ခုႏွစ္တြင္ (၃) ခုႏွင့္ ၂၀၁၈ ခုႏွစ္တြင္ (၅) ခုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယာဥ္မေတာ္ဆမႈ ေလ်ာ့က်ေစေရးႏွင့္ ယာဥ္စည္းကမ္းလမ္းစည္းကမ္း ပိုမိုလိုက္နာေစေရးတို႔အတြက္ ယခုႏွစ္ သႀကၤန္ကာလမတိုင္မီ ယာဥ္/လမ္း စည္းကမ္း ပညာေပးေဟာေျပာမႈမ်ားႏွင့္ ပညာေပး လုပ္ေဆာင္ခ်က္မ်ားကို ယခင္ထက္ပိုမိုလုပ္ကိုင္ထားခဲ့ေၾကာင္း  သိရသည္။

“ယာဥ္ထိန္းတပ္ဖြဲ႔အေနနဲ႔ အခုလက္ရွိလုပ္ေနတဲ့ အစီအစဥ္ေတြက ယာဥ္စည္းကမ္းလိုက္နာဖို႔၊ တစ္နည္းအား ျဖင့္ ႏိုင္ငံႀကီးသားပီသဖို႔၊ လားရႈိးၿမိဳ႕ရဲ႕ဂုဏ္ကိုေဆာင္ဖို႔နဲ႔ ေတာင္ႀကီးၿမိဳ႕လို စည္းကမ္းလိုက္နာလာေစဖို႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ယာဥ္တိုက္မႈျဖစ္တာက ယာဥ္စည္းကမ္း လမ္းစည္းကမ္း ခ်ိဳးေဖါက္လို႔ ျဖစ္တာ မ်ားတဲ့အတြက္ စည္းကမ္းလိုက္နာေစဖို႔ရာ ပိုၿပီး လုပ္ေဆာင္ေပးေနျခင္းျဖစ္ပါတယ္”ဟု ဒုရဲမွဴး ေက်ာ္ခိုင္ က ေျပာသည္။

လားရိႈးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမအနီး အဝိုင္းပတ္ေနရာတြင္ ျဖတ္သန္းသြားလာေနသည့္ ေမာ္ေတာ္ ဆိုင္ကယ္မ်ားအား စစ္ေဆးၿပီး ဆိုင္ကယ္စီး ဦးထုပ္၊ သံုးေယာက္စီးနင္းျခင္း၊ ဆူညံအိတ္ေဇာတပ္ဆင္ စီးနင္းျခင္းမ်ား မလုပ္ေဆာင္ရန္ အမွတ္ (၁၁၉)ယာဥ္ထိန္းရဲတပ္ဖြ႔ဲစုမွ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ားျဖင့္  မတ္လ (၂၃) ရက္ေန႔ နံနက္ပိုင္းမွ စတင္၍ သႀကၤန္ကာလအထိ ပညာေပး လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဆူညံအိတ္ေဇာ(ပါဝါအိတ္ေဇာ)  (၃၀၀)ကိုလည္း ပညာေပးကာလတြင္ ပညာေပး လဲလွယ္တပ္ဆင္ ေပးထားႏိုင္ၿပီး ၂၀၁၈ ခုႏွစ္အတြင္း ထူးျခားခ်က္မွာ လားရိႈးၿမိဳ႕တြင္း လမ္းပိုင္းျဖစ္သည့္ အထက ၃ (လားရိႈးႀကီး) မွ အမက ၂၅ ( နားမေခၚကားကြင္း) အၾကားလမ္းပိုင္းတြင္ ယာဥ္တိုက္မႈ လံုးဝမရွိခဲ့ေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်အတွင်း ၂၀၁၈ သင်္ကြန်ကာလ၌ ယာဉ်မတော်တဆမှု( ၅) ခု ဖြစ်ပွားခဲ့ကာ ဒဏ်ရာရှိသူ (၁၁) ဦးနှင့် သေဆုံးသူ (၄) ဦးရှိခဲ့ကြောင်း အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု လားရှိုးရုံးမှ သိရသည်။

“လားရှိုးခရိုင်တစ်ခုလုံးမှာ ဒီနှစ် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု (၅) ခုရှိခဲ့ပါတယ်။ ဒဏ်ရာရတာကတော့ ကျား (၈) ဦး၊ မ (၃) ဦးပါ၊ သေဆုံးတာက ကျား (၃) ဦး၊ မ(၁) ဦးဖြစ်ပါတယ် ” ဟု အမှတ်(၁၁၉)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု( လားရှိုး)မှ ဒုရဲမှူးကျော်ခိုင် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

လားရှိုးခရိုင်အတွင်း သင်္ကြန်ကာလများ၌ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့် အရေအတွက်မှာ ၂၀၁၃ ခုနှစ်တွင် (၁၀) ခု၊ ၂၀၁၄ ခုနှစ်တွင် (၁၂) ခု၊ ၂၀၁၅ ခုနှစ်တွင် (၅) ခု၊ ၂၀၁၆ ခုနှစ်တွင် (၇) ခု၊ ၂၀၁၇ ခုနှစ်တွင် (၃) ခုနှင့် ၂၀၁၈ ခုနှစ်တွင် (၅) ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်မတော်ဆမှု လျော့ကျစေရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပိုမိုလိုက်နာစေရေးတို့အတွက် ယခုနှစ် သင်္ကြန်ကာလမတိုင်မီ ယာဉ်/လမ်း စည်းကမ်း ပညာပေးဟောပြောမှုများနှင့် ပညာပေး လုပ်ဆောင်ချက်များကို ယခင်ထက်ပိုမိုလုပ်ကိုင်ထားခဲ့ကြောင်း သိရသည်။

“ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ အခုလက်ရှိလုပ်နေတဲ့ အစီအစဉ်တွေက ယာဉ်စည်းကမ်းလိုက်နာဖို့၊ တစ်နည်းအား ဖြင့် နိုင်ငံကြီးသားပီသဖို့၊ လားရှိုးမြို့ရဲ့ဂုဏ်ကိုဆောင်ဖို့နဲ့ တောင်ကြီးမြို့လို စည်းကမ်းလိုက်နာလာစေဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ယာဉ်တိုက်မှုဖြစ်တာက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်လို့ ဖြစ်တာ များတဲ့အတွက် စည်းကမ်းလိုက်နာစေဖို့ရာ ပိုပြီး လုပ်ဆောင်ပေးနခြေင်းဖြစ်ပါတယ်”ဟု ဒုရဲမှူး ကျော်ခိုင် က ပြောသည်။

လားရှိုးမြို့ မြို့တော်ခန်းမအနီး အဝိုင်းပတ်နေရာတွင် ဖြတ်သန်းသွားလာနေသည့် မော်တော် ဆိုင်ကယ်များအား စစ်ဆေးပြီး ဆိုင်ကယ်စီး ဦးထုပ်၊ သုံးယောက်စီးနင်းခြင်း၊ ဆူညံအိတ်ဇောတပ်ဆင် စီးနင်းခြင်းများ မလုပ်ဆောင်ရန် အမှတ် (၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များဖြင့် မတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သင်္ကြန်ကာလအထိ ပညာပေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆူညံအိတ်ဇော(ပါဝါအိတ်ဇော) (၃၀၀)ကိုလည်း ပညာပေးကာလတွင် ပညာပေး လဲလှယ်တပ်ဆင် ပေးထားနိုင်ပြီး ၂၀၁၈ ခုနှစ်အတွင်း ထူးခြားချက်မှာ လားရှိုးမြို့တွင်း လမ်းပိုင်းဖြစ်သည့် အထက ၃ (လားရှိုးကြီး) မှ အမက ၂၅ ( နားမခေါ်ကားကွင်း) အကြားလမ်းပိုင်းတွင် ယာဉ်တိုက်မှု လုံးဝမရှိခဲ့ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~