Update News

လားရိႈးတကၠသိုလ္ ေရရယူအသံုးျပဳေနသည့္ ေရအရင္းအျမစ္ေနရာအား ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈစီမံကိန္းဦးစီးဌာန ကြင္းဆင္းစစ္ေဆး


ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ကြန္ပ်ဴတာတကၠသိုလ္အတြက္ ေတာင္က်ေရမွ ေသာက္သံုးေရ ရယူေနရၿပီး ေႏြရာသီတြင္ ႏွစ္စဥ္ေရရွားပါးမႈႏွင့္ႀကံဳေနရသျဖင့္ ဆည္တစ္ခု တည္ေဆာက္ႏုိင္ေရးအတြက္ ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈစီမံကိန္းဦးစီးဌာနက ကြင္းဆင္းစစ္ေဆးေနေၾကာင္း သိရသည္။

“ႏွစ္ရွည္စီမံကိန္းနဲ႔ ဆည္တစ္ခုေဆာက္ၿပီး သဲႏံုးထုတ္တံခါးေတြထားၿပီး လုပ္မယ္ဆိုရင္ေတာ့ ပိုအက်ိဳး ရွိမယ္လို႔ ယူဆတယ္။ ႏွစ္မ်ိဳးရွိတာေပါ့ေနာ။  အခုလက္ရွိ ေရသြယ္ယူသံုးေနတဲ့ေရထြက္က သဲႏံုးတြကို ဆယ္ၿပီး ဒီတိုင္းပဲ ဆက္သံုးမယ္ဆို မိုးတြင္းမွာ ႏံုးထပ္က်လာရင္ ေရရတာျပန္နည္းသြားမယ္၊ အဲ့လို မဟုတ္ရင္ေတာ့ ဆည္တစ္ခု သပ္သပ္ ထပ္ေဆာက္ၿပီး ေရရွည္အတြက္ လုပ္ဖို႔ရွိပါတယ္။ ကြင္းဆင္းစစ္ေဆးတာေတာ့ လုပ္ၿပီးပါၿပီ ” ဟု ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈ စီမံကိန္းဦးစီးဌာနမွ ဒု-ၿမိဳ႕နယ္ဦးစီး အရာရွိ(ၿမိဳ႕ျပ) ဦးေအာင္မင္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြန္ပ်ဴတာတကၠသိုလ္တြင္ ေက်ာင္းသားဦးေရ (၃၇၀) ဝန္းက်င္ႏွင့္ ေက်ာင္းဝန္းအတြင္းေနထို္င္သည့္ ဝန္ထမ္းဦးေရ (၈၆) ဦးအတြက္ တကၠသိုလ္အနီးရွိ ေတာင္က်ေရထြက္တစ္ခုမွ ေရကိုသြယ္တန္းကာ ေရစုကန္၊ ေရစစ္ကန္တည္ထား၍ အသံုးျပဳေနျခင္းျဖစ္ရာ လက္ရိွတြင္ ေရမရေတာ့သျဖင့္ ဧၿပီလ (၅)ရက္ေန႔တြင္ ဆည္ေျမာင္းႏွင့္ ေရအသံုးခ်ေရးဦးစီးဌာနက သြားေရာက္စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

 “ေရက အရင္ကေတာ့ ေတာင္ေပၚက်တဲ့ေရကို စုၿပီးေတာ့ သံုးတာ။ ဂါလန္ ေလးေထာင္ေလာက္ဆ့ံတဲ့  ကန္နဲ႔စုၿပီးေတာ့ သံုးရတာ။ အခုေရမက်ေတာ့တဲ့အတြက္ ဝယ္ၿပီးသံုးေနရတယ္။ သံုးလေလာက္ေတာ့ရွိၿပီ။ ေရပူစမ္းတို႔ ၊ ရွန္ခိုက္တို႔ ကေန ေရကိုသယ္ၿပီး ဒီကဝန္ထမ္းေတြအတြက္ သံုးေနရတယ္ ” ဟု ကြန္ပ်ဴတာ တကၠသိုလ္ေက်ာင္းအုပ္ ေဒၚနန္းစိုးစိုးေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရွိတြင္ ကြင္းဆင္းစစ္ေဆးခ်က္အရ ေရထြက္တြင္ ဆည္တည္ေဆာက္ရန္ စီစဥ္မည္ျဖစ္ေၾကာင္း သိရၿပီး ေရအသံုးခ်မႈစီမံကိန္းဦးစီးဌာနကလည္း ေက်ာင္းဝန္းအတြင္း ေရတြင္း တူးေဖာ္ျခင္းလုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကွန်ပျူတာတက္ကသိုလ်အတွက် တောင်ကျရေမှ သောက်သုံးရေ ရယူနေရပြီး နွေရာသီတွင် နှစ်စဉ်ရေရှားပါးမှုနှင့်ကြုံနေရသဖြင့် ဆည်တစ်ခု တည်ဆောက်နိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံကိန်းဦးစီးဌာနက ကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။

“နှစ်ရှည်စီမံကိန်းနဲ့ ဆည်တစ်ခုဆောက်ပြီး သဲနုံးထုတ်တံခါးတွေထားပြီး လုပ်မယ်ဆိုရင်တော့ ပိုအကျိုး ရှိမယ်လို့ ယူဆတယ်။ နှစ်မျိုးရှိတာပေါ့နော။ အခုလက်ရှိ ရေသွယ်ယူသုံးနေတဲ့ရေထွက်က သဲနုံးတွကို ဆယ်ပြီး ဒီတိုင်းပဲ ဆက်သုံးမယ်ဆို မိုးတွင်းမှာ နုံးထပ်ကျလာရင် ရေရတာပြန်နည်းသွားမယ်၊ အဲ့လို မဟုတ်ရင်တော့ ဆည်တစ်ခု သပ်သပ် ထပ်ဆောက်ပြီး ရေရှည်အတွက် လုပ်ဖို့ရှိပါတယ်။ ကွင်းဆင်းစစ်ဆေးတာတော့ လုပ်ပြီးပါပြီ ” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံကိန်းဦးစီးဌာနမှ ဒု-မြို့နယ်ဦးစီး အရာရှိ(မြို့ပြ) ဦးအောင်မင်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းသားဦးရေ (၃၇၀) ဝန်းကျင်နှင့် ကျောင်းဝန်းအတွင်းနေထို်င်သည့် ဝန်ထမ်းဦးရေ (၈၆) ဦးအတွက် တက္ကသိုလ်အနီးရှိ တောင်ကျရေထွက်တစ်ခုမှ ရေကိုသွယ်တန်းကာ ရေစုကန်၊ ရေစစ်ကန်တည်ထား၍ အသုံးပြုနခြေင်းဖြစ်ရာ လက်ရှိတွင် ရေမရတော့သဖြင့် ဧပြီလ (၅)ရက်နေ့တွင် ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနက သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

 “ရေက အရင်ကတော့ တောင်ပေါ်ကျတဲ့ရေကို စုပြီးတော့ သုံးတာ။ ဂါလန် လေးထောင်လောက်ဆံ့တဲ့ ကန်နဲ့စုပြီးတော့ သုံးရတာ။ အခုရေမကျတော့တဲ့အတွက် ဝယ်ပြီးသုံးနေရတယ်။ သုံးလလောက်တော့ရှိပြီ။ ရေပူစမ်းတို့၊ ရှန်ခိုက်တို့ ကနေ ရေကိုသယ်ပြီး ဒီကဝန်ထမ်းတွေအတွက် သုံးနေရတယ် ” ဟု ကွန်ပျူတာ တက္ကသိုလ်ကျောင်းအုပ် ဒေါ်နန်းစိုးစိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ကွင်းဆင်းစစ်ဆေးချက်အရ ရေထွက်တွင် ဆည်တည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရပြီး ရေအသုံးချမှုစီမံကိန်းဦးစီးဌာနကလည်း ကျောင်းဝန်းအတွင်း ရေတွင်း တူးဖော်ခြင်းလုပ်ဆောင်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::