Update News

အားကစားရုံအတွင်း ဘတ်စကတ်ဘော ကစားနေသည့် လူငယ်အား ဓါးဖြင့်ဝင်ခုတ်သည့် လူငယ် (၆)ဦးကို ဖမ်းဆီး အမှုဖွင့်ထား



အဆိုပါ မိုးလုံလေလုံအားကစားရုံအတွင်း ကျောင်းသားလူငယ် (၁၅) ဦးခန့် ဘတ်စကက်ဘော ကစားနေကြစဉ် ညနေ (၃)နာရီဝန်းကျင်၌ ဆိုင်ကယ် နှစ်စီးနှင့် လူငယ် (၆) ဦး ရောက်လာပြီး ယင်းတို့အနက် တစ်ဦးက ဓါးဖြင့် လူငယ်တစ်ဦး၏ ဦးခေါင်းအား ဝင်ခုတ်ရာ ဓါးကျိုးသွားသဖြင့် ထွက်ပြေးစဉ် ပတ်ဝန်းကျင်က လူများက ဝိုင်းဝန်းဖမ်းဆီးသဖြင့် အသက် (၁၇)နှစ်အရွယ် စောထက်ပိုင်(ခ) ကုံးရှောက်ချန်၊ အသက် (၁၄)နှစ်အရွယ် ရင်ကော်ယုံတို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




ရဲတပ်ဖွဲ့က သက်သေခံဓါးနှင့်အတူ အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် လူငယ်(၆)ဦးလုံးကို ဖမ်းဆီးထားပြီး အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်ကြောင်းသိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့






~~~~~~~~⊰❂ unicode ~~~~~~~~



ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက် (၁၂) ရှိ မိုးလုံလေလုံအားကစားကွင်းတွင် ဧပြီလ (၈) ရက်နေ့ ညနေပိုင်းက ဘတ်စကက်ဘော ကစားနေသည့် (၇) တန်းကျောင်းသားတစ်ဦးအား ဓားဖြင့် ဝင်ခုတ်သည့် လူငယ်(၆)ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိထားပြီး အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ မိုးလုံလေလုံအားကစားရုံအတွင်း ကျောင်းသားလူငယ် (၁၅) ဦးခန့် ဘတ်စကက်ဘော ကစားနကြေစဉ် ညနေ (၃)နာရီဝန်းကျင်၌ ဆိုင်ကယ် နှစ်စီးနှင့် လူငယ် (၆) ဦး ရောက်လာပြီး ယင်းတို့အနက် တစ်ဦးက ဓားဖြင့် လူငယ်တစ်ဦး၏ ဦးခေါင်းအား ဝင်ခုတ်ရာ ဓားကျိုးသွားသဖြင့် ထွက်ပြေးစဉ် ပတ်ဝန်းကျင်က လူများက ဝိုင်းဝန်းဖမ်းဆီးသဖြင့် အသက် (၁၇)နှစ်အရွယ် စောထက်ပိုင်(ခ) ကုံးရှောက်ချန်၊ အသက် (၁၄)နှစ်အရွယ် ရင်ကော်ယုံတို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးရာ နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင် စောထက်ပိုင်(ခ)ကုံးရှောက်ချန်သည် ရင်ကော်ယုံ၊ အားဝေ(ခ)ရန်လင်းပိုင်၊ အိုက်ရှင်း၊ ကော်ယုံတို့နှင့် ဂိမ်းကစားနေစဉ် တွမ်မင်းလျန်နှင့် ကျိန်းတင်းဟောင်တို့ ရောက်လာပြီး ရန်သွားဖြစ်ရန် ခေါ်ဆောင်ခဲ့ပြီးနောက် သူငယ်ချင်းတစ်ဦးဖြစ်သူ ကျန်းကွေးထံ ဓားတစ်ချောင်းတောင်းရာ ကျန်းကွေးက ဓားကို ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အားကစားရုံသို့အရောက်တွင် လေးယောက်က အထဲသို့ဝင်သွားပြီး လူငယ်များ ဘတ်စကတ်ဘော ကစားရာ နေရာတွင် ကစားခုံ၌ ထိုင်ကြည့်နေသည့် လူငယ်တစ်ဦးအား စောထက်ပိုင်က ဓားဖြင့် ဦးခေါင်းအား ခုတ်လိုက်စဉ် တစ်ချက်ထိသွားပြီး ဓားကျိုးသွားသဖြင့် ထွက်ပြေးကြရာ ပတ်ဝန်းကျင်က ဝိုင်းဝန်းဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဓားခုတ်ခံရသူအား လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာဖြင့်ပို့ဆောင်ပေးထားပြီး ဒဏ်ရာများမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သက်သေခံဓားနှင့်အတူ အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် လူငယ်(၆)ဦးလုံးကို ဖမ်းဆီးထားပြီး အမှုဖွင့်စစ်ဆေးနခြေင်းဖြစ်ကြောင်းသိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ရဲတပ်ဖွဲ့
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::