လိြဳင္ေကာ္ ဝမ္ေငါ့ ေရတံခြန္လမ္းေပၚတြင္ ရြာသားအခ်ိဳ႕ သစ္တုံးမ်ားခ်၍ ေငြေၾကးေကာက္ခံမႈမ်ား႐ွိေန

လိြဳင္ေကာ္ ဝမ္ေငါ့ ေရတံခြန္လမ္းေပၚတြင္ ရြာသားအခ်ိဳ႕ သစ္တုံးမ်ားခ်၍ ေငြေၾကးေကာက္ခံမႈမ်ား႐ွိေန
ဧပြီ 16, 2018
By 🌸
ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕နယ္တြင္း႐ွိ အထင္ကရေရတံခြန္တစ္ခုျဖစ္ေသာ ဝမ္ေငါ့ေရတံခြန္ သြားရာလမ္းေပၚတြင္ ရြာသားအခ်ိဳ႕က သစ္တုံးမ်ားျဖင့္ ပိတ္ဆို႔ကာ သၾကၤန္ကာလအတြင္း လာေရာက္လည္ပတ္ေသာ ကားမ်ားအား ပိုက္ဆံေကာက္ခံမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

" ကြၽန္ေတာ္တို႔ကားေတြ သြားတဲ့ လမ္းေပၚမွာ သစ္လုံးခ်ၿပီး လမ္းပိတ္တယ္။ ၿပီးေတာ့ ပိုက္ဆံ ေတာင္းတယ္။ ျဖတ္သြားရင္ ပိုက္ဆံ ေပးရမယ္လို႔ေျပာတယ္။ ေရတံခြန္ ေရာက္ခါနီး ကားေတြရပ္နားရတဲ့ေနရာ မေရာက္ခင္လမ္းေပၚမွာ။ အသြားကားေတြေကာ အျပန္ကားေတြေကာ အကုန္ လိုက္ေတာင္းေနတာ။ ဒါကမျဖစ္သင့္ဘူးေလ။ ဘာမွမဆိုင္ဘူးေလ။ သူ႔အိမ္ေ႐ွ႕ျဖတ္တာလည္းမဟုတ္ဘူး။ ဒီလို လုပ္ေတာ့ အဲဒီမွာ႐ွိတဲ့ရြာလည္း သိကၡာက်တယ္။ ျပည္နယ္ပုံရိပ္လည္းထိခိုက္တယ္။ သြားလာရတဲ့ လူေတြလည္း အရမ္းစိတ္အေႏွာက္ယွက္ျဖစ္တယ္။ လမ္းက ရြာထဲကေနျဖတ္ၿပီးရင္ လယ္ကြက္ေတြၾကားထဲက ျဖတ္ရေတာ့ က်ဥ္းတယ္။ ေျမလမ္းပဲ ကားတစ္စီးပဲသြားလို႔ရတယ္။ လာတဲ့သူေတြက အရမ္းမ်ားေတာ့ လမ္းေတြပိတ္ကုန္တယ္။ သူတို႔ကလည္း အဲဒီလို လုပ္ေတာ့ပိုဆိုးတာေပါ့။ တခ်ိဳ႕ကားသမားေတြနဲ႔ဆို ပိုက္ဆံ လိုက္ေတာင္းတဲ့သူနဲ႔ ရန္ေတာင္ျဖစ္တယ္ " ဟု ေရတံခြန္သို႔ လာေရာက္လည္ပတ္သည့္ လိြဳင္ေကာ္ၿမိဳ႕မွ ကိုေက်ာ္က ေျပာသည္။

သႀကၤန္ကာလအတြင္း ဝမ္ေငါ့ေရတံခြန္သို႔ လာေရာက္လည္ပတ္သူမ်ားျပားလာခ်ိန္ ဧၿပီလ (၁၅)ရက္ေန႔မွစ၍ ေရတံခြန္အသြားလမ္းေပၚတြင္ သစ္တံုးခ်ကာ ကားမ်ား၊ဆိုင္ကယ္မ်ားအား ျဖတ္သန္းခ တစ္ေထာင္က်ပ္မွ ႏွစ္ေထာင္က်ပ္အထိ ေတာင္းယူေနျခင္းျဖစ္ေၾကာင္း သိရသည္။

" ဒီတိုင္းေတာင္းတာဆိုလည္း ေတာ္ေသးတယ္။ ခုက လမ္းအလယ္တည့္တည့္ႀကီးေပၚမွာ သစ္တုံးႀကီး လာခ်ထားၿပီး လိုက္ေတာင္းေနေတာ့ ဒါတရားဝင္လည္းမဟုတ္ဘူး။ ဒီလိုေတြျဖစ္ေနတာကို အစိုးရတာဝန္႐ွိသူေတြ ရြာတာဝန္႐ွိသူေတြ ကအေရးယူေပးရမယ္ ေျဖ႐ွင္းေပးပါ ။ ဒါကတကယ္မျဖစ္သင့္လို႔ပါ ကြၽန္ေတာ္နဲ႔ဆို ရန္ေတာင္ျဖစ္တယ္။ ကြၽန္ေတာ္တို႔ အသြားတုန္းက ေန႔လယ္ေလာက္က မ႐ွိေသးဘူး။ အျပန္ ညေနပိုင္းမွ အဲဒီလို လုပ္တာပဲ" ဟု လိြဳင္ေကာ္ၿမိဳ႕မွ လာေရာက္လည္ပတ္သူ ကိုၿဖိဳးကေျပာသည္။

ယင္းကဲ့သို႔ ေငြေၾကးေကာက္ခံေနမႈအား  လိြဳင္ေကာ္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒါက္တာေဒၚခင္စည္သူက သက္ဆုိင္ရာသို႔ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

" ကြၽန္မ လည္းအခုမွသိရတယ္။ ဒါလုံးဝမျဖစ္သင့္ဘူး မလုပ္ရဘူးေလ။ အဲဒီဖက္ဆို လယ္ကြက္ေတြ႐ွိလို႔ ခုခ်ိနိထိ လမ္းေတာင္ေသခ်ာ ေဖာက္ဖို႔ မလုပ္ရေသးဘူး ။ ကြၽန္မဒီကိစၥကို အစိုးရတာဝန္႐ွိသူေတြဆီ ေျပာေပးပါမယ္  " ဟု တာခ်ီလိတ္သတင္းေအေဂ်စီသို႔ေျပာသည္။ လိြဳင္ေကာ္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒါက္တာေဒၚခင္စည္သူက ေျပာသည္။

အဆိုပါလမ္းပိုင္းမွာ အၿပီးသတ္ေဖါက္လုပ္ႏုိင္ျခင္းမရိွေသးသျဖင့္ သႀကၤန္ကာလ အသြားအလာမ်ားခ်ိန္တြင္ ယာဥ္ေၾကာၾကပ္မႈမ်ားျဖစ္ေနစဥ္ လမ္းအား သစ္တံုးျဖင့္ပိတ္ဆို႔ ေငြေၾကးေတာင္းခံေနမႈေၾကာင့္ သြားလာသူမ်ား အေႏွာင့္အယွက္ျဖစ္ေနရေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော် ဝမ်ငေါ့ ရေတံခွန်လမ်းပေါ်တွင် ရွာသားအချို့ သစ်တုံးများချ၍ ငွေကြေးကောက်ခံမှုများရှိနေ
**********
ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင်းရှိ အထင်ကရရေတံခွန်တစ်ခုဖြစ်သော ဝမ်ငေါ့ရေတံခွန် သွားရာလမ်းပေါ်တွင် ရွာသားအချို့က သစ်တုံးများဖြင့် ပိတ်ဆို့ကာ သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်သော ကားများအား ပိုက်ဆံကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

" ကျွန်တော်တို့ကားတွေ သွားတဲ့ လမ်းပေါ်မှာ သစ်လုံးချပြီး လမ်းပိတ်တယ်။ ပြီးတော့ ပိုက်ဆံ တောင်းတယ်။ ဖြတ်သွားရင် ပိုက်ဆံ ပေးရမယ်လို့ပြောတယ်။ ရေတံခွန် ရောက်ခါနီး ကားတွေရပ်နားရတဲ့နေရာ မရောက်ခင်လမ်းပေါ်မှာ။ အသွားကားတွေကော အပြန်ကားတွေကော အကုန် လိုက်တောင်းနေတာ။ ဒါကမဖြစ်သင့်ဘူးလေ။ ဘာမှမဆိုင်ဘူးလေ။ သူ့အိမ်ရှေ့ဖြတ်တာလည်းမဟုတ်ဘူး။ ဒီလို လုပ်တော့ အဲဒီမှာရှိတဲ့ရွာလည်း သိက္ခာကျတယ်။ ပြည်နယ်ပုံရိပ်လည်းထိခိုက်တယ်။ သွားလာရတဲ့ လူတွေလည်း အရမ်းစိတ်အနှောက်ယှက်ဖြစ်တယ်။ လမ်းက ရွာထဲကနေဖြတ်ပြီးရင် လယ်ကွက်တွေကြားထဲက ဖြတ်ရတော့ ကျဉ်းတယ်။ မြေလမ်းပဲ ကားတစ်စီးပဲသွားလို့ရတယ်။ လာတဲ့သူတွေက အရမ်းများတော့ လမ်းတွေပိတ်ကုန်တယ်။ သူတို့ကလည်း အဲဒီလို လုပ်တော့ပိုဆိုးတာပေါ့။ တချို့ကားသမားတွေနဲ့ဆို ပိုက်ဆံ လိုက်တောင်းတဲ့သူနဲ့ ရန်တောင်ဖြစ်တယ် " ဟု ရေတံခွန်သို့ လာရောက်လည်ပတ်သည့် လွိုင်ကော်မြို့မှ ကိုကျော်က ပြောသည်။

သင်္ကြန်ကာလအတွင်း ဝမ်ငေါ့ရေတံခွန်သို့ လာရောက်လည်ပတ်သူများပြားလာချိန် ဧပြီလ (၁၅)ရက်နေ့မှစ၍ ရေတံခွန်အသွားလမ်းပေါ်တွင် သစ်တုံးချကာ ကားများ၊ဆိုင်ကယ်များအား ဖြတ်သန်းခ တစ်ထောင်ကျပ်မှ နှစ်ထောင်ကျပ်အထိ တောင်းယူနေခြင်းဖြစ်ကြောင်း သိရသည်။

" ဒီတိုင်းတောင်းတာဆိုလည်း တော်သေးတယ်။ ခုက လမ်းအလယ်တည့်တည့်ကြီးပေါ်မှာ သစ်တုံးကြီး လာချထားပြီး လိုက်တောင်းနေတော့ ဒါတရားဝင်လည်းမဟုတ်ဘူး။ ဒီလိုတွေဖြစ်နေတာကို အစိုးရတာဝန်ရှိသူတွေ ရွာတာဝန်ရှိသူတွေ ကအရေးယူပေးရမယ် ဖြေရှင်းပေးပါ ။ ဒါကတကယ်မဖြစ်သင့်လို့ပါ ကျွန်တော်နဲ့ဆို ရန်တောင်ဖြစ်တယ်။ ကျွန်တော်တို့ အသွားတုန်းက နေ့လယ်လောက်က မရှိသေးဘူး။ အပြန် ညနေပိုင်းမှ အဲဒီလို လုပ်တာပဲ" ဟု လွိုင်ကော်မြို့မှ လာရောက်လည်ပတ်သူ ကိုဖြိုးကပြောသည်။

ယင်းကဲ့သို့ ငွေကြေးကောက်ခံနေမှုအား  လွိုင်ကော်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူက သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

" ကျွန်မ လည်းအခုမှသိရတယ်။ ဒါလုံးဝမဖြစ်သင့်ဘူး မလုပ်ရဘူးလေ။ အဲဒီဖက်ဆို လယ်ကွက်တွေရှိလို့ ခုချိနိထိ လမ်းတောင်သေချာ ဖောက်ဖို့ မလုပ်ရသေးဘူး ။ ကျွန်မဒီကိစ္စကို အစိုးရတာဝန်ရှိသူတွေဆီ ပြောပေးပါမယ်  " ဟု တာချီလိတ်သတင်းအေဂျေစီသို့ပြောသည်။ လွိုင်ကော်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူက ပြောသည်။

အဆိုပါလမ်းပိုင်းမှာ အပြီးသတ်ဖေါက်လုပ်နိုင်ခြင်းမရှိသေးသဖြင့် သင်္ကြန်ကာလ အသွားအလာများချိန်တွင် ယာဉ်ကြောကြပ်မှုများဖြစ်နေစဉ် လမ်းအား သစ်တုံးဖြင့်ပိတ်ဆို့ ငွေကြေးတောင်းခံနေမှုကြောင့် သွားလာသူများ အနှောင့်အယှက်ဖြစ်နေရကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~