သႀကၤန္အႀကိဳေန႔တြင္ တာခ်ီလိတ္၌ မူးယစ္ေဆး၀ါးမ်ားဖမ္းဆီးရမိ

သႀကၤန္အႀကိဳေန႔တြင္ တာခ်ီလိတ္၌ မူးယစ္ေဆး၀ါးမ်ားဖမ္းဆီးရမိ
ဧပြီ 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္တြင္ အမ်ိဳးသားတစ္ဦးထံမွ စိတ္ၾကြ ေဆးျပားမ်ား ဖမ္းမိမႈႏွင့္ ဆက္စပ္၍ အမ်ိဳးသမီးတစ္ဦး၏ အတြင္းခံ အက်ႌႏွင့္ အတြင္းခံ ေဘာင္းဘီအတြင္း ဝွက္ထားသည့္ စိတ္ၾကြေဆးျပားမ်ားကို သႀကၤန္အႀကိဳ ဧၿပီလ (၁၃)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ဝမ္ေကာင္းရပ္ကြက္၊ ေက်ာက္ေတာင္သခ်ဳႋင္းကုန္းလမ္းေဘးရိွ ထမင္းဆုိင္တစ္ဆိုင္အနီးတြင္ ေတြ႔ရသည့္ ေဇာ္ေမာင္ေမာင္ ဆိုသူအား ေန႔လည္(၂)နာရီခြဲဝန္းက်င္က ရွာေဖြရာ ၎၏ေဘာင္းဘီရွည္အိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၁၈၈)ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ရဲတပ္ဖြဲ႕သည္ ေန႔လယ္ (၂)နာရီ (၃၅)မိနစ္ဝန္းက်င္တြင္ အနီးရိွ ထမင္းဆုိင္အား ဝင္ေရာက္ ရွာေဖြရာ ဆုိင္ရွင္ မသီတာ၏ အတြင္းခံ အက်ႌအတြင္းမွ စိတ္ၾကြေဆးျပား (၁၂၃)ျပား၊ အတြင္းခံ ေဘာင္းဘီအတြင္း ထည့္ထားသည့္ စိတ္ၾကြေဆးျပား(၁၀၀၀)ျပား စုစုေပါင္း စိတ္ၾကြေဆးျပား (၁၁၂၃)ျပားကို လည္းေကာင္း၊ ထိုင္းဘတ္ေငြေရာရာ (၃၀၀၀)အားလည္းေကာင္း သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားရာ ေဇာ္ေမာင္ေမာင္အား မယ(ပ)၂၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အရလည္းေကာင္း မသီတာအား မယ(ပ)၃၀/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)အရလည္းေကာင္းအမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွ ဆေးပြားများ ဖမ်းမိမှုနှင့် ဆက်စပ်၍ အမျိုးသမီးတစ်ဦး၏ အတွင်းခံ အင်္ကျီနှင့် အတွင်းခံ ဘောင်းဘီအတွင်း ဝှက်ထားသည့် စိတ်ကြွဆေးပြားများကို သင်္ကြန်အကြို ဧပြီလ (၁၃)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဝမ်ကောင်းရပ်ကွက်၊ ကျောက်တောင်သင်္ချိုင်းကုန်းလမ်းဘေးရှိ ထမင်းဆိုင်တစ်ဆိုင်အနီးတွင် တွေ့ရသည့် ဇော်မောင်မောင် ဆိုသူအား နေ့လည်(၂)နာရီခွဲဝန်းကျင်က ရှာဖွေရာ၎င်း၏ဘောင်းဘီရှည်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၁၈၈)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ရဲတပ်ဖွဲ့သည် နေ့လယ် (၂)နာရီ (၃၅)မိနစ်ဝန်းကျင်တွင် အနီးရှိ ထမင်းဆိုင်အား ဝင်ရောက် ရှာဖွေရာ ဆိုင်ရှင် မသီတာ၏ အတွင်းခံ အင်္ကျီအတွင်းမှ စိတ်ကြွဆေးပြား (၁၂၃)ပြား၊ အတွင်းခံ ဘောင်းဘီအတွင်း ထည့်ထားသည့် စိတ်ကြွဆေးပြား(၁၀၀၀)ပြား စုစုပေါင်း စိတ်ကြွဆေးပြား (၁၁၂၃)ပြားကို လည်းကောင်း၊ ထိုင်းဘတ်ငွေရောရာ (၃၀၀၀)အားလည်းကောင်း သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရာ ဇော်မောင်မောင်အား မယ(ပ)၂၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရလည်းကောင်း မသီတာအား မယ(ပ)၃၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)အရလည်းကောင်းအမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~