အင္းဒင္ေက်းရြာတြင္ ဘဂၤါလီ (၁၀)ဦး ေသဆံုးမႈျဖစ္စဥ္၌ ပါဝင္သည့္ တပ္မေတာ္မွ အရာရိွ၊ စစ္သည္ (၇)ဦးအား ျပစ္ဒဏ္မ်ား ခ်မွတ္

အင္းဒင္ေက်းရြာတြင္ ဘဂၤါလီ (၁၀)ဦး ေသဆံုးမႈျဖစ္စဥ္၌ ပါဝင္သည့္ တပ္မေတာ္မွ အရာရိွ၊ စစ္သည္ (၇)ဦးအား ျပစ္ဒဏ္မ်ား ခ်မွတ္
ဧပြီ 11, 2018
By Tachileik News Agency

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာအုပ္စု၊ ပဲ႐ံု(နတလ)ေက်းရြာ သုသာန္အနီး၌ ဖမ္းဆီးရမိ ဘဂၤါလီ (၁၀)ဦး ေသဆုံးမႈႏွင့္ ပတ္သက္၍ ျဖစ္စဥ္တြင္ ပါ၀င္ခဲ့သည့္ အရာရွိ၊ စစ္သည္မ်ားအား ျပစ္ဒဏ္မ်ား ခ်မွတ္လုိက္ေၾကာင္း ဧၿပီလ (၁၀)ရက္ေန႔တြင္ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးက ထုတ္ျပန္လုိက္သည္။

အဆိုပါ ဥပေဒမဲ့ ျပစ္မႈက်ဴးလြန္ခဲ့ၾကသူမ်ားအနက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၀င္မ်ားႏွင့္ အရပ္သားမ်ားအား သက္ဆိုင္ရာ ဥပေဒ၊ လုပ္ထုံးလုပ္နည္း၊ စည္းမ်ဥ္းမ်ားႏွင့္အညီ အေရးယူဆဲျဖစ္ၿပီး တပ္မေတာ္အက္ဥပေဒ၊ နည္းဥပေဒကို လိုက္နာရသည့္ တပ္မေတာ္မွ အရာရွိ၊ စစ္သည္ (၇) ဦးတို႔အား တပ္မေတာ္ အက္ဥပေဒ ပုဒ္မ(၇၁) နယ္ဘက္ျပစ္မႈ တစ္ရပ္ျဖစ္ေသာ လူသတ္မႈကို က်ဴးလြန္ရာတြင္ ပူးေပါင္းပါ၀င္ခဲ့ေၾကာင္း ေတြ႕ရွိရသျဖင့္ ျပစ္မႈက်ဴးလြန္သူ အရာရွိ (၄) ဦးအား ႐ႈတ္ခ်၍ အၿမဲတမ္း ထုတ္ပစ္ေစရန္ႏွင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္အား နယ္ဘက္ အက်ဥ္းေထာင္တြင္က်ခံေစရန္ ျပစ္ဒဏ္ခ်မွတ္ခဲ့ၿပီး အျခားအဆင့္ စစ္သည္ (၃) ဦးအား တပ္သား အဆင့္ေလ်ွာ့ခ်၍ အၿမဲတမ္းထုတ္ပစ္ရန္ႏွင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္အား နယ္ဘက္အက်ဥ္းေထာင္တြင္ က်ခံေစရန္ဟု ျပစ္ဒဏ္ အသီးသီး ခ်မွတ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအး၀င္း ဦးေဆာင္ေသာ စုံစမ္းစစ္ေဆးေရး အဖြဲ႕ျဖင့္ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ (၂၀) ရက္ေန႔မွ ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလ (၂) ရက္ေန႔အထိ တပ္မေတာ္မွ အရာရွိ၊ စစ္သည္ (၂၁) ဦး၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀င္ (၃) ဦး၊ အမွတ္(၈)လုံၿခံဳေရးတပ္ဖြဲ႕ခြဲမွ တပ္ဖြဲ႕၀င္ (၁၃) ဦး၊ ဌာနဆိုင္ရာ၀န္ထမ္း (၆) ဦးႏွင့္ အင္းဒင္ရြာသား (၆) ဦးတို႔ကို အေသးစိတ္ စိစစ္ စစ္ေဆးေမးျမန္းခဲ့ရာ ဥပေဒမဲ့ျပစ္မႈ က်ဴးလြန္ခဲ့သည္မွာမွန္ကန္ေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ တိုက္ရိုက္ ပါဝင္သူမ်ားႏွင့္ ကြပ္ကဲရန္ တာဝန္ရိွသူမ်ားကို အေရးယူ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက ဇန္နဝါရီလ (၁၀)ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားခဲ့ျခင္းျဖစ္သည္။

အင္းဒင္ေက်းရြာ သုသာန္၌ အမည္မသိ႐ုပ္အေလာင္းမ်ားေတြ႕ရွိမႈျဖစ္စဥ္တြင္ အင္းဒင္ေက်းရြာမွ ရြာသားအခ်ဳိ႕ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဘဂၤါလီအၾကမ္းဖက္သမား (၁၀) ဦးကို သတ္ျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ၀န္ခံထြက္ဆုိခဲ့သျဖင့္ ပါဝင္ပတ္သက္သည့္ ရြာသားမ်ားႏွင့္ ထိေတြ႕တုိက္ခိုက္မႈ စည္းမ်ဥ္း မ်ားအား ခ်ိဳးေဖာက္ခဲ့ေသာ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားကို ဥပေဒႏွင့္အညီ အေရးယူ ေဆာင္ရြက္မည့္အျပင္ အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အထက္ဌာနအဆင့္ဆင့္သို႔ တင္ျပခဲ့ျခင္းမရွိေၾကာင္း ေတြ႕ရွိရသျဖင့္ ျဖစ္စဥ္တြင္ တုိက္႐ုိက္ပါ၀င္ပတ္သက္မႈမရွိေသာ္လည္း ကြပ္ကဲရန္တာ၀န္ရွိသူမ်ားကိုပါ လုိအပ္သလုိ ေဖာ္ထုတ္အေရးယူေဆာင္ရြက္သြားမည္ျဖစ္ကာ အေရးယူေဆာင္ရြက္ၿပီးစီးမႈအေျခအေနမ်ားကိုလည္း သတင္းထုတ္ျပန္သြားမည္ျဖစ္သည္ဟု ထုတ္ျပန္ထားခဲ့ျခင္းျဖစ္သည္။

အမည္မေဖာ္လုိသူတစ္ဦးက သတင္းပို႔တုိင္ၾကားလာမႈအေပၚ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား ပါ၀င္ ပတ္သက္ခဲ့မႈ ရွိ/မရွိ စစ္ေဆးရန္အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေအးဝင္း ဦးစီးသည့္ အဖြဲ႕၀င္ (၅) ဦးပါ၀င္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕သည္ အခင္းျဖစ္ပြားရာ နယ္ေျမေဒသသို႔ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ (၂၀) ရက္ေန႔တြင္ သြားေရာက္ၿပီး တပ္မေတာ္သား သက္ေသ (၂၁) ဦး၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀င္ (၃) ဦး၊ အမွတ္(၈) လုံၿခဳံေရးတပ္ဖြဲ႕ခြဲ မွ တပ္ဖြဲ႕၀င္ (၁၃) ဦး၊ အင္းဒင္ရြာသား (၆) ဦးႏွင့္ ဌာနဆုိင္ရာ၀န္ထမ္း (၆) ဦးတုိ႔ကို စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ အင္းဒင္ေက်းရြာအုပ္စုရိွ အင္းဒင္(ရခုိင္)ရြာ၊ ပဲ႐ုံ(နတလ)ရြာ ႏွစ္ရြာႏွင့္ ဘဂၤါလီရြာ သံုးရြာတို႔ရိွၿပီး၂၀၁၆ ခုနွစ္၊ ေအာက္တုိဘာလ (၉) ရက္ေန႔ တုိက္ခုိက္မႈျဖစ္ၿပီးေနာက္ ဘဂၤါလီမ်ားက တုိင္းရင္းသားရြာမ်ားအား ၿခိမ္းေျခာက္မႈမ်ားရိွခဲ့ကာ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ (၂၅) ရက္ေန႔တြင္ အင္းဒင္ေက်းရြာသား ဦးေမာင္နီအား ဘဂၤါလီအၾကမ္းဖက္သမားမ်ားက လယ္ေတာသုိ႔သြားစဥ္ ဝုိင္းဝန္းဖမ္းဆီး သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

အင္းဒင္ဘဂၤါလီေက်းရြာမွ ဘဂၤါလီမ်ားက ၾသဂုတ္လ (၂၅) ရက္ေန႔မွစ၍ အင္းဒင္တုိင္းရင္းသားရြာကို တုတ္၊ ဓားမ်ားကုိင္ေဆာင္ၿပီး အေဝးမွ ေန႔/ည  လူအုပ္ျဖင့္ ဝိုင္းဝန္းၿခိမ္းေျခာက္ျခင္း၊ ၎တို႔ရြာဘက္မွေန၍ အသံခ်ဲ႕စက္ျဖင့္ ၿခိမ္းေျခာက္ျခင္းမ်ားေၾကာင့္ တိုင္းရင္းသားရြာမွ ရြာသားမ်ားသည္ အင္းဒင္ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ စုစည္းေနထုိင္ကာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လံုၿခံဳေရးယူေပးခဲ့ရေၾကာင္း သိရသည္။

အင္းဒင္ေက်းရြာတြင္ လုံၿခဳံေရးေဆာင္ရြက္ေနေသာ လုံၿခံဳေရးတပ္ဖြဲ႕၀င္မ်ားသည္ စက္တင္ဘာလ (၁) ရက္ေန႔တြင္ ပင္လယ္ကမ္းစပ္ဘက္သို႔ နယ္ေျမရွင္းလင္းစဥ္ ဘဂၤါလီအၾကမ္းဖက္အင္အား (၂၀၀) ဦးခန္႔က တုတ္၊ ဓားမ်ား ကိုင္ေဆာင္ကာ ၀ုိင္းရံတုိက္ခိုက္ခဲ့သျဖင့္ ေသနတ္ မုိးေပၚေထာင္ေဖာက္၍ သတိေပး တားျမစ္ခဲ့ၿပီးေနာက္ ဘဂၤါလီမ်ားထြက္ေျပးသျဖင့္ လုိက္လံဖမ္းဆီးရာ ဘဂၤါလီအၾကမ္းဖက္သမား (၁၀) ဦးအား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္ဟု စစ္ေဆးေတြ႔ရိွရေၾကာင္း ထုတ္ျပန္သည္။

ဖမ္းဆီးရမိသူ (၁၀) ဦးအား လုပ္ထုံးလုပ္နည္းႏွင့္အညီ ရဲစခန္းသို႔ အပ္ႏွံရမည္ျဖစ္ေသာ္လည္း အင္းဒင္ နယ္ေျမရဲစခန္းရွိ ေမာ္ေတာ္ယာဥ္ႏွစ္စီးအား သေဘၤာေကြ႕ေက်းရြာတြင္ ဘဂၤါလီ အၾကမ္းဖက္ သမားမ်ားက မုိင္းဆြဲတုိက္ခိုက္မီး႐ႈိ႕ဖ်က္ဆီးခဲ့ျခင္း၊ ထုိအခ်ိန္ကာလ ၎နယ္ေျမ ၀န္းက်င္တစ္၀ုိက္၌ အၾကမ္းဖက္ တုိက္ခိုက္မႈမ်ား ဆက္တုိက္ျဖစ္ပြားလ်က္ရွိသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားသည္ နယ္ေျမ တည္ၿငိမ္ေအးခ်မ္းမႈ ထိန္းသိမ္းေရးအား ျဖန္႔ခြဲေဆာင္ရြက္ေနရသည့္အတြက္ ရဲစခန္းသို႔ လက္ဆင့္ကမ္း ပို႔ေဆာင္ႏုိင္သည့္ အေျခအေနမရွိျခင္းတုိ႔ေၾကာင့္ ၎တို႔အား သုသာန္သို႔ ေခၚေဆာင္သတ္ျဖတ္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္ဟု စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

၎ဘဂၤါလီ အၾကမ္းဖက္သမား (၁၀)ဦးအား စာသင္ေက်ာင္း၌ ဖမ္းဆီးထိန္းသိမ္းထားရာမွ စက္တင္ဘာလ(၂) ရက္ေန႔  နံနက္ (၈) နာရီတြင္ အင္းဒင္ေက်းရြာ ပဲ႐ုံသုသာန္သုိ႔ အင္းဒင္ရြာသားမ်ားက လမ္းျပကာ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက လုံၿခဳံေရးလုိက္ပါေဆာင္ရြက္ ေခၚေဆာင္သြားျပီး ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ သတ္ျဖတ္ျခင္းခံရသူ ဦးေမာင္နီ၏ သားမ်ားအပါအ၀င္ ရြာသား (၁၀) ဦးက ဓားႏွင့္ ေပါက္ျပားမ်ားကိုင္ေဆာင္၍ လိုက္ပါသြားခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသည္ဟု သိရသည္။

ပဲ႐ုံသုသာန္ ေတာင္ကုန္း ႏွစ္ခုၾကား လွ်ဳိအတြင္း က်င္းတူးကာ ဖမ္းဆီးထားသူ (၁၀) ဦးအား က်င္းအတြင္း ဆင္းေစကာ ရြာသားအခ်ိဳ႕က ဓားျဖင့္ခုတ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕၀င္ (၄) ဦးကလည္း ေသနတ္ျဖင့္ ၀င္ေရာက္ ပစ္ခတ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ လူသတ္မႈႏွင့္ပတ္သက္၍ အင္းဒင္နယ္ေျမရဲစခန္းတြင္ (ပ)၄၀/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/ ၃၄/ ၂၀၁ (လူသတ္မႈ/ ပူးေပါင္းႀကံစည္မႈ/ သက္ေသခံပစၥည္းေဖ်ာက္ဖ်က္မႈ)ျဖင့္ အမႈစံုစမ္း ေဆာင္ရြက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - #အင္မိုင္ခ
ဓာတ္ပံု - #တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး




~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအုပ်စု၊ ပဲရုံ(နတလ)ကျေးရွာ သုသာန်အနီး၌ ဖမ်းဆီးရမိ ဘင်္ဂါလီ (၁၀)ဦး သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အရာရှိ၊ စစ်သည်များအား ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း ဧပြီလ (၁၀)ရက်နေ့တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်လိုက်သည်။

အဆိုပါ ဥပဒေမဲ့ ပြစ်မှုကျူးလွန်ခဲ့ကြသူများအနက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ အရေးယူဆဲဖြစ်ပြီး တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေကို လိုက်နာရသည့် တပ်မတော်မှ အရာရှိ၊ စစ်သည် (၇) ဦးတို့အား တပ်မတော် အက်ဥပဒေ ပုဒ်မ(၇၁) နယ်ဘက်ပြစ်မှု တစ်ရပ်ဖြစ်သော လူသတ်မှုကို ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူ အရာရှိ (၄) ဦးအား ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်စေရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်အား နယ်ဘက် အကျဉ်းထောင်တွင်ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အခြားအဆင့် စစ်သည် (၃) ဦးအား တပ်သား အဆင့်လျှော့ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန်ဟု ပြစ်ဒဏ် အသီးသီး ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့အထိ တပ်မတော်မှ အရာရှိ၊ စစ်သည် (၂၁) ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၃) ဦး၊ အမှတ်(၈)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် (၁၃) ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၆) ဦးနှင့် အင်းဒင်ရွာသား (၆) ဦးတို့ကို အသေးစိတ် စိစစ် စစ်ဆေးမေးမြန်းခဲ့ရာ ဥပဒေမဲ့ပြစ်မှု ကျူးလွန်ခဲ့သည်မှာမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တိုက်ရိုက် ပါဝင်သူများနှင့် ကွပ်ကဲရန် တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

အင်းဒင်ကျေးရွာ သုသာန်၌ အမည်မသိရုပ်အလောင်းများတွေ့ရှိမှုဖြစ်စဉ်တွင် အင်းဒင်ကျေးရွာမှ ရွာသားအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီအကြမ်းဖက်သမား (၁၀) ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ပါဝင်ပတ်သက်သည့် ရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း များအား ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည့်အပြင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိသော်လည်း ကွပ်ကဲရန်တာဝန်ရှိသူများကိုပါ လိုအပ်သလို ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ အရေးယူဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်း သတင်းထုတ်ပြန်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသူတစ်ဦးက သတင်းပို့တိုင်ကြားလာမှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် ပတ်သက်ခဲ့မှု ရှိ/မရှိ စစ်ဆေးရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးသည့် အဖွဲ့ဝင် (၅) ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားရာ နယ်မြေဒေသသို့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် သွားရောက်ပြီး တပ်မတော်သား သက်သေ (၂၁) ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၃) ဦး၊ အမှတ်(၈) လုံခြုံရေးတပ်ဖွဲ့ခွဲ မှ တပ်ဖွဲ့ဝင် (၁၃) ဦး၊ အင်းဒင်ရွာသား (၆) ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၆) ဦးတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်များအရ အင်းဒင်ကျေးရွာအုပ်စုရှိ အင်းဒင်(ရခိုင်)ရွာ၊ ပဲရုံ(နတလ)ရွာ နှစ်ရွာနှင့် ဘင်္ဂါလီရွာ သုံးရွာတို့ရှိပြီး၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှုဖြစ်ပြီးနောက် ဘင်္ဂါလီများက တိုင်းရင်းသားရွာများအား ခြိမ်းခြောက်မှုများရှိခဲ့ကာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့တွင် အင်းဒင်ကျေးရွာသား ဦးမောင်နီအား ဘင်္ဂါလီအကြမ်းဖက်သမားများက လယ်တောသို့သွားစဉ် ဝိုင်းဝန်းဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အင်းဒင်ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီများက သြဂုတ်လ (၂၅) ရက်နေ့မှစ၍ အင်းဒင်တိုင်းရင်းသားရွာကို တုတ်၊ ဓားများကိုင်ဆောင်ပြီး အဝေးမှ နေ့/ည လူအုပ်ဖြင့် ဝိုင်းဝန်းခြိမ်းခြောက်ခြင်း၊၎င်းတို့ရွာဘက်မှနေ၍ အသံချဲ့စက်ဖြင့် ခြိမ်းခြောက်ခြင်းများကြောင့် တိုင်းရင်းသားရွာမှ ရွာသားများသည် အင်းဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စုစည်းနေထိုင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးယူပေးခဲ့ရကြောင်း သိရသည်။

အင်းဒင်ကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ (၁) ရက်နေ့တွင် ပင်လယ်ကမ်းစပ်ဘက်သို့ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီအကြမ်းဖက်အင်အား (၂၀၀) ဦးခန့်က တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဝိုင်းရံတိုက်ခိုက်ခဲ့သဖြင့် သေနတ် မိုးပေါ်ထောင်ဖောက်၍ သတိပေး တားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီများထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီအကြမ်းဖက်သမား (၁၀) ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူ (၁၀) ဦးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည်ဖြစ်သော်လည်း အင်းဒင် နယ်မြေရဲစခန်းရှိ မော်တော်ယာဉ်နှစ်စီးအား သင်္ဘောကွေ့ကျေးရွာတွင် ဘင်္ဂါလီ အကြမ်းဖက် သမားများက မိုင်းဆွဲတိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ထိုအချိန်ကာလ၎င်းနယ်မြေ ဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအား ဖြန့်ခွဲဆောင်ရွက်နေရသည့်အတွက် ရဲစခန်းသို့ လက်ဆင့်ကမ်း ပို့ဆောင်နိုင်သည့် အခြေအနေမရှိခြင်းတို့ကြောင့်၎င်းတို့အား သုသာန်သို့ ခေါ်ဆောင်သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

၎င်းဘင်္ဂါလီ အကြမ်းဖက်သမား (၁၀)ဦးအား စာသင်ကျောင်း၌ ဖမ်းဆီးထိန်းသိမ်းထားရာမှ စက်တင်ဘာလ(၂) ရက်နေ့ နံနက် (၈) နာရီတွင် အင်းဒင်ကျေးရွာ ပဲရုံသုသာန်သို့ အင်းဒင်ရွာသားများက လမ်းပြကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလိုက်ပါဆောင်ရွက် ခေါ်ဆောင်သွားပြီး ဘင်္ဂါလီအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံရသူ ဦးမောင်နီ၏ သားများအပါအဝင် ရွာသား (၁၀) ဦးက ဓားနှင့် ပေါက်ပြားများကိုင်ဆောင်၍ လိုက်ပါသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

ပဲရုံသုသာန် တောင်ကုန်း နှစ်ခုကြား လျှိုအတွင်း ကျင်းတူးကာ ဖမ်းဆီးထားသူ (၁၀) ဦးအား ကျင်းအတွင်း ဆင်းစေကာ ရွာသားအချို့က ဓားဖြင့်ခုတ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၄) ဦးကလည်း သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ အင်းဒင်နယ်မြေရဲစခန်းတွင် (ပ)၄၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၄/ ၂၀၁ (လူသတ်မှု/ ပူးပေါင်းကြံစည်မှု/ သက်သေခံပစ္စည်းဖျောက်ဖျက်မှု)ဖြင့် အမှုစုံစမ်း ဆောင်ရွက်နခြေင်း ဖြစ်ကြောင်း သိရသည်။

သတင်း - #အင်မိုင်ခ
ဓာတ်ပုံ - #တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~