ကယားျပည္နယ္တြင္း ႏုိင္ငံသားစိစစ္ေရးကတ္ အခမဲ့ကြင္းဆင္းေဆာင္ရြက္ျခင္း ရက္ ၁၀၀ စီမံခ်က္ကို ႏွစ္ႏွစ္ၾကာသည္အထိ ဆက္လက္လုပ္ေဆာင္ေပးေန

ကယားျပည္နယ္တြင္း ႏုိင္ငံသားစိစစ္ေရးကတ္ အခမဲ့ကြင္းဆင္းေဆာင္ရြက္ျခင္း ရက္ ၁၀၀ စီမံခ်က္ကို ႏွစ္ႏွစ္ၾကာသည္အထိ ဆက္လက္လုပ္ေဆာင္ေပးေန
ဧပြီ 10, 2018
By 🌸
ကယားျပည္နယ္အတြင္း ႏုိင္ငံသားစိစစ္ေရးကတ္ျပား ကြင္းဆင္းေဆာင္ရြက္ေပးသည့္လုပ္ငန္းကို အစိုးရသစ္၏ ရက္ (၁၀၀) စီမံခ်က္ကာလကတည္းက လုပ္ငန္းစဥ္ကို ဆက္လက္ေဆာင္ရြက္ေနရာ (၂) ႏွစ္တာ ကာလအတြင္း မွတ္ပုံတင္ (၁၂၈၉၄ )ခုႏွင့္ အိမ္ေထာင္စု စာရင္း(၁၃၇၇၈)ခုတုိ႔ကို ကြင္းဆင္း ဝန္ေဆာင္မႈ ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံအတြင္း ေနထုိင္ၾကသူမ်ားအတြက္ မွတ္ပုံတင္၊ အိမ္ေထာင္စု စာရင္းမ်ားသည္ မရွိမျဖစ္ လုိအပ္သည့္ အတြက္ ျပည္နယ္အစုိးရအဖြဲ႔အေနျဖင့္ အစုိးရသစ္ကာလအစတြင္ ေဖၚေဆာင္ခဲ့သည့္ ရက္ (၁၀၀) စီမံခ်က္ကို မရပ္တန္႔ဘဲ ျပည္နယ္တြင္း ဆက္လက္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး ဆက္လက္ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈက ေျပာသည္။

ကယားျပည္နယ္အတြင္း ရပ္ကြက္/ ေက်းရြာမ်ားအေရာက္ မွတ္ပံုတင္ႏွင့္ အိမ္ေထာင္စုစာရင္း ထုတ္ေပးျခင္းကို ကြင္းဆင္းေဆာင္ရြက္သည့္အဖြဲ႕ျဖင့္ ေဆာင္ရြက္ေပးေနၿပီး ကြင္းဆင္းေဆာင္ရြက္ေပးသည့္ ခရီးသြားလာစရိတ္၊ ဓါတ္ပုံဖုိး၊ ေသြးစစ္ခ၊ လုိအပ္ေသာ အေထာက္အထားမ်ား အတြက္ မိတၱဴကူးခ၊ ေလွ်ာက္လႊာဖုိး၊ ပလပ္စတစ္ ေလာင္းခ စသည့္ မည္သည့္စရိတ္ကိုမွ ျပည္သူမ်ားထံမွ ေကာက္ခံျခင္းမရိွေၾကာင္း သိရသည္။

 ယင္းကဲ့သို႔ အခမဲ့ကြင္းဆင္းေဆာင္ရြက္ေပးေနရာ ၂၀၁၆ -  ၂၀၁၇ ဘ႑ာႏွစ္တြင္ မွတ္ပုံတင္ (၇၄၄၆)ခု၊ အိမ္ေထာင္စုစာရင္း (၉၃၂၀)ခုကိုလည္းေကာင္း၊ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ မွတ္ပုံတင္(၅၄၄၈)ခု၊ အိမ္ေထာင္စုစာရင္း (၄၄၁၈) ခုကိုလည္းေကာင္း ေဆာင္ရြက္ေပးထားခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္နယ္အစိုးရအဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင်း နိုင်ငံသားစိစစ်ရေးကတ် အခမဲ့ကွင်းဆင်းဆောင်ရွက်ခြင်း ရက် ၁၀၀ စီမံချက်ကို နှစ်နှစ်ကြာသည်အထိ ဆက်လက်လုပ်ဆောင်ပေးနေ
***********
ကယားပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးသည့်လုပ်ငန်းကို အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ကာလကတည်းက လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နေရာ အစိုးရ (၂) နှစ်တာ ကာလအတွင်း မှတ်ပုံတင် (၁၂၈၉၄ )ခုနှင့် အိမ်ထောင်စု စာရင်း(၁၃၇၇၈)ခုတို့ကို ကွင်းဆင်း ဝန်ဆောင်မှု ပေးထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများအတွက် မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းများသည် မရှိမဖြစ် လိုအပ်သည့် အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အစိုးရသစ်ကာလအစတွင် ဖေါ်ဆောင်ခဲ့သည့် ရက် (၁၀၀) စီမံချက်ကို မရပ်တန့်ဘဲ ပြည်နယ်တွင်း ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

ကယားပြည်နယ်အတွင်း ရပ်ကွက်/ ကျေးရွာများအရောက် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်သည့်အဖွဲ့ဖြင့် ဆောင်ရွက်ပေးနေပြီး ကွင်းဆင်းဆောင်ရွက်ပေးသည့် ခရီးသွားလာစရိတ်၊ ဓါတ်ပုံဖိုး၊ သွေးစစ်ခ၊ လိုအပ်သော အထောက်အထားများ အတွက် မိတ္တူကူးခ၊ လျှောက်လွှာဖိုး၊ ပလပ်စတစ် လောင်းခ စသည့် မည်သည့်စရိတ်ကိုမှ ပြည်သူများထံမှ ကောက်ခံခြင်းမရှိကြောင်း သိရသည်။

 ယင်းကဲ့သို့ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးနေရာ ၂၀၁၆ -  ၂၀၁၇ ဘဏ္ဍာနှစ်တွင် မှတ်ပုံတင် (၇၄၄၆)ခု၊ အိမ်ထောင်စုစာရင်း (၉၃၂၀)ခုကိုလည်းကောင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် မှတ်ပုံတင်(၅၄၄၈)ခု၊ အိမ်ထောင်စုစာရင်း (၄၄၁၈) ခုကိုလည်းကောင်း ဆောင်ရွက်ပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~