တာခ်ီလိတ္တြင္ ပထမဆံုးအျဖစ္ ျမန္မာ့သိုင္းၿပိဳင္ပြဲ စတင္ က်င္းပ

တာခ်ီလိတ္တြင္ ပထမဆံုးအျဖစ္ ျမန္မာ့သိုင္းၿပိဳင္ပြဲ စတင္ က်င္းပ
ဧပြီ 6, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ပထမဆံုးအေနျဖင့္ ျမန္မာ့သိုင္းၿပိဳင္ပြဲအား ဧၿပီလ(၆)ရက္ေန႔ ညေနပိုင္းက စတင္၍ တာေလာ့ေက်ာင္းအတြင္း၌ က်င္းပျပဳလုပ္သည္။

ၿမိဳ႕နယ္အားကစားႏွင့္ ကာယာပညာဦးစီးဌာန ႏွင့္ အင္းသားလူမႈကူညီေရးအသင္းတို႔ ပူးေပါင္း က်င္းပသည့္ ၂၀၁၈ခုႏွစ္၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ(ဖလား)၊ ပထမအႀကိမ္ ျမန္မာ့ သိုင္းၿပိဳင္ပြဲအား ပထမေန႔အျဖစ္ တာခ်ီလိတ္ၿမိဳ႕၊ တာေလာ့ရပ္ကြက္အတြင္းရွိ တာေလာ့ေက်ာင္းတြင္ ဧၿပီလ(၆)ရက္ေန႔ ညေနပိုင္းက စတင္က်င္းပခဲ့ၿပီး၊ ဆက္လက္၍ ၿပိဳင္ပြဲအား တာခ်ီလိတ္ခရိုင္ မိုးလံုေလလံု အားကစားခန္းမတြင္ ဧၿပီလ(၇)ရက္ေန႔ နံနက္(၉)နာရီမွ စတင္ကာ ညေနပိုင္းအထိ က်င္းပ သြားမည္ျဖစ္ၿပီး ဗိုလ္လုပြဲ ႏွင့္ ဆုေပးပြဲအား ဧၿပီလ(၈)ရက္ေန႔ နံနက္(၉)နာရီတြင္ အဆိုပါ ေနရာ၌ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲ၀င္ (၁၀၈)ဦးရွိၿပီး၊ က်န္စစ္သားအသင္း၊ ဗႏၶဳလအသင္း၊ ဘုရင့္ေနာင္အသင္း၊ အေလာင္းဘုရားအသင္း ဟူ၍ အုပ္စု(၄)စု ဖြဲ႔၍ ယွဥ္ၿပိဳင္ေစၿပီး ဗန္တိုလက္အတိုက္ ႏွင့္ ဓါးတစ္လက္အတိုက္ အမ်ဳိးအစားမ်ားျဖင့္ ယွဥ္ၿပိဳင္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင် ပထမဆုံးအနဖြေင့် မြန်မာ့သိုင်းပြိုင်ပွဲအား ဧပြီလ(၆)ရက်နေ့ ညနေပိုင်းက စတင်၍ တာလော့ကျောင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

မြို့နယ်အားကစားနှင့် ကာယာပညာဦးစီးဌာန နှင့် အင်းသားလူမှုကူညီရေးအသင်းတို့ ပူးပေါင်း ကျင်းပသည့် ၂၀၁၈ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ(ဖလား)၊ ပထမအကြိမ် မြန်မာ့ သိုင်းပြိုင်ပွဲအား ပထမနေ့အဖြစ် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်အတွင်းရှိ တာလော့ကျောင်းတွင် ဧပြီလ(၆)ရက်နေ့ ညနေပိုင်းက စတင်ကျင်းပခဲ့ပြီး၊ ဆက်လက်၍ ပြိုင်ပွဲအား တာချီလိတ်ခရိုင် မိုးလုံလေလုံ အားကစားခန်းမတွင် ဧပြီလ(၇)ရက်နေ့ နံနက်(၉)နာရီမှ စတင်ကာ ညနေပိုင်းအထိ ကျင်းပ သွားမည်ဖြစ်ပြီး ဗိုလ်လုပွဲ နှင့် ဆုပေးပွဲအား ဧပြီလ(၈)ရက်နေ့ နံနက်(၉)နာရီတွင် အဆိုပါ နေရာ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၀၈)ဦးရှိပြီး၊ ကျန်စစ်သားအသင်း၊ ဗန္ဓုလအသင်း၊ ဘုရင့်နောင်အသင်း၊ အလောင်းဘုရားအသင်း ဟူ၍ အုပ်စု(၄)စု ဖွဲ့၍ ယှဉ်ပြိုင်စပြေီး ဗန်တိုလက်အတိုက် နှင့် ဓားတစ်လက်အတိုက် အမျိုးအစားများဖြင့် ယှဉ်ပြိုင်ကြခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~