၂၀၁၇ ခုႏွစ္အတြင္း တစ္ႏုိင္ငံလံုးအတုိင္းအတာအရ မေကြးတိုင္းေဒသႀကီးတြင္ ရိွဳ႕မီးအမ်ားဆံုး ေလာင္ကြ်မ္း

၂၀၁၇ ခုႏွစ္အတြင္း တစ္ႏုိင္ငံလံုးအတုိင္းအတာအရ မေကြးတိုင္းေဒသႀကီးတြင္ ရိွဳ႕မီးအမ်ားဆံုး ေလာင္ကြ်မ္း
ဧပြီ 9, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးတြင္ ၂၀၁၇ ခုနွစ္အတြင္း ရိႈ႕မီး(၂၅)ႀကိမ္ ေလာင္ကၽြမ္းခဲ့သျဖင့္ တစ္ႏုိင္ငံလံုး အတုိင္းအတာျဖင့္ ရိႈ႕မီးေၾကာင့္ အမ်ားဆံုး မီးေလာင္မႈအေရအတြက္ျဖစ္ေၾကာင္း တုိင္းေဒသႀကီး မီးသတ္ဦးစီးဌာနမွ သိရသည္။

" အရင္နွစ္ေတြက ရိႈ႕မီးအႀကိမ္ေရ (၂၀) အထိသာ အမ်ားဆံုးျဖစ္ခဲ့ၿပီး ၂၀၁၇ ခုနွစ္မွာေတာ့ (၂၅)ႀကိမ္အထိ ရွိခဲ့တဲ့ အျပင္ တစ္နိုင္ငံလံုး အတိုင္းအတာနဲ႔ ဆိုရင္လည္း မေကြးတိုင္းက ရႈိ႕မီးေၾကာင့္ ေလာင္တဲ့အႀကိမ္ေရ အမ်ားဆံုးျဖစ္ခဲ့ပါတယ္" ဟု မေကြးတုိင္းေဒသႀကီး မီးသတ္ဦးစီးဌာန တုိင္းဦးစီးမွဴး ဦးေအာင္ဝင္းစိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတုိင္းေဒသႀကီးတြင္ ၂၀၁၇ ခုနွစ္အတြင္း ဇန္နဝါရီလ (၁) ရက္ေန႔မွ ဒီဇင္ဘာလ (၃၁) ရက္ေန႔အထိ မီးေလာင္မႈ (၁၄၆) ႀကိမ္ ျဖစ္ပြားခဲ့သည့္အနက္ (၂၅)ႀကိမ္မွာ ရႈိ႕မီးေၾကာင့္ျဖစ္ေၾကာင္း သိရသည္။

"ရႈိ႕မီးျဖစ္ပြားရတဲ့အေၾကာင္းအရင္းေတြက အမ်ားႀကီးရွိပါတယ္။ လင္မယားရန္ျဖစ္ၿပီးရႈိ႕တဲ့မီး၊ ကုမၸဏီဝန္ထမ္းက ကုမၸဏီကိုမေက်နပ္လုိ႔ ကုမၸဏီမွာရွိတဲ့ပစၥည္းေတြကို ရႈိ႕တဲ့မီး၊ သူမ်ား နွမ္းေထာင္ထားတာကို သြားခုိးတယ္။ မိလုိ႔ျပန္ေပးလုိက္ရတာကို မေက်မနပ္ျဖစ္ၿပီး အဲဒီနွမ္းေထာင္ေတြကုိ ရႈိ႕တဲ့မီး စသျဖင့္မိိ်ဳးစံုပါပဲ။ မေကြးတုိင္းအေနနဲ႔ကေတာ့ ေပါ့ဆမီးက (၅၈)ႀကိမ္ျဖစ္လို႔ မီးေလာင္မႈေတြရဲ႕ သံုးပံုနွစ္ပံု ေလာက္က လူေတြရဲ႕ေပါ့ဆမႈေၾကာင့္ ျဖစ္တယ္ဆုိတာေတြ႔ရပါတယ္" ဟု ညႊန္ၾကားေရးမွဴး ဦးေအာင္ဝင္းစိန္က ေျပာသည္။

၂၀၁၇- ၂၀၁၈ ဘ႑ာေရးႏွစ္တြင္ တိုင္းေဒသႀကီးအစိုးရအဖဲြ႔က ရွာေဖြကယ္ဆယ္ေရးယာဥ္၊ ေလွကားတင္ မီးသတ္ယာဥ္၊ ေရသယ္ယာဥ္မ်ားႏွင္႔ မီးသတ္ယာဥ္(၂၃)စီး ထပ္မံျဖည့္တင္းေပးထားေၾကာင္း သိရသည္။
မေကြးတိုင္းေဒသႀကီး၌ ၂၀၁၇ ခုနွစ္အတြင္း မီးဖိုမီး(၂၆)ႀကိမ္၊ လွ်ပ္စစ္မီး(၂၂)ႀကိမ္၊ ေပါ့ဆမီး(၅၈) ႀကိမ္၊ ေတာမီး(၁၃)ႀကိမ္၊ ရႈိ႕မီး(၂၅)ႀကိမ္ႏွင့္ အလိုေလ်ာက္မီး(၂)ႀကိမ္ ေလာင္ကၽြမ္းမႈျဖစ္ပြားသျဖင့္ လူ(၁၇)ဦး၊ တိရိစာၦန္ (၂၁)ေကာင္ ေသဆံုးခဲ့ေၾကာငး္ သိရသည္။

သတင္း - ဖီးနစ္




~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ရှို့မီး(၂၅)ကြိမ် လောင်ကျွမ်းခဲ့သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရှို့မီးကြောင့် အများဆုံး မီးလောင်မှုအရေအတွက်ဖြစ်ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

" အရင်နှစ်တွေက ရှို့မီးအကြိမ်ရေ (၂၀) အထိသာ အများဆုံးဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ (၂၅)ကြိမ်အထိ ရှိခဲ့တဲ့ အပြင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်လည်း မကွေးတိုင်းက ရှို့မီးကြောင့် လောင်တဲ့အကြိမ်ရေ အများဆုံးဖြစ်ခဲ့ပါတယ်" ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ မီးလောင်မှု (၁၄၆) ကြိမ် ဖြစ်ပွားခဲ့သည့်အနက် (၂၅)ကြိမ်မှာ ရှို့မီးကြောင့်ဖြစ်ကြောင်း သိရသည်။

"ရှို့မီးဖြစ်ပွားရတဲ့အကြောင်းအရင်းတွေက အများကြီးရှိပါတယ်။ လင်မယားရန်ဖြစ်ပြီးရှို့တဲ့မီး၊ ကုမ္ပဏီဝန်ထမ်းက ကုမ္ပဏီကိုမကျေနပ်လို့ ကုမ္ပဏီမှာရှိတဲ့ပစ္စည်းတွေကို ရှို့တဲ့မီး၊ သူများ နှမ်းထောင်ထားတာကို သွားခိုးတယ်။ မိလို့ပြန်ပေးလိုက်ရတာကို မကျေမနပ်ဖြစ်ပြီး အဲဒီနှမ်းထောင်တွေကို ရှို့တဲ့မီး စသဖြင့်မျိုးစုံပါပဲ။ မကွေးတိုင်းအနေနဲ့ကတော့ ပေါ့ဆမီးက (၅၈)ကြိမ်ဖြစ်လို့ မီးလောင်မှုတွေရဲ့ သုံးပုံနှစ်ပုံ လောက်က လူတွေရဲ့ပေါ့ဆမှုကြောင့် ဖြစ်တယ်ဆိုတာတွေ့ရပါတယ်" ဟု ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ပြောသည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ရှာဖွေကယ်ဆယ်ရေးယာဉ်၊ လှေကားတင် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်များနှင့် မီးသတ်ယာဉ်(၂၃)စီး ထပ်မံဖြည့်တင်းပေးထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၌ ၂၀၁၇ ခုနှစ်အတွင်း မီးဖိုမီး(၂၆)ကြိမ်၊ လျှပ်စစ်မီး(၂၂)ကြိမ်၊ ပေါ့ဆမီး(၅၈) ကြိမ်၊ တောမီး(၁၃)ကြိမ်၊ ရှို့မီး(၂၅)ကြိမ်နှင့် အလိုလျောက်မီး(၂)ကြိမ် လောင်ကျွမ်းမှုဖြစ်ပွားသဖြင့် လူ(၁၇)ဦး၊ တိရိစာ္ဆန် (၂၁)ကောင် သေဆုံးခဲ့ကြောငး် သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~