ေနျပည္ေတာ္ ငလိုက္စခန္းသာ ဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရးစခန္းတြင္ မတ္လအတြင္း ဧည့္အဝင္ စံခ်ိန္တင္ျမင့္တက္

ေနျပည္ေတာ္ ငလိုက္စခန္းသာ ဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရးစခန္းတြင္ မတ္လအတြင္း ဧည့္အဝင္ စံခ်ိန္တင္ျမင့္တက္
ဧပြီ 13, 2018
By Tachileik News Agency

ေနျပည္ေတာ္ေကာင္စီ ဥတၱရသီရိၿမိဳ႕နယ္ရွိ ျမန္မာ့သစ္လုပ္ငန္းမွ ဖြင့္လွစ္ထားသည့္ ငလိုက္စခန္းသာ ဆင္ထိန္းသိမ္း ေစာင့္ေရွာက္ေရးစခန္းတြင္ ၂၀၁၈ ခုႏွစ္ မတ္လအတြင္း လာေရာက္လည္ပတ္သူဦးေရ (၇၀၀၀) ေက်ာ္ျဖင့္ ဧည့္အဝင္ စံခ်ိန္တင္ျမင့္တက္သြားေၾကာင္း သိရသည္။

“ၿပီးခဲ့တဲ့မတ္လမွာ ျပည္တြင္းဧည့္သည္နဲ႔ ျပည္ပဧည့္သည္ဝင္ေရာက္မႈ စံခ်ိန္တင္အျမင့္ဆံုးျဖစ္ပါတယ္။ အဲဒီေရွ႕မွာက ဒီဇင္ဘာလမွာ ဧည့္သည္ဝင္ေရာက္မႈ ဒုတိယအမ်ားဆံုးျဖစ္ပါတယ္။ ရံုးပိတ္ရက္ေတြနဲ႔ ပိတ္ရက္ ရွည္ေတြမွာ ဧည့္သည္ဝင္ေရာက္မႈအမ်ားဆံုး ျဖစ္ပါတယ္” ဟု ငလိုက္စခန္းသာ ဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရး စခန္းမွ လက္ေထာက္မန္ေနဂ်ာ ဦးမင္းသက္ေဆြက တာခ်ီလိတ္သတင္း ေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ ဆင္စခန္းမွာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဥတၱရသီရိၿမိဳ႕နယ္၊ ရန္ကုန္-မႏၱေလးအျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ ၁၇၀/၀ မွ တစ္ဆင့္ ငလိုက္ႀကိဳးဝုိင္းအတြင္းသို႔ (၂) ဖာလံုခန္႔ကြာေဝးၿပီး ေန႔စဥ္ ဧည့္သည္မ်ား ဝင္ေရာက္မႈရွိေနေၾကာင္း သိရသည္။

ငလိုက္စခန္းသာ ဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရးစခန္းကို ျမန္မာ့သစ္လုပ္ငန္းဦးစီးဌာနက ၂၀၁၇ ခုႏွစ္ ေမလ(၈) ရက္ေန႔တြင္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ငလိုက္ႀကိဳးဝိုင္းအတြင္း ဧက (၂၀) အက်ယ္အဝန္းကို အသံုးျပဳထားျခင္းျဖစ္ကာ ဆင္စခန္းတြင္ စုစုေပါင္းဆင္ (၁၈) ေကာင္ရွိေၾကာင္း သိရသည္။

“ရံုးဖြင့္ရက္လိုမ်ိဳးမွာ ဧည့္သည္က နည္းပါးတတ္တဲ့အတြက္ ဆင္စီးဖို႔အတြက္ (၃) ေကာင္ပဲထားရွိပါတယ္။ ပိတ္ရက္ေတြလိုမွာေတာ့ စီးဖို႔ဆင္ (၅) ေကာင္အထိထားေပးပါတယ္။ အရြယ္မေရာက္ေသးတဲ့ အမိေနာက္လိုက္ (မိခင္ေနာက္လိုက္)ဆင္ေတြနဲ႔ သားေပါက္မိခင္ေတြကို စီးနင္းခြင့္မေပးထားပါဘူး ” ဟု လက္ေထာက္မန္ေနဂ်ာ ဦးမင္းသက္ေဆြက ေျပာသည္။

ငလိုက္စခန္းသာ ဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရးစခန္းတြင္ စုစုေပါင္း အရြယ္ေရာက္ၿပီး ဆင္ (၁၈) ေကာင္ႏွင့္ အရြယ္မေရာက္ေသးသည့္ အမိေနာက္လိုက္ဆင္ (၂) ေကာင္ရိွၿပီး ဆင္ထိန္း (၂၄) ဦးအပါအဝင္ ဝန္ထမ္း (၄၂) ဦး ရိွေၾကာင္း သိရသည္။

“ဆင္တေကာင္ကို ဆင္ထိန္းတစ္ေယာက္စီထားရွိပါတယ္။ ဆင္စီးၿပီးလည္ပတ္ဖို႔အတြက္က မနက္ (၈) နာရီကေန ေန႔လယ္ (၁၂) နာရီ၊ ညေန (၃) နာရီခြဲကေန (၅) နာရီခြဲအထိရွိပါတယ္။ ရာသီဥတု ပူျပင္းရင္ေတာ့ ဆင္ေတြ ပင္ပန္းမွာစိုးတဲ့အတြက္ အခ်ိန္နည္းေပးပါတယ္။ ဆင္စီးခက လူတစ္ဦးကို (၃၀၀၀) က်ပ္ ျဖစ္ပါတယ္” ဟု ဆင္ထိန္းတစ္ဦးက ေျပာသည္။

ဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရးစခန္းသို႔ ဝင္ေရာက္ပါက ဝင္ေၾကးအေနျဖင့္ လူတစ္ဦးလွ်င္ က်ပ္ (၁၀၀၀) သတ္မွတ္ထားၿပီး ဆင္စီး၍ လည္ပတ္ရန္အတြက္ လူတစ္ဦးလွ်င္ က်ပ္ (၃၀၀၀) သတ္မွတ္ထားကာ အဆိုပါ ေငြေၾကးမ်ားကို ႏိုင္ငံေတာ္အစိုးရထံသို႔ ျပန္လည္ေပးသြင္းျခင္းႏွင့္ ဆင္မ်ားအတြက္ ေကၽြးေမြး ေစာင့္ေရွာက္ရန္ ျပန္လည္အသံုးျပဳေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~


နပြေည်တော်ကောင်စီ ဥတ္တရသီရိမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားသည့် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းတွင် ၂၀၁၈ ခုနှစ် မတ်လအတွင်း လာရောက်လည်ပတ်သူဦးရေ (၇၀၀၀) ကျော်ဖြင့် ဧည့်အဝင် စံချိန်တင်မြင့်တက်သွားကြောင်း သိရသည်။

“ပြီးခဲ့တဲ့မတ်လမှာ ပြည်တွင်းဧည့်သည်နဲ့ ပြည်ပဧည့်သည်ဝင်ရောက်မှု စံချိန်တင်အမြင့်ဆုံးဖြစ်ပါတယ်။ အဲဒီရှေ့မှာက ဒီဇင်ဘာလမှာ ဧည့်သည်ဝင်ရောက်မှု ဒုတိယအများဆုံးဖြစ်ပါတယ်။ ရုံးပိတ်ရက်တွေနဲ့ ပိတ်ရက် ရှည်တွေမှာ ဧည့်သည်ဝင်ရောက်မှုအများဆုံး ဖြစ်ပါတယ်” ဟု ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှ လက်ထောက်မန်နေဂျာ ဦးမင်းသက်ဆွေက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆင်စခန်းမှာ နပြေည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၀/ဝ မှ တစ်ဆင့် ငလိုက်ကြိုးဝိုင်းအတွင်းသို့ (၂) ဖာလုံခန့်ကွာဝေးပြီး နေ့စဉ် ဧည့်သည်များ ဝင်ရောက်မှုရှိနေကြောင်း သိရသည်။

ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို မြန်မာ့သစ်လုပ်ငန်းဦးစီးဌာနက ၂၀၁၇ ခုနှစ် မေလ(၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ငလိုက်ကြိုးဝိုင်းအတွင်း ဧက (၂၀) အကျယ်အဝန်းကို အသုံးပြုထားခြင်းဖြစ်ကာ ဆင်စခန်းတွင် စုစုပေါင်းဆင် (၁၈) ကောင်ရှိကြောင်း သိရသည်။

“ရုံးဖွင့်ရက်လိုမျိုးမှာ ဧည့်သည်က နည်းပါးတတ်တဲ့အတွက် ဆင်စီးဖို့အတွက် (၃) ကောင်ပဲထားရှိပါတယ်။ ပိတ်ရက်တွေလိုမှာတော့ စီးဖို့ဆင် (၅) ကောင်အထိထားပေးပါတယ်။ အရွယ်မရောက်သေးတဲ့ အမိနောက်လိုက် (မိခင်နောက်လိုက်)ဆင်တွေနဲ့ သားပေါက်မိခင်တွေကို စီးနင်းခွင့်မပေးထားပါဘူး ” ဟု လက်ထောက်မန်နေဂျာ ဦးမင်းသက်ဆွေက ပြောသည်။

ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတွင် စုစုပေါင်း အရွယ်ရောက်ပြီး ဆင် (၁၈) ကောင်နှင့် အရွယ်မရောက်သေးသည့် အမိနောက်လိုက်ဆင် (၂) ကောင်ရှိပြီး ဆင်ထိန်း (၂၄) ဦးအပါအဝင် ဝန်ထမ်း (၄၂) ဦး ရှိကြောင်း သိရသည်။

“ဆင်တကောင်ကို ဆင်ထိန်းတစ်ယောက်စီထားရှိပါတယ်။ ဆင်စီးပြီးလည်ပတ်ဖို့အတွက်က မနက် (၈) နာရီကနေ နေ့လယ် (၁၂) နာရီ၊ ညနေ (၃) နာရီခွဲကနေ (၅) နာရီခွဲအထိရှိပါတယ်။ ရာသီဥတု ပူပြင်းရင်တော့ ဆင်တွေ ပင်ပန်းမှာစိုးတဲ့အတွက် အချိန်နည်းပေးပါတယ်။ ဆင်စီးခက လူတစ်ဦးကို (၃၀၀၀) ကျပ် ဖြစ်ပါတယ်” ဟု ဆင်ထိန်းတစ်ဦးက ပြောသည်။

ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ ဝင်ရောက်ပါက ဝင်ကြေးအနဖြေင့် လူတစ်ဦးလျှင် ကျပ် (၁၀၀၀) သတ်မှတ်ထားပြီး ဆင်စီး၍ လည်ပတ်ရန်အတွက် လူတစ်ဦးလျှင် ကျပ် (၃၀၀၀) သတ်မှတ်ထားကာ အဆိုပါ ငွေကြေးများကို နိုင်ငံတော်အစိုးရထံသို့ ပြန်လည်ပေးသွင်းခြင်းနှင့် ဆင်များအတွက် ကျွေးမွေး စောင့်ရှောက်ရန် ပြန်လည်အသုံးပြုနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~