စားသုံးသူအခွင့်အရေး ချိုးဖေါက်သည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို CICC သို့ တိုင်ကြားနိုင်ကြောင်း ကျိုင်းတုံတွင် အသိပညာပေး

စားသုံးသူအခွင့်အရေး ချိုးဖေါက်သည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို CICC သို့ တိုင်ကြားနိုင်ကြောင်း ကျိုင်းတုံတွင် အသိပညာပေး
ဧပွီ 7, 2018
By Tachileik News Agency
သင်္ကြန်ကာလအတွင်းသည် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် စားသုံးသူ အခွင့်အရေးအများဆုံး ချိုးဖေါက်လေ့ရှိသဖြင့် ဝန်ဆောင်မှု လုပ်ငန်းများက အခွင့်အရေးချိုးဖေါက်ခံရပါက တိုင်ကြားရန် အသိပညာပေး စာစောင်များ ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် သင်္ကြန်မတိုင်မီ ကာလများအတွင်း ဆောင်ရွက်နေကြောင်း သိရသည်။


သင်္ကြန်ကာလ အတွင်း ပိတ်ရက် ရှည်များကြောင့် ခရီးသွားသူများသည့် ကာလတွင် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများက ယာဉ်စီးနင်းခများ ပိုမို တောင်းခံခြင်း အပါအဝင် စားသုံးသူအခွင့်အရေး ချိုးဖေါက်မှုများ အများဆုံး လုပ်ဆောင်လေ့ရှိသဖြင့် ယင်းကဲ့သို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဌာနဝန်ထမ်းများက ကျိုင်းတုံမြို့ မြို့မဈေး၊ မိုင်းလားကားဂိတ်၊ ကျောက်တိုင်အဝိုင်းပတ်စသည့် လူစည်ကားရာ နေရာများတွင် ဗီနိုင်းပိုစတာများဖြင့် ကြေညာခြင်း၊ အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ကို ဧပြီလ (၅)ရက်နေ့ကလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မော်တော်ယာဉ်လိုင်းများ အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် စားသုံးသူများအပေါ် အခွင့်အရေး ချိုးဖေါက်မှုများအား ဖြေရှင်းပေးနိုင်ရန် အတွက် စားသုံးသူရေးရာဦးစီးဌာနရုံးရှိရာ ဒေသတိုင်းတွင် CICC ရုံးများကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး တိုင်ကြားမှုများအား ညှိနှိုင်းဆွေးနွေးပေးခြင်း၊ အရေးယူခြင်းများဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်



~~~~~~~~⊰❂ unicode ~~~~~~~~

သင်္ကြန်ကာလအတွင်းသည် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများအနဖြေင့် စားသုံးသူ အခွင့်အရေးအများဆုံး ချိုးဖောက်လေ့ရှိသဖြင့် ဝန်ဆောင်မှု လုပ်ငန်းများက အခွင့်အရေးချိုးဖောက်ခံရပါက တိုင်ကြားရန် အသိပညာပေး စာစောင်များ ဖြန့်ဝခြေင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် သင်္ကြန်မတိုင်မီ ကာလများအတွင်း ဆောင်ရွက်နေကြောင်း သိရသည်။

"ဒါက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခရီးသွားဝန်ဆောင်မှုတွေက အခွင့်အရေး ချိုးဖောက်တာတွေရှိရင် သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)တွေဆီကို တိုင်ကြားဖို့ တိုက်တွန်း ထားပြီးဖြစ်တဲ့အတွက် အားလုံးသိအောင် အသိပညာပေးစာစောင်တွေ ဖြန့်ဝေပေးတာတွေ လုပ်နေပါတယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်္ကြန်ကာလ အတွင်း ပိတ်ရက် ရှည်များကြောင့် ခရီးသွားသူများသည့် ကာလတွင် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများက ယာဉ်စီးနင်းခများ ပိုမို တောင်းခံခြင်း အပါအဝင် စားသုံးသူအခွင့်အရေး ချိုးဖောက်မှုများ အများဆုံး လုပ်ဆောင်လေ့ရှိသဖြင့် ယင်းကဲ့သို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဌာနဝန်ထမ်းများက ကျိုင်းတုံမြို့ မြို့မဈေး၊ မိုင်းလားကားဂိတ်၊ ကျောက်တိုင်အဝိုင်းပတ်စသည့် လူစည်ကားရာ နေရာများတွင် ဗီနိုင်းပိုစတာများဖြင့် ကြေညာခြင်း၊ အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝခြေင်းတို့ကို ဧပြီလ (၅)ရက်နေ့ကလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"သင်္ကြန်ကာလအတွင်းမှာ ခရီးသွားမယ့် ပြည်သူတွေအနေနဲ့ ယာဉ်လိုင်းတွေဘက်က သာမန်ထက် ယာဉ်စီးခ ပိုပေးရတာတွေ ဖြစ်ပေါ်ခဲ့ရင် ကျွန်တော်တို့ ဆီတိုင်ကြားလို့ရပါတယ်။ ပြီးခဲ့တဲ့နှစ် သင်္ကြန်တုန်းက တစ်နိုင်ငံလုံးမှာရှိတဲ့ စားသုံးသူရေးရာ ဦးစီးဌာနတွေမှာ ခရီးသည်တွေက ယာဉ်စီးခ ပိုပေး ရတာတွေ အပါအဝင် အများဆုံးတိုင်ကြားခဲ့တဲ့ အချက်(၅)ချက်ကို ဒီနှစ်မှာလည်း မဖြစ်ရအောင် သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တိုင်ကြားမှုတွေရှိလာရင် အရေးယူဖို့ ကျွန်တော်တို့ရဲ့ ရုံးချုပ်က ညွှန်ကြားထားပါတယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

မော်တော်ယာဉ်လိုင်းများ အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအနဖြေင့် စားသုံးသူများအပေါ် အခွင့်အရေး ချိုးဖောက်မှုများအား ဖြေရှင်းပေးနိုင်ရန် အတွက် စားသုံးသူရေးရာဦးစီးဌာနရုံးရှိရာ ဒေသတိုင်းတွင် CICC ရုံးများကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး တိုင်ကြားမှုများအား ညှိနှိုင်းဆွေးနွေးပေးခြင်း၊ အရေးယူခြင်းများဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - Cicc Kyaing Tong(FB)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~