ႏွစ္ဆန္းတစ္ရက္ေန႔အလြန္ တာခ်ီလိတ္တြင္ အမ်ဳိးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ

ႏွစ္ဆန္းတစ္ရက္ေန႔အလြန္ တာခ်ီလိတ္တြင္ အမ်ဳိးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
ဧပြီ 18, 2018
By Tachileik News Agency

ျမန္မာ - ထိုုင္းနယ္စပ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္တြင္ ဧၿပီလ (၁၈) ရက္ေန႔ နံနက္ (၁၁)နာရီခြဲဝန္းက်င္တြင္ ကုမၸဏီပိုင္ရွင္ တစ္ဦးအား ၎၏ ေနအိမ္ၿခံဝန္းအတြင္း ေသနတ္ျဖင့္ ပစ္သတ္ခံရၿပီး ေသဆံုးသြားေၾကာင္း သိရသည္။

မယ္ေခါင္ရပ္ကြက္ - ေတာေကာ့(တြင္း)သြား ပတ္လမ္းရိွ ေနအိမ္ၿခံဝန္း အဝင္ေပါက္ အနီးတြင္  နန္႔ယြန္းေစတနာ(မက္ဂၢနက္)ကုမၸဏီပိုင္ရွင္ျဖစ္သူ အသက္ (၃၅)ႏွစ္ ၀န္းက်င္ရွိ ဦးေယာဟန္အား ရင္ဘတ္တြင္ ေသနတ္ ဒဏ္ရာမ်ားျဖင့္ ပက္လက္လန္လဲက် ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ၿပီး ေသဆံုးသူ အနီးတြင္ USA – 9mm Luger အမ်ိဳးအစား က်ည္ခြံေလးခုကို ေတြ႔ရေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာ ေနရာသို႔ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ သြားေရာက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး အေလာင္းအား စစ္ေဆးမႈမ်ား ျပဳလုပ္ႏုိင္ရန္အတြက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း ႏွင့္ အခင္းျဖစ္စဥ္အား စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ဓါတ္ပံု  - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် ဧပြီလ (၁၈) ရက်နေ့ နံနက် (၁၁)နာရီခွဲဝန်းကျင်တွင် ကုမ္ပဏီပိုင်ရှင် တစ်ဦးအား၎င်း၏ နေအိမ်ခြံဝန်းအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

မယ်ခေါင်ရပ်ကွက် - တောကော့(တွင်း)သွား ပတ်လမ်းရှိ နေအိမ်ခြံဝန်း အဝင်ပေါက် အနီးတွင် နန့်ယွန်းစေတနာ(မက်ဂ္ဂနက်)ကုမ္ပဏီပိုင်ရှင်ဖြစ်သူ အသက် (၃၅)နှစ် ဝန်းကျင်ရှိ ဦးယောဟန်အား ရင်ဘတ်တွင် သေနတ် ဒဏ်ရာများဖြင့် ပက်လက်လန်လဲကျ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ပြီး သေဆုံးသူ အနီးတွင် USA – 9mm Luger အမျိုးအစား ကျည်ခွံလေးခုကို တွေ့ရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ပြီး အလောင်းအား စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း နှင့် အခင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~