ေတာလမ္းအတိုင္း ေျခလ်င္လမ္းေလွ်ာက္၀င္ေရာက္လာသည့္ ဘဂၤါလီ(၁၉)ဦး ဖမ္းဆီးရမိ

ေတာလမ္းအတိုင္း ေျခလ်င္လမ္းေလွ်ာက္၀င္ေရာက္လာသည့္ ဘဂၤါလီ(၁၉)ဦး ဖမ္းဆီးရမိ
ဧပြီ 4, 2018
By Tachileik News Agency

ရခိုင္ျပည္နယ္ဘက္မွ မင္းလွႏွင့္ငဖဲၿမိဳ႕နယ္အတြင္းသို႔ ေတာလမ္းအတိုင္း ေျခလ်င္လမ္းေလွ်ာက္ ၀င္ေရာက္လာသည့္ ဘဂၤါလီ(၁၉)ဦးအား ဖမ္းဆီးရမိေၾကာင္း ဂုတ္ႀကီးရဲကင္းစခန္းမွသိရသည္။

၂၀၁၈ခုႏွစ္ ဧၿပီလ(၃)ရက္ေန႔ နံနက္ပိုင္းင ငဖဲၿမိဳ႕နယ္၊ မင္းလြင္အုပ္စု၊ ေလာက္ပုလဲေက်းရြာ ႏွင့္ သစ္ဆိမ့္ပင္ ေက်းရြာအၾကားရွိ ေတာေတာင္မ်ားထဲတြင္ ရဲတပ္ဖြဲ႔ႏွင့္ ပူးေပါင္းအဖြဲ႔က ပိတ္ဆို႔ရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ လွ်ဳိအတြင္းမွ ဘဂၤါလီလူမ်ဳိး အမ်ဳိးသား(၁၁)ဦးႏွင့္ အမ်ဳိးသမီး(၂)ဦး အျပင္ မင္းလွၿမိဳ႕နယ္၊ သရက္ခ်ဥ္ရြာ အေရွ႕ဘက္(၂)မိုင္အကြာရွိ ေတာေတာင္ လွ်ဳိေျမာင္းအတြင္းမွ ဘဂၤါလီလူမ်ဳိး အမ်ဳိးသား(၆)ဦးအား ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

"မ်က္ေျခမျပတ္ေစာင့္ၾကည့္ေနတဲ့ၾကားက ဘဂၤါလီေတြ ခိုးဝင္လာမႈက ရိွေနတုန္းမို႔ ကြ်န္ေတာ္တို႔ ရဲတပ္ဖဲြ႔ ဝင္ေတြဟာ ျပည္သူေတြရဲ႕ပူးေပါင္းမႈကိုရယူၿပီး ေန႔မအား ညမနားနဲ႔ သတင္းရယူစံုစမ္းလွ်က္ရိွေနပါတယ္။ အခု ငဖဲၿမိဳ႕နယ္အတြင္းက ဘဂၤါလီ(၁၃)ဦးနဲ႔ မင္းလွၿမိဳ႕နယ္ထဲက (၆)ဦး စုစုေပါင္း (၁၉)ဦး ထပ္မံ ဖမ္းဆီးရမိခဲ႔တာပါ"ဟု ဂုတ္ႀကီးရဲကင္းစခန္းမွဴး ရဲအုပ္ေက်ာ္မ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဖမ္းဆီးရမိေသာဘဂၤါလီလူမ်ိဳးမ်ားအား ၿမိဳ႕နယ္လဝကအဖဲြ႔ႏွင္႔ပူးေပါင္း၍ ၁၉၄၉ခုနွစ္ ျမန္မာႏိုင္ငံအ တြင္း ေနထိုင္သူမ်ား မွတ္ပံုတင္ေရး အက္ဥပေဒ ပုဒ္မ ၆(၃)ျဖင့္ အေရးယူေဆာင္ရြက္ႏိုင္ရန္ စစ္ေဆးေဆာင္ရြက္ လွ်က္ ရိွေၾကာင္းသိရသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်ဘက်မှ မင်းလှနှင့်ငဖဲမြို့နယ်အတွင်းသို့ တောလမ်းအတိုင်း ခြေလျင်လမ်းလျှောက် ဝင်ရောက်လာသည့် ဘင်္ဂါလီ(၁၉)ဦးအား ဖမ်းဆီးရမိကြောင်း ဂုတ်ကြီးရဲကင်းစခန်းမှသိရသည်။

၂၀၁၈ခုနှစ် ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းင ငဖဲမြို့နယ်၊ မင်းလွင်အုပ်စု၊ လောက်ပုလဲကျေးရွာ နှင့် သစ်ဆိမ့်ပင် ကျေးရွာအကြားရှိ တောတောင်များထဲတွင် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ရာတွင် လျှိုအတွင်းမှ ဘင်္ဂါလီလူမျိုး အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၂)ဦး အပြင် မင်းလှမြို့နယ်၊ သရက်ချဉ်ရွာ အရှေ့ဘက်(၂)မိုင်အကွာရှိ တောတောင် လျှိုမြောင်းအတွင်းမှ ဘင်္ဂါလီလူမျိုး အမျိုးသား(၆)ဦးအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

"မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ကြားက ဘင်္ဂါလီတွေ ခိုးဝင်လာမှုက ရှိနေတုန်းမို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ ဝင်တွေဟာ ပြည်သူတွေရဲ့ပူးပေါင်းမှုကိုရယူပြီး နေ့မအား ညမနားနဲ့ သတင်းရယူစုံစမ်းလျှက်ရှိနေပါတယ်။ အခု ငဖဲမြို့နယ်အတွင်းက ဘင်္ဂါလီ(၁၃)ဦးနဲ့ မင်းလှမြို့နယ်ထဲက (၆)ဦး စုစုပေါင်း (၁၉)ဦး ထပ်မံ ဖမ်းဆီးရမိခဲ့တာပါ"ဟု ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးရမိသောဘင်္ဂါလီလူမျိုးများအား မြို့နယ်လဝကအဖွဲ့နှင့်ပူးပေါင်း၍ ၁၉၄၉ခုနှစ် မြန်မာနိုင်ငံအ တွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၃)ဖြင့် အရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးဆောင်ရွက် လျှက် ရှိကြောင်းသိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~