မိုင္းျဖတ္တြင္ တပ္သားတစ္ဦးမွ အမ်ိဳးသမီးတစ္ဦး၏ နားကိုျဖတ္၍ နားကပ္ယူေဆာင္

မိုင္းျဖတ္တြင္ တပ္သားတစ္ဦးမွ အမ်ိဳးသမီးတစ္ဦး၏ နားကိုျဖတ္၍ နားကပ္ယူေဆာင္
ဧပြီ 2, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းျဖတ္ၿမိဳ႕၊ ဝမ္ေဟြရပ္ကြက္၊ ရႈခင္းသာေဂါက္ကြင္းအနီးတြင္ ဧၿပီလ (၂)ရက္ေန႔က ေတာင္ယာမွျပန္လာသည့္ အသက္ (၇၀)ေက်ာ္အရြယ္ အမ်ိဳးသမီးတစ္ဦး၏ နားႏွစ္ဖက္မွ နားကပ္အား ဓါးျဖင့္လွီးျဖတ္ၿပီး နားကပ္တစ္ဖက္ ယူေဆာင္သြားသည့္ တပ္သားတစ္ဦးအား ရဲတပ္ဖြဲ႕က ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕ ဝမ္ေဟြရပ္ကြက္၊ ရႈခင္းသာေဂါက္ကြင္းအနီးတြင္ ေန႔လယ္ (၁၂)နာရီခြဲဝန္းက်င္က ေတာင္ယာမွ ျပန္လာသည့္ ေဒၚပါေကာင္းက လမ္းတြင္ေတြ႔ရသည့္ တပ္သားေနမ်ိဳးသူဆိုသူအား မိမိ၏ ေတာင္ယာတဲတြင္ လာေရာက္နားေနျခင္း မျပဳရန္ ေျပာဆိုရာမွ စကားမ်ားရန္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

တပ္သားေနမ်ိဳးသူက ေဒၚပါေကာင္းအား လည္ပင္းညႇစ္၍ ေဒၚပါေကာင္း၏ ေဘးလြယ္အိတ္မွ ဓါးျဖင့္ ဦးေခါင္းအား ထုရာ ေဒၚပါေကာင္းမွာ ေမ့လဲသြားစဥ္ လမ္းေဘးၿခံဳထဲသို႔ ဆြဲယူပစ္ခ်ထားခဲ့ၿပီး နားႏွစ္ဖက္မွ နားကပ္အား ဓါးျဖင့္ လွီးျဖတ္ကာ တစ္ဖက္အား ယူေဆာင္သြားကာ တစ္ဖက္ကို အနီးတြင္ ပစ္ခ်ထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အမွတ္(၁)တပ္မေတာ္ ေဆးရံုကုတင္(၁၀၀)မွ တပ္သား ေနမ်ိဳးသူအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄/၃၂၆ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့၊ ဝမ်ဟွေရပ်ကွက်၊ ရှုခင်းသာဂေါက်ကွင်းအနီးတွင် ဧပြီလ (၂)ရက်နေ့က တောင်ယာမှပြန်လာသည့် အသက် (၇၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး၏ နားနှစ်ဖက်မှ နားကပ်အား ဓားဖြင့်လှီးဖြတ်ပြီး နားကပ်တစ်ဖက် ယူဆောင်သွားသည့် တပ်သားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

မိုင်းဖြတ်မြို့ ဝမ်ဟွေရပ်ကွက်၊ ရှုခင်းသာဂေါက်ကွင်းအနီးတွင် နေ့လယ် (၁၂)နာရီခွဲဝန်းကျင်က တောင်ယာမှ ပြန်လာသည့် ဒေါ်ပါကောင်းက လမ်းတွင်တွေ့ရသည့် တပ်သားနေမျိုးသူဆိုသူအား မိမိ၏ တောင်ယာတဲတွင် လာရောက်နားနခြေင်း မပြုရန် ပြောဆိုရာမှ စကားများရန်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တပ်သားနေမျိုးသူက ဒေါ်ပါကောင်းအား လည်ပင်းညှစ်၍ ဒေါ်ပါကောင်း၏ ဘေးလွယ်အိတ်မှ ဓားဖြင့် ဦးခေါင်းအား ထုရာ ဒေါ်ပါကောင်းမှာ မေ့လဲသွားစဉ် လမ်းဘေးခြုံထဲသို့ ဆွဲယူပစ်ချထားခဲ့ပြီး နားနှစ်ဖက်မှ နားကပ်အား ဓားဖြင့် လှီးဖြတ်ကာ တစ်ဖက်အား ယူဆောင်သွားကာ တစ်ဖက်ကို အနီးတွင် ပစ်ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှတ်(၁)တပ်မတော် ဆေးရုံကုတင်(၁၀၀)မှ တပ်သား နေမျိုးသူအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၂၆ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~