စိတ္ၾကြေဆးျပားႏွစ္သိန္းနီးပါး သယ္လာသူႏွစ္ဦးႏွင့္ ဆက္စပ္သူ ေျခာက္ဦးကို တာခ်ီလိတ္ၿမိဳ႕မွ ဟိုတယ္တစ္ခုတြင္ ဖမ္းဆီးရမိ

စိတ္ၾကြေဆးျပားႏွစ္သိန္းနီးပါး သယ္လာသူႏွစ္ဦးႏွင့္ ဆက္စပ္သူ ေျခာက္ဦးကို တာခ်ီလိတ္ၿမိဳ႕မွ ဟိုတယ္တစ္ခုတြင္ ဖမ္းဆီးရမိ
ဧပြီ 12, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ဘက္မွ မိုင္းဆတ္ၿမိဳ႕နယ္ဘက္သို႔ စိတ္ၾကြေဆးျပား ႏွစ္သိန္းနီးပါး သယ္လာသူႏွစ္ဦးကို ဧၿပီလ (၁၁)ရက္ေန႔က ဖမ္းဆီးရမိၿပီးေနာက္  ၎တို႔ႏွင့္ဆက္စပ္သူ (၆)ဦးကုိ တာခ်ီလိတ္ၿမိဳ႕ရိွ ဟိုတယ္တစ္ခုတြင္ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ဧၿပီလ (၁၁)ရက္ေန႔ ညေန (၆)နာရီေက်ာ္တြင္ ယမ္းေခါင္ေက်းရြာမွ စန္းလုေက်းရြာသို႔သြားသည့္ေတာလမ္း၌ စိုင္းက်န္ဆာေမာင္းႏွင္ၿပီး ေက်ာ္ေဇာလုိက္ပါလာသည့္ Fortuner အမ်ိဳးအစား အနက္ေရာင္ေမာ္ေတာ္ယာဥ္အား စစ္ေဆးရွာေဖြရာ စိတ္ၾကြေဆးျပား (၁၉၈၀၀၀)ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္းသိရသည္။

ကြင္းဆက္တရားခံမ်ားကို ဆက္လက္ေဖၚထုတ္ရာ ည(၇)နာရီဝန္းက်င္တြင္ ဟိုတယ္တစ္ခုအား ဝင္ေရာက္ရွာေဖြရာ ဟိုတယ္စႀကၤန္တြင္ေတြ႔ရသည့္ စိုင္းေအာင္ျမင့္ႏွင့္ ဆာမလန္းတို႔ထံမွ စိတ္ၾကြေဆးျပား (၁၄၀)ျပားကိုလည္းေကာင္း၊ အဆိုပါ ဟိုတယ္တြင္ တည္းခိုေနသည့္ ထုိင္းႏုိင္ငံသား စဖာစစ္ဝိနာလန္ႏွင့္ ပါနန္တို႔ထံမွ စိတ္ၾကြေဆးျပား (၁၄၈)ျပားႏွင့္ စိိတ္ၾကြေဆးျပားရႈရာတြင္ အသံုးျပဳပစၥည္းမ်ား၊ စိုင္းႏြန္ႏွင့္ တင္မ်ိဳးျမင့္တို႔တည္းခိုေနသည့္ အခန္းမွ စိတ္ၾကြေဆးျပား (၁၈၀)ျပားႏွင့္ စိတ္ၾကြေဆးျပားအသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိသူ (၈)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားရာ စိတ္ၾကြေဆးျပား ႏွစ္သိန္းနီးပါး သယ္ေဆာင္လာသူမ်ားျဖစ္သည့္ စိုင္းက်န္ဆာႏွင့္ ေက်ာ္ေဇာတို႔အား မယ(ပ) ၂၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရလည္းေကာင္း၊ စိတ္ၾကြေဆးျပား (၁၄၈)ျပားႏွင့္အတူ ဖမ္းဆီးရမိသည့္ ထုိင္းႏုိင္ငံသား စဖာစစ္ဝိနာလန္ႏွင့္ ပါနန္တို႔အား မယ(ပ)၂၆/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁အရလည္းေကာင္း၊ စိတ္ၾကြေဆးျပား (၁၄၀)ျပားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းေအာင္ျမင့္ႏွင့္ ဆာမလန္းတို႔အား မယ(ပ)၂၇/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁အရလည္းေကာင္း၊ စိတ္ၾကြေဆးျပား (၁၈၀)ျပားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းႏြန္ႏွင့္ တင္မ်ိဳးျမင့္(ခ)သားႀကီးတို႔အား မယ(ပ) ၂၈/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁အရလည္းေကာင္း အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
စိတ်ကြွဆေးပြားနှစ်သိန်းနီးပါး သယ်လာသူနှစ်ဦးနှင့် ဆက်စပ်သူ ခြောက်ဦးကို တာချီလိတ်မြို့မှ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ဘက်မှ မိုင်းဆတ်မြို့နယ်ဘက်သို့ စိတ်ကြွဆေးပြား နှစ်သိန်းနီးပါး သယ်လာသူနှစ်ဦးကို ဧပြီလ (၁၁)ရက်နေ့က ဖမ်းဆီးရမိပြီးနောက်  ၎င်းတို့နှင့်ဆက်စပ်သူ (၆)ဦးကို တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဧပြီလ (၁၁)ရက်နေ့ ညနေ (၆)နာရီကျော်တွင် ယမ်းခေါင်ကျေးရွာမှ စန်းလုကျေးရွာသို့သွားသည့်တောလမ်း၌ စိုင်းကျန်ဆာမောင်းနှင်ပြီး ကျော်ဇောလိုက်ပါလာသည့် Fortuner အမျိုးအစား အနက်ရောင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား (၁၉၈၀၀၀)ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။

ကွင်းဆက်တရားခံများကို ဆက်လက်ဖေါ်ထုတ်ရာ ည(၇)နာရီဝန်းကျင်တွင် ဟိုတယ်တစ်ခုအား ဝင်ရောက်ရှာဖွေရာ ဟိုတယ်စင်္ကြန်တွင်တွေ့ရသည့် စိုင်းအောင်မြင့်နှင့် ဆာမလန်းတို့ထံမှ စိတ်ကြွဆေးပြား (၁၄၀)ပြားကိုလည်းကောင်း၊ အဆိုပါ ဟိုတယ်တွင် တည်းခိုနေသည့် ထိုင်းနိုင်ငံသား စဖာစစ်ဝိနာလန်နှင့် ပါနန်တို့ထံမှ စိတ်ကြွဆေးပြား (၁၄၈)ပြားနှင့် စိိတ်ကြွဆေးပြားရှုရာတွင် အသုံးပြုပစ္စည်းများ၊ စိုင်းနွန်နှင့် တင်မျိုးမြင့်တို့တည်းခိုနေသည့် အခန်းမှ စိတ်ကြွဆေးပြား (၁၈၀)ပြားနှင့် စိတ်ကြွဆေးပြားအသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ (၈)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားရာ စိတ်ကြွဆေးပြား နှစ်သိန်းနီးပါး သယ်ဆောင်လာသူများဖြစ်သည့် စိုင်းကျန်ဆာနှင့် ကျော်ဇောတို့အား မယ(ပ) ၂၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရလည်းကောင်း၊ စိတ်ကြွဆေးပြား (၁၄၈)ပြားနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား စဖာစစ်ဝိနာလန်နှင့် ပါနန်တို့အား မယ(ပ)၂၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အရလည်းကောင်း၊ စိတ်ကြွဆေးပြား (၁၄၀)ပြားနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းအောင်မြင့်နှင့် ဆာမလန်းတို့အား မယ(ပ)၂၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အရလည်းကောင်း၊ စိတ်ကြွဆေးပြား (၁၈၀)ပြားနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းနွန်နှင့် တင်မျိုးမြင့်(ခ)သားကြီးတို့အား မယ(ပ) ၂၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အရလည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~