တာခ်ီလိတ္ၿမိဳ႕နယ္ မယ္လိပါေကာ္ရြာတြင္ စိုက္ပ်ိဳးပညာေပး၊ အာခါဘာသာျဖင့္ လက္ကမ္းစာေစာင္ျဖန္႔ေဝ

တာခ်ီလိတ္ၿမိဳ႕နယ္ မယ္လိပါေကာ္ရြာတြင္ စိုက္ပ်ိဳးပညာေပး၊ အာခါဘာသာျဖင့္ လက္ကမ္းစာေစာင္ျဖန္႔ေဝ
ဧပြီ 16, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ မယ္လိပါေကာ္ေက်းရြာတြင္ ေတာင္သူ (၃၂)ဦးအား စိုက္ပ်ိဳးေရးအသိပညာေပးျခင္းကို ဧၿပီလ (၁၅)ရက္ေန႔က ေဟာေျပာေၾကာင္းသိရသည္။

ေတာင္သူမ်ားအား တစ္ဧကအထြက္ႏႈန္းတိုးျမင့္ေရး၊ ေတာင္သူဝင္ေငြတိုးျမင့္ေရးအတြက္ စိုက္ပ်ိဳးေရးဆုိင္ရာနည္းပညာမ်ားျဖစ္သည့္ စပါးအထြက္တိုးေစရန္ လုပ္ေဆာင္ရမည့္ နည္းလမ္းမ်ား၊ ေခါင္ႏွံေရြးခ်ယ္စိုက္ပ်ိဳးနည္း၊ လယ္ယာေျမစနစ္တက်ထိန္းသိမ္းေစာင့္ေရွာက္နည္းမ်ားကို ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွဝင္းက ေဟာေျပာေၾကာင္း သိရသည္။

ေတာင္သူမ်ားက ျပန္လည္ေမးျမန္းသည္မ်ားကို ေဆြးေႏြးခဲ့ၿပီး အာခါဘာသာျဖင့္ ေရးသားထားသည့္ စိုက္ပ်ိဳးပညာေပးလက္ကမ္းစာေစာင္မ်ားကို ျဖန္႔ေဝေပးေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ် မယ်လိပါကော်ရွာတွင် စိုက်ပျိုးပညာပေး၊ အာခါဘာသာဖြင့် လက်ကမ်းစာစောင်ဖြန့်ဝေ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိပါကော်ကျေးရွာတွင် တောင်သူ (၃၂)ဦးအား စိုက်ပျိုးရေးအသိပညာပေးခြင်းကို ဧပြီလ (၁၅)ရက်နေ့က ဟောပြောကြောင်းသိရသည်။

တောင်သူများအား တစ်ဧကအထွက်နှုန်းတိုးမြင့်ရေး၊ တောင်သူဝင်ငွေတိုးမြင့်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများဖြစ်သည့် စပါးအထွက်တိုးစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ခေါင်နှံရွေးချယ်စိုက်ပျိုးနည်း၊ လယ်ယာမြေစနစ်တကျထိန်းသိမ်းစောင့်ရှောက်နည်းများကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက ဟောပြောကြောင်း သိရသည်။

တောင်သူများက ပြန်လည်မေးမြန်းသည်များကို ဆွေးနွေးခဲ့ပြီး အာခါဘာသာဖြင့် ရေးသားထားသည့် စိုက်ပျိုးပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~