တာခ်ီလိတ္ၿမိဳ႕ရွိ ဇြဲသာယာကမ္းေျခတြင္ ဆုိင္ခန္းမ်ား ဖြင့္လွစ္ျခင္းကို တားျမစ္ထား

တာခ်ီလိတ္ၿမိဳ႕ရွိ ဇြဲသာယာကမ္းေျခတြင္ ဆုိင္ခန္းမ်ား ဖြင့္လွစ္ျခင္းကို တားျမစ္ထား
ဧပြီ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စုအတြင္းရိွ ဇြဲသာယာကမ္းေျခတြင္ ဆုိင္ခန္းမ်ား ေဆာက္လုပ္ထားျခင္းမွာ ဥပေဒႏွင့္ ညီညြတ္မႈ မရိွသျဖင့္ သက္ဆိုင္ရာက တားျမစ္ထားေၾကာင္း သိရသည္။

“ဥပေဒအရဆိုရင္ ဇြဲသာယာက ကမ္းေျခဖြင့္ခြင့္ မရိွဘူး။ သူက ႏွစ္ႏုိင္ငံ နယ္ျခားအျဖစ္သံုးတဲ့ ျမစ္လည္း ျဖစ္တယ္။ ျမစ္ေခ်ာင္းတိုးတက္ေရး ဦးစီးဌာနက ထုတ္ျပန္ထားတဲ့ ဥပေဒ၊ ညႊန္ၾကားခ်က္ေတြနဲ႔ မညီညြတ္တာလည္း ပါတယ္။ မိုင္းဖုန္းေဒသအတြင္းမွာ ဇြဲသာယာကမ္းေျခရိွလာတဲ့အတြက္ လူငယ္ေတြ အရက္ေသစာ လာေရာက္ေသာက္စားၾကေတာ့ ျပႆနာ မၾကာခဏျဖစ္တယ္လို႔ ေဒသခံေတြက ေျပာလာတယ္။ ေနာက္ အဲဒီေျမေနရာကလည္း လယ္ယာေျမ အမ်ိဳးအစားျဖစ္တဲ့အတြက္ ကမ္းေျခ လုပ္လို႔မရဘူး။ သူတို႔လုပ္တဲ့ ဧရိယာက ေခ်ာင္းနယ္နမိတ္ဧရိယာထဲမွာ ပါတယ္။ ဒီေနရာမွာ ဒီလိုေတြ ရိွျခင္းအားျဖင့္ ကမ္းေျခကေန ပစၥည္းသယ္တာေတြလို ကမ္းေျခကို အလြယ္တကူ ဆိုက္ကပ္ႏိုင္တဲ့ အေနအထားေတြေၾကာင့္ တစ္ခ်ိန္ခ်ိန္မွာ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္လာႏုိင္တဲ့ အေနအထားျဖစ္တဲ့ အတြက္ ဒါကို လတ္တေလာမွာ အသံုးမျပဳဖို႔အတြက္ တားျမစ္ထားတာေပါ့”ဟု တာခ်ီလိတ္ခရို္င္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမစ္ေခ်ာင္းတိုးတက္ေရးဦးစီးဌာန၏ ဥပေဒအရ ဦးစီးဌာန၏ေထာက္ခံခ်က္မရိွဘဲ ျမစ္ေခ်ာင္းနယ္၊ ကမ္းပါးနယ္ ႏွင့္ ကမ္းနားနယ္တို႔တြင္ အေဆာက္အဦးႏွင့့္ တံတားမ်ား ေဆာက္လုပ္ျခင္းမျပဳရဟု ျပဌာန္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္ ဒီတစ္ရက္၊ ႏွစ္ရက္အတြင္း ဖ်က္မွာပါ။ သူတို႔က ဥပေဒနဲ႔မညီဘူး။ ဒီလိုလုပ္လုိ႔မရဘူး လာေျပာေတာ့ ဒါဆိုလည္း ကၽြန္ေတာ္ မလုပ္ပါဘူးေပါ့။ ဆုိင္္ခန္းေတြကိုလည္း ဖ်က္မယ္လို႔ ေျပာထားပါတယ္”ဟု ဇြဲသာယာကမ္းေျခတြင္ ဆိုင္ခန္းမ်ားေဆာက္လုပ္ထားသည့္ ဦးဇြဲက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ - လာအို နယ္စပ္ျမစ္ျဖစ္သည့္ မဲေခါင္ျမစ္ကမ္းတြင္ ၂၀၁၇ ခုႏွစ္က သြားေရာက္လည္ပတ္သူ မ်ားလာသည့္အတြက္ အဆိုပါ ျမစ္ကမ္းတြင္ေနထုိင္သည့္ ဦးဇြဲက ၂၀၁၈ ခုႏွစ္ သႀကၤန္ကာလအတြက္ ဆုိင္ခန္းမ်ားေဆာက္လုပ္ငွားရမ္းသည့္အတြက္ သက္ဆုိင္ရာက တားျမစ္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေနရာမွာ လူစည္ကားလာေတာ့ မိုးရြာဘာရြာနဲ႔ မထူးပါဘူးဆိုၿပီး ဆုိင္ခန္းေလးေတြ ေဆာက္ေပးလုိက္တယ္။ သူတို႔လည္းေရာင္းေကာင္းေတာ့ လာၾကတယ္။ ကၽြန္ေတာ္က သူတို႔က နင္တုိ႔ ငါးေထာင္ေတာ့ေပးဆိုေတာ့ သူတို႔လည္း ေပးၾကတယ္။ ကၽြန္ေတာ္လည္း တပည့္ေတြနဲ႔ သန္႔ရွင္းေရးလုပ္တာ လုပ္ေပးတယ္။ သႀကၤန္တြင္းမွာ လမ္းႏွစ္လမ္း လုပ္ေပးမွရမယ္ဆိုၿပီးေတာ့ ဟိုေန႔ကပဲ ကၽြန္ေတာ္ လမ္းႏွစ္လမ္းလည္း လုပ္ေပးထားတာပါ။ ဆိုင္ခန္းက (၂၀)ေက်ာ္၊ (၃၀)ေက်ာ္ေလာက္ေတာ့ ရိွတာေပါ့။ ဆုိင္ေတြကလည္း ျပည့္ေနတယ္။ လူေတြကလည္း လာလည္ၾက ျပည့္ေနတာေပါ့ေနာ္”ဟု ကမ္းေျခတြင္ ဆုိင္ခန္းမ်ား ဖြင့္လွစ္ထားသည့္ ဦးဇြဲက ဆိုသည္။

အဆိုပါေနရာမွာ ယခင္က ေခ်ာက္ေနရာျဖစ္သျဖင့္ လည္ပတ္စရာ ေနရာမရိွျဖစ္ေနၿပီး လက္ရိွ ဇြဲသာယာကမ္းေျခ ေဆာက္ထားသည့္ ေနရာမွာ မိုးတြင္းကာလအတြင္း ေရလႊမ္းမိုးၿပီး ကၽြန္းျဖစ္ေနတတ္သျဖင့္ ဦးဇြဲက ေျမဖို႔ျပဳျပင္ထားၿပီးေနာက္ ေဒသတြင္း လည္ပတ္သူ မ်ားလာျခင္းျဖစ္ေၾကာင္း သိရသည္။

“သေဘာကေတာ့ ကိုယ့္ႏုိင္ငံက ေျမေတြ တစ္ျခားဘက္ပါမသြားေအာင္ လုပ္တာေပါ့။ လာအိုဘက္မွာ ဆိုရင္လည္း ဘုရားတစ္ဆူရိွတယ္ ေပါ့ေနာ္။ ဒီဘက္မွာ မရိွဘူးဆိုေတာ့ ကၽြန္ေတာ္ ဘုရားေလး တစ္ဆူလည္း တည္ထားပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ ေျပာမယ္ဆုိရင္ေတာ့ ကၽြန္ေတာ္လည္း အမ်ားႀကီးရထားတာ မရိွပါဘူး။ အခု ကၽြန္ေတာ္က ပိတ္မယ္ေျပာေတာ့ ေစ်းသည္ေတြကလည္း ဟာ ဘယ္လိုလုပ္မလဲ ေစ်းဝယ္ထားတာေတြ၊ ဘာေတြနဲ႔ေပါ့။ အဲဒီေတာ့ ကၽြန္ေတာ္ကေတာ့ ငါေတာ့ မသိဘူး။ သူတို႔က ပိတ္လို႔ေျပာတယ္။ ဆရာေတာ္ကလည္း ပိတ္ခိုင္းထားတယ္ဆိုေတာ့ ပိတ္ၿပီလို႔ ေျပာထားတယ္။ စိတ္ေတာ့ မေကာင္းဘူးေပါ့ခင္ဗ်ာ”ဟု ဦးဇြဲက ဆုိသည္။

အဆိုပါကမ္းေျချပဳလုပ္ထားသည့္ေနရာမွာ ဥပေဒအရ ခြင့္ျပဳ၍ မရႏိုင္သည့္ေနရာျဖစ္သည့္အျပင္ ကမ္းေျခတြင္ လူငယ္မ်ား လာေရာက္ေသာက္စားကာ မၾကာခဏျပႆနာျဖစ္ပြားသည္ဟု ေဒသခံမ်ားက တုိင္ၾကားမႈမ်ားလည္း ရိွသျဖင့္ သက္ဆိုင္ရာဌာနမ်ားက သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - UTS



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ ဇွဲသာယာကမ်းခြေတွင် ဆိုင်ခန်းများ ဆောက်လုပ်ထားခြင်းမှာ ဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့် သက်ဆိုင်ရာက တားမြစ်ထားကြောင်း သိရသည်။

“ဥပဒေအရဆိုရင် ဇွဲသာယာက ကမ်းခြေဖွင့်ခွင့် မရှိဘူး။ သူက နှစ်နိုင်ငံ နယ်ခြားအဖြစ်သုံးတဲ့ မြစ်လည်း ဖြစ်တယ်။ မြစ်ချောင်းတိုးတက်ရေး ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ဥပဒေ၊ ညွှန်ကြားချက်တွေနဲ့ မညီညွတ်တာလည်း ပါတယ်။ မိုင်းဖုန်းဒေသအတွင်းမှာ ဇွဲသာယာကမ်းခြေရှိလာတဲ့အတွက် လူငယ်တွေ အရက်သေစာ လာရောက်သောက်စားကြတော့ ပြဿနာ မကြာခဏဖြစ်တယ်လို့ ဒေသခံတွေက ပြောလာတယ်။ နောက် အဲဒီမြေနေရာကလည်း လယ်ယာမြေ အမျိုးအစားဖြစ်တဲ့အတွက် ကမ်းခြေ လုပ်လို့မရဘူး။ သူတို့လုပ်တဲ့ ဧရိယာက ချောင်းနယ်နမိတ်ဧရိယာထဲမှာ ပါတယ်။ ဒီနေရာမှာ ဒီလိုတွေ ရှိခြင်းအားဖြင့် ကမ်းခြေကနေ ပစ္စည်းသယ်တာတွေလို ကမ်းခြေကို အလွယ်တကူ ဆိုက်ကပ်နိုင်တဲ့ အနေအထားတွေကြောင့် တစ်ချိန်ချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တဲ့ အနေအထားဖြစ်တဲ့ အတွက် ဒါကို လတ်တလောမှာ အသုံးမပြုဖို့အတွက် တားမြစ်ထားတာပေါ့”ဟု တာချီလိတ်ခရို်င်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြစ်ချောင်းတိုးတက်ရေးဦးစီးဌာန၏ ဥပဒေအရ ဦးစီးဌာန၏ထောက်ခံချက်မရှိဘဲ မြစ်ချောင်းနယ်၊ ကမ်းပါးနယ် နှင့် ကမ်းနားနယ်တို့တွင် အဆောက်အဦးနှင့် တံတားများ ဆောက်လုပ်ခြင်းမပြုရဟု ပြဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ဒီတစ်ရက်၊ နှစ်ရက်အတွင်း ဖျက်မှာပါ။ သူတို့က ဥပဒေနဲ့မညီဘူး။ ဒီလိုလုပ်လို့မရဘူး လာပြောတော့ ဒါဆိုလည်း ကျွန်တော် မလုပ်ပါဘူးပေါ့။ ဆိုင်ခန်းတွေကိုလည်း ဖျက်မယ်လို့ ပြောထားပါတယ်”ဟု ဇွဲသာယာကမ်းခြေတွင် ဆိုင်ခန်းများဆောက်လုပ်ထားသည့် ဦးဇွဲက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - လာအို နယ်စပ်မြစ်ဖြစ်သည့် မဲခေါင်မြစ်ကမ်းတွင် ၂၀၁၇ ခုနှစ်က သွားရောက်လည်ပတ်သူ များလာသည့်အတွက် အဆိုပါ မြစ်ကမ်းတွင်နေထိုင်သည့် ဦးဇွဲက ၂၀၁၈ ခုနှစ် သင်္ကြန်ကာလအတွက် ဆိုင်ခန်းများဆောက်လုပ်ငှါးရမ်းသည့်အတွက် သက်ဆိုင်ရာက တားမြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေရာမှာ လူစည်ကားလာတော့ မိုးရွာဘာရွာနဲ့ မထူးပါဘူးဆိုပြီး ဆိုင်ခန်းလေးတွေ ဆောက်ပေးလိုက်တယ်။ သူတို့လည်းရောင်းကောင်းတော့ လာကြတယ်။ ကျွန်တော်က သူတို့က နင်တို့ ငါးထောင်တော့ပေးဆိုတော့ သူတို့လည်း ပေးကြတယ်။ ကျွန်တော်လည်း တပည့်တွေနဲ့ သန့်ရှင်းရေးလုပ်တာ လုပ်ပေးတယ်။ သင်္ကြန်တွင်းမှာ လမ်းနှစ်လမ်း လုပ်ပေးမှရမယ်ဆိုပြီးတော့ ဟိုနေ့ကပဲ ကျွန်တော် လမ်းနှစ်လမ်းလည်း လုပ်ပေးထားတာပါ။ ဆိုင်ခန်းက (၂၀)ကျော်၊ (၃၀)ကျော်လောက်တော့ ရှိတာပေါ့။ ဆိုင်တွေကလည်း ပြည့်နေတယ်။ လူတွေကလည်း လာလည်ကြ ပြည့်နေတာပေါ့နော်”ဟု ကမ်းခြေတွင် ဆိုင်ခန်းများ ဖွင့်လှစ်ထားသည့် ဦးဇွဲက ဆိုသည်။

အဆိုပါနေရာမှာ ယခင်က ချောက်နေရာဖြစ်သဖြင့် လည်ပတ်စရာ နေရာမရှိဖြစ်နပြေီး လက်ရှိ ဇွဲသာယာကမ်းခြေ ဆောက်ထားသည့် နေရာမှာ မိုးတွင်းကာလအတွင်း ရေလွှမ်းမိုးပြီး ကျွန်းဖြစ်နေတတ်သဖြင့် ဦးဇွဲက မြေဖို့ပြုပြင်ထားပြီးနောက် ဒေသတွင်း လည်ပတ်သူ များလာခြင်းဖြစ်ကြောင်း သိရသည်။

“သဘောကတော့ ကိုယ့်နိုင်ငံက မြေတွေ တစ်ခြားဘက်ပါမသွားအောင် လုပ်တာပေါ့။ လာအိုဘက်မှာ ဆိုရင်လည်း ဘုရားတစ်ဆူရှိတယ် ပေါ့နော်။ ဒီဘက်မှာ မရှိဘူးဆိုတော့ ကျွန်တော် ဘုရားလေး တစ်ဆူလည်း တည်ထားပါတယ်။ ကျွန်တော့်အနေနဲ့ ပြောမယ်ဆိုရင်တော့ ကျွန်တော်လည်း အများကြီးရထားတာ မရှိပါဘူး။ အခု ကျွန်တော်က ပိတ်မယ်ပြောတော့ ဈေးသည်တွေကလည်း ဟာ ဘယ်လိုလုပ်မလဲ ဈေးဝယ်ထားတာတွေ၊ ဘာတွေနဲ့ပေါ့။ အဲဒီတော့ ကျွန်တော်ကတော့ ငါတော့ မသိဘူး။ သူတို့က ပိတ်လို့ပြောတယ်။ ဆရာတော်ကလည်း ပိတ်ခိုင်းထားတယ်ဆိုတော့ ပိတ်ပြီလို့ ပြောထားတယ်။ စိတ်တော့ မကောင်းဘူးပေါ့ခင်ဗျာ”ဟု ဦးဇွဲက ဆိုသည်။

အဆိုပါကမ်းခြပြေုလုပ်ထားသည့်နေရာမှာ ဥပဒေအရ ခွင့်ပြု၍ မရနိုင်သည့်နေရာဖြစ်သည့်အပြင် ကမ်းခြေတွင် လူငယ်များ လာရောက်သောက်စားကာ မကြာခဏပြဿနာဖြစ်ပွားသည်ဟု ဒေသခံများက တိုင်ကြားမှုများလည်း ရှိသဖြင့် သက်ဆိုင်ရာဌာနများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - UTS 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~