တာခ်ီလိတ္ရွိ ဇြဲသာယာကမ္းေျခတြင္ သႀကၤန္အက်ေန႔၌ လာေရာက္လည္ပတ္သူ ပိုမ်ားလာ

တာခ်ီလိတ္ရွိ ဇြဲသာယာကမ္းေျခတြင္ သႀကၤန္အက်ေန႔၌ လာေရာက္လည္ပတ္သူ ပိုမ်ားလာ
ဧပြီ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စုတြင္းရိွ ႏွစ္ႏုိင္ငံနယ္စပ္ မယ္ေခါင္ျမစ္ကမ္းေဘးရိွ ဇြဲသာယာဆိပ္ကမ္းတြင္ သႀကၤန္အက်ေန႔ျဖစ္သည့္ ဧၿပီလ (၁၄)ရက္ေန႔၌ လာေရာက္ လည္ပတ္သူမ်ားျဖင့္ ပိုမိုစည္ကားလာၿပီး အစားအေသာက္မ်ား ေစ်းတက္လာေၾကာင္း သိရသည္။

“ဒီေန႔က မေန႔ကထက္ ကားေတြမ်ားလာလြန္းလို႔ ကၽြန္ေတာ္တို႔မွာ အေတာ္ေလး ႀကိဳးစားၿပီး ကူညီေပးေနရတယ္။ လာလည္တဲ့သူေတြက အေတာ္ေလး စည္းကမ္းထိန္းၾကတာလည္း ေတြ႔ရတယ္။ အမိႈက္ေတြ ဘာေတြ ပစ္တာကအစေပါ့။ ေစ်းသည္ေတြကလည္း စည္းကမ္းလုိက္နာၾကတယ္။ ညေန(၆)နာရီဆို ေစ်းပိတ္ၾကတယ္။ ေစ်းသည္ေတြကေတာ့ လူတအားမ်ားလာေတာ့ ေစ်းတင္တယ္ၾကားလို႔ ေစ်းႏႈန္းေမးျမန္းၿပီးမွ စားၾကပါလို႔ေတာ့ သတိေပးထားတယ္”ဟု ဇြဲသာယာကမ္းေျခတြင္ လာေရာက္ လည္ပတ္သူမ်ား အဆင္ေျပေစေရး ကူညီေပးေနသည့္ ဦးဇြဲက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေနရာတြင္ ေစ်းဆိုင္မ်ား အခိုင္အမာတည္ေဆာက္ကာ လုပ္ေဆာင္ခြင့္ မရိွသျဖင့္ ေစ်းသည္မ်ားက သႀကၤန္ကာလၿပီးဆံုးသည့္ ဧၿပီလ(၁၇)ရက္ေန႔အထိသာ ေရာင္းခ်သြားမည္ျဖစ္ၿပီး သတ္မွတ္ရက္လြန္ပါက ေစ်းဆိုင္ခန္းမ်ား ပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကမ္းေျခတြင္ ယာယီဆုိင္ခန္းမ်ား ဖြင့္လွစ္ျခင္း၊ ေရကစားျခင္းမ်ားအတြက္ မည္သည့္ အဖြဲ႕အစည္းကမွ တာဝန္ယူလုပ္ေဆာင္ထားျခင္း မရိွေသာ္လည္း ဦးဇြဲက အဆိုပါကမ္းေျခသြားလမ္းတြင္ ဖုန္ထူထပ္သျဖင့္ ေရျဖန္းေပးျခင္း၊ အမိႈက္သိမ္းျခင္း၊ ယာဥ္မ်ားစနစ္တက်ရပ္နားေစရန္ ဝန္ထမ္းမ်ားျဖင့္ စီမံခန္႔ခြဲေပးျခင္း၊ ေရထဲတြင္ ေလွတစ္စီးျဖင့္ အေရးေပၚကူညီႏုိင္ေရး ေစာင့္ေရွာက္ေပးျခင္းတုိ႔ လုပ္ေဆာင္ထားၿပီး ဆိပ္ကမ္းပိတ္ခ်ိန္ျဖစ္သည့္ ညေန (၆)နာရီတြင္ ဆိုင္ခန္းမ်ား ပိတ္သိမ္းရန္ ကိုလည္းသတိေပးထားသည္။

သတင္း #အင္မိုင္ခ
ဓါတ္ပံု #UZ


 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင်းရှိ နှစ်နိုင်ငံနယ်စပ် မယ်ခေါင်မြစ်ကမ်းဘေးရှိ ဇွဲသာယာဆိပ်ကမ်းတွင် သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ (၁၄)ရက်နေ့၌ လာရောက် လည်ပတ်သူများဖြင့် ပိုမိုစည်ကားလာပြီး အစားအသောက်များ ဈေးတက်လာကြောင်း သိရသည်။

“ဒီနေ့က မနေ့ကထက် ကားတွေများလာလွန်းလို့ ကျွန်တော်တို့မှာ အတော်လေး ကြိုးစားပြီး ကူညီပေးနေရတယ်။ လာလည်တဲ့သူတွေက အတော်လေး စည်းကမ်းထိန်းကြတာလည်း တွေ့ရတယ်။ အမှိုက်တွေ ဘာတွေ ပစ်တာကအစပေါ့။ ဈေးသည်တွေကလည်း စည်းကမ်းလိုက်နာကြတယ်။ ညနေ(၆)နာရီဆို ဈေးပိတ်ကြတယ်။ ဈေးသည်တွေကတော့ လူတအားများလာတော့ ဈေးတင်တယ်ကြားလို့ ဈေးနှုန်းမေးမြန်းပြီးမှ စားကြပါလို့တော့ သတိပေးထားတယ်”ဟု ဇွဲသာယာကမ်းခြေတွင် လာရောက် လည်ပတ်သူများ အဆင်ပြေစေရေး ကူညီပေးနေသည့် ဦးဇွဲက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ နေရာတွင် ဈေးဆိုင်များ အခိုင်အမာတည်ဆောက်ကာ လုပ်ဆောင်ခွင့် မရှိသဖြင့် ဈေးသည်များက သင်္ကြန်ကာလပြီးဆုံးသည့် ဧပြီလ(၁၇)ရက်နေ့အထိသာ ရောင်းချသွားမည်ဖြစ်ပြီး သတ်မှတ်ရက်လွန်ပါက ဈေးဆိုင်ခန်းများ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်းခြေတွင် ယာယီဆိုင်ခန်းများ ဖွင့်လှစ်ခြင်း၊ ရေကစားခြင်းများအတွက် မည်သည့် အဖွဲ့အစည်းကမှ တာဝန်ယူလုပ်ဆောင်ထားခြင်း မရှိသော်လည်း ဦးဇွဲက အဆိုပါကမ်းခြေသွားလမ်းတွင် ဖုန်ထူထပ်သဖြင့် ရဖြေန်းပေးခြင်း၊ အမှိုက်သိမ်းခြင်း၊ ယာဉ်များစနစ်တကျရပ်နားစေရန် ဝန်ထမ်းများဖြင့် စီမံခန့်ခွဲပေးခြင်း၊ ရေထဲတွင် လှေတစ်စီးဖြင့် အရေးပေါ်ကူညီနိုင်ရေး စောင့်ရှောက်ပေးခြင်းတို့ လုပ်ဆောင်ထားပြီး ဆိပ်ကမ်းပိတ်ချိန်ဖြစ်သည့် ညနေ (၆)နာရီတွင် ဆိုင်ခန်းများ ပိတ်သိမ်းရန် ကိုလည်းသတိပေးထားသည်။

သတင်း #အင်မိုင်ခ
ဓာတ်ပုံ #UZ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~