ဇွဲသာယာကမ်းခြေတွင် ဆိုင်ခန်းများ ဖျက်သိမ်းထားသော်လည်း ဈေးသည်များက သင်္ကြန်ကာလပြီး ဧပြီလ(၁၇)ရက်နေ့ အထိ ဈေးရောင်းချပြီး သတ်မှတ်ရက်ပြီးပါက ဖယ်ရှားပေးသွားမည်
ဇွဲသာယာကမ်းခြေတွင် ဆိုင်ခန်းများ ဖျက်သိမ်းထားသော်လည်း ဈေးသည်များက သင်္ကြန်ကာလပြီး ဧပြီလ(၁၇)ရက်နေ့ အထိ ဈေးရောင်းချပြီး သတ်မှတ်ရက်ပြီးပါက ဖယ်ရှားပေးသွားမည်
ဧပွီ 5, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ မဲခေါင်မြစ်ကမ်းခြေတွင် ဇွဲသာယာကမ်းခြေ အဖြစ် ဆိုင်ခန်းများ ဆောက်လုပ်ထားခြင်းကို ဖျက်သိမ်းထားပြီ ဖြစ်သော်လည်း အဆိုပါ နေရာတွင် ဈေးရောင်းချမည့်သူများက သင်္ကြန်ကာလ ပြီးဆုံးသည့် ဧပြီလ(၁၇)ရက်နေ့အထိ ဆက်လက် ရောင်းချ ကြမည်ဖြစ်ကြောင်း သိရသည်။
"ဈေးသည်တွေက သင်္ကြန်အတွက် ရည်ရွယ်ပြီး ငွေကြေးရင်းနှီးထားကြတာ မနည်းဘူး။ သင်္ကြန်အပြီးထိ ဈေးရောင်းရင်ရရင် ရှုံးရှုံးမြတ်မြတ် သူတို့ကလည်း ကျေနပ်ပါတယ်။ သင်္ကြန်ပြီးတာနဲ့ ဈေးသည်တွေလည်း ပိတ်သွားမှာ"ဟု ဇွဲသာယာတွင် အစားအသောက်ရောင်းချသူ မခင်ဌေးဝင်းက ပြောသည်။
သို့သော် အဆိုပါနေရာတွင် သင်္ကြန်ကာလအတွင်း ဈေးရောင်းချ ရန်ပြင်ဆင်ထားသည့် ဈေးသည်များက  ငွေတိုးများယူ၍ မတည်ထားသူများလည်း ပါဝင်သည့် အတွက် အခက်အခဲဖြစ်လာရာ ဈေး ဆက်လက်ရောင်းချခွင့် ရရေး အတွက် တာချီလိတ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းတို့မှ တစ်ဆင့် သက်ဆိုင်ရာဌာနများ၊ ဒေသခံများနှင့် ညှိနှိုင်းပေးရန် ဧပြီလ(၄)ရက်နှင့်(၅)ရက်နေ့တို့တွင် အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - KHW
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ မဲခေါင်မြစ်ကမ်းခြေတွင် ဇွဲသာယာကမ်းခြေ အဖြစ် ဆိုင်ခန်းများ ဆောက်လုပ်ထားခြင်းကို ဖျက်သိမ်းထားပြီ ဖြစ်သော်လည်း အဆိုပါ နေရာတွင် စျေးရောင်းချမည့်သူများက သင်္ကြန်ကာလ ပြီးဆုံးသည့် ဧပြီလ(၁၇)ရက်နေ့အထိ ဆက်လက် ရောင်းချ ကြမည်ဖြစ်ကြောင်း သိရသည်။
"စျေးသည်တွေက သင်္ကြန်အတွက် ရည်ရွယ်ပြီး ငွေကြေးရင်းနှီးထားကြတာ မနည်းဘူး။ သင်္ကြန်အပြီးထိ စျေးရောင်းရင်ရရင် ရှုံးရှုံးမြတ်မြတ် သူတို့ကလည်း ကျေနပ်ပါတယ်။ သင်္ကြန်ပြီးတာနဲ့ စျေးသည်တွေလည်း ပိတ်သွားမှာ"ဟု ဇွဲသာယာတွင် အစားအသောက်ရောင်းချသူ မခင်ဌေးဝင်းက ပြောသည်။
မဲခေါင်မြစ်ကမ်းပါးတွင် ဇွဲသာယာကမ်းခြေအဖြစ် ၂၀၁၇ ခုနှစ်အတွင်း လူသိများလာပြီးနောက် ၂၀၁၈ ခုနှစ် သင်္ကြန်ကာလ အတွက် အဆိုပါ နေရာတွင် နေထိုင်သည့် ဦးဇွဲက သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ဆိုင်ခန်းများ ဆောက်လုပ်ခဲ့သဖြင့် အဆောက်အဦးများ အခိုင်အမာ ဆောက်လုပ် ဖေါ်ဆောင်ခြင်းကို  ဥပဒေနှင့်အညီဆောင်ရွက်ရန်  သက်ဆိုင်ရာက အသိပေးခဲ့သဖြင့် ဧပြီလ (၄)ရက်နေ့တွင် ဦးဇွဲက ဆိုင်ခန်းများအား စတင် ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
သို့သော် အဆိုပါနေရာတွင် သင်္ကြန်ကာလအတွင်း စျေးရောင်းချ ရန်ပြင်ဆင်ထားသည့် စျေးသည်များက  ငွေတိုးများယူ၍ မတည်ထားသူများလည်း ပါ၀င်သည့် အတွက် အခက်အခဲဖြစ်လာရာ စျေး ဆက်လက်ရောင်းချခွင့် ရရေး အတွက် တာချီလိတ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းတို့မှ တစ်ဆင့် သက်ဆိုင်ရာဌာနများ၊ ဒေသခံများနှင့် ညှိနှိုင်းပေးရန် ဧပြီလ(၄)ရက်နှင့်(၅)ရက်နေ့တို့တွင် အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။
“သူတို့ စျေးသည်တွေက တောင်းဆိုလို့ နားလည်မှုနဲ့ ထားပေးလိုက်မယ်ပေါ့နော်။ ကျွန်တော်ကတော့ ဆိုင်ခန်းတွေတော့ ဖျက်ပါပြီ။ သင်္ကြန်ကာလလေးမှာ သူတို့ စျေးရောင်းကြမယ်ဆိုရင်တော့ ဒီနားမှာ မော်တော်လေး တစ်စီးနဲ့ စောင့်ပေးတာတို့တော့ လုပ်ပေးမှာပေါ့။ ကျွန်တော်ကလည်း ဥပဒေတွေလည်း နားမလည်တော့ လုပ်ထားခဲ့တာဆိုတော့ သင်္ကြန်ပြီးတာနဲ့ ဒါတွေအားလုံး ဖျက်ပစ်ပြီး မြေညှိပစ်လိုက်မှာပါ။ ကမ်းခြေမှာ သူတို့ဘာသာ လာတာ၊ သစ်ပင်တွေ ဘာတွေနား သွားနားတာတော့ ထားမှာပေါ့။ စျေးရောင်းခွင့်တော့ မပေးတော့ဘူးပေါ့။ သင်္ကြန်ကာလကတော့ စျေးသည်တွေ သူတို့ရောင်းမယ် ဆိုရင်တော့ ညနေ (၆)နာရီဆို ပိတ်ခို်င်းမှာပါ”ဟု ဇွဲသာယာကမ်းခြေဆို်င်ခန်းများ ဆောက်လုပ်ထားသည့် ဦးဇွဲက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၅)ရက်နေ့ ညနေပိုင်းက ပြောသည်။
ဇွဲသာယာကမ်းခြေ အဖြစ် ပြုလုပ်ထားသည့် မြေနေရာမှာ လယ်ယာမြေအမျိုးအစားဖြစ်နေသည့် အတွက် အခြားနည်းဖြင့် အသုံးပြုခွင့် မရှိသည့်အပြင် နှစ်နိုင်ငံနယ်နမိတ်ဖြစ်သည့် မဲခေါင်မြစ်ဘေးတွင် ဖြစ်သဖြင့် ဥပဒေနှင့်အညီ ခွင့်ပြုချက်တင်ပြရန် လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာမှာ ယခင်က သွားရောက်လည်ပတ်ရန် အဆင်ပြေခြင်း မရှိသော်လည်း ဦးဇွဲက မြေပြုပြင်များ လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှစ၍ ဒေသတွင်း သွားရောက်လည်ပတ်ရန် ကမ်းခြေနေရာ တစ်ခုအဖြစ် လူသိများလာခြင်းဖြစ်သည်။
လက်ရှိတွင် ဆိုင်ခန်းပေါင်း (၃၀)နီးပါးဖြင့် စည်ကားလာရာ လူငယ်များ မကြာခဏ ပြဿနာဖြစ်သည်ဟု အဆိုပါ ဒေသအနီးဝန်းကျင်မှ ဒေသခံများက သက်ဆိုင်ရာဌာနများထံ တင်ပြမှုများရှိကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - KHW
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~