တတိယအႀကိမ္ေျမာက္ တင္သြင္းလာသည့္ ဝန္ႀကီးအမည္စာရင္းကို မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အတည္ျပဳ

တတိယအႀကိမ္ေျမာက္ တင္သြင္းလာသည့္ ဝန္ႀကီးအမည္စာရင္းကို မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အတည္ျပဳ
ဧပြီ 7, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔၌ လစ္လပ္လွ်က္ရိွေသာ ဝန္ႀကီး(၁)ဦး၏ ေနရာအတြက္ ဝန္ႀကီးခ်ဳပ္က တတိယအႀကိမ္ေျမာက္ တင္သြင္းခဲ့သည့္ ဝန္ႀကီးေလာင္းအမည္စာရင္းကို လႊတ္ေတာ္က သေဘာ တူေၾကာင္း  ဧၿပီလ(၆)ရက္ေန႔တြင္ ျပဳလုပ္ေသာ ဒုတိယအႀကိမ္ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ အဌမ ပံုမွန္ အစည္းအေဝး ပဥၥမေန႔တြင္ ေၾကျငာလိုက္သည္။

ဝန္ႀကီးခ်ဳပ္က တတိယအႀကိမ္ေျမာက္ အမည္စာရင္းတင္သြင္းခဲ့သည့္ ဦးဝင္းေမာ္ေဌးအား လႊတ္ေတာ္က အတည္ျပဳလုိက္သည့္ အတြက္ လစ္လပ္ေနသည့္ ဝန္ႀကီးႏွစ္ဦးလံုးကို အစားထိုး ခန္႔ထားႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

ဝန္ႀကီးခ်ဳပ္က လႊတ္ေတာ္သို႔ ဒုတိယအႀကိမ္ အမည္စာရင္းတင္သြင္းခဲ႔သူ ႏွစ္ဦးအနက္ အၿငိမ္းစား ခရိုင္ပညာေရးမွဴး၊ ဒုတိယညႊန္ၾကားေရးမွဴး ဦးျမင္႔ေဆြအား လႊတ္ေတာ္က သေဘာတူခဲ႔ေသာ္လည္း က်န္တစ္ဦးကို ခန္႔ထားရန္ အေၾကာင္း အက်ိဳး အတည္ျပဳခ်က္ လိုအပ္ေနသည္႔အတြက္ ဝန္ႀကီးခ်ဳပ္က ၎၏ အဆိုျပဳထားရိွမႈအား ဆိုင္ငံ့ခဲ႔ၿပီးေနာက္ ဦးဝင္းေမာ္ေဌးအား ဝန္ႀကီးခ်ဳပ္က  ထပ္မံ၍ အမည္စာရင္း တင္သြင္းခဲ႔ျခင္း ျဖစ္သည္။

"ဝန္ႀကီးခ်ဳပ္အဆိုတင္သြင္းလိုက္တဲ႔ ဦးဝင္းေမာ္ေဌးကို ေလ႔လာၾကည့္တဲ႔အခါ သူ႔မွာ လူမႈေရးကိစၥ အရႈပ္အရွင္းေတြ၊ ဝန္ထမ္းလည္း မဟုတ္ခဲ႔ေတာ႔ အက်င္႔ပ်က္ျခစားမႈေတြလည္း ကင္းရွင္းတယ္။ ပညာအ ရည္အခ်င္းလည္း ျပည့္စံုသလို အက်င့္စာရိတၱပိုင္းမွာလည္း ဘာမွေျပာစရာ မရိွပါဘူး။ သို႔ေသာ္လည္း သူဟာ ဝန္ထမ္းလုပ္ခဲ႔တဲ႔သူမဟုတ္ေတာ႔ ဌာနဆိုင္ရာေတြရဲ႕ ေဆာင္ရြက္ရမယ္႔လုပ္ငန္းေတြကို သိရိွႏိုင္မႈ၊ လက္ရိွ ကၽြန္မတို႔အစိုးရ သြားေနတဲ႔ေပၚလစီနဲ႔လည္း ရင္းႏွီးမႈ၊ အဲဒီအပိုင္းေတြမွာေတာ႔ အားနည္းခ်က္ ရိွႏိုင္ပါတယ္။ ဒါကလည္း သူ႔ရဲ႕စြမ္းေဆာင္ရည္နဲ႔ အားထုတ္မႈအေပၚမွာ မူတည္ၿပီး လုပ္ႏိုင္လိမ္႔မယ္လို႔ ေမွ်ာ္လင္႔ပါတယ္" ဟု မေကြးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ခ်ိဳလတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔တြင္ လစ္လပ္လွ်က္ရိွေသာ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ႏွင္႔ စိုက္ပ်ိဳးေမြးျမဴေရးႏွင္႔ ဆည္ေျမာင္းဝန္ႀကီးေနရာမ်ားအတြက္ ဝန္ႀကီးခ်ဳပ္က လႊတ္ေတာ္က သေဘာမတူသျဖင့္ သုံုးႀကိမ္ထိ အမည္စာရင္းတင္သြင္းခဲ့ရျခင္းျဖစ္သည္။

သတင္း - ဖီးနစ္
ဓါတ္ပံု - မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၌ လစ်လပ်လျှက်ရှိသော ဝန်ကြီး(၁)ဦး၏ နေရာအတွက် ဝန်ကြီးချုပ်က တတိယအကြိမ်မြောက် တင်သွင်းခဲ့သည့် ဝန်ကြီးလောင်းအမည်စာရင်းကို လွှတ်တော်က သဘော တူကြောင်း ဧပြီလ(၆)ရက်နေ့တွင် ပြုလုပ်သော ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် အဌမ ပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ကြငြောလိုက်သည်။

ဝန်ကြီးချုပ်က တတိယအကြိမ်မြောက် အမည်စာရင်းတင်သွင်းခဲ့သည့် ဦးဝင်းမော်ဌေးအား လွှတ်တော်က အတည်ပြုလိုက်သည့် အတွက် လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးလုံးကို အစားထိုး ခန့်ထားနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်က လွှတ်တော်သို့ ဒုတိယအကြိမ် အမည်စာရင်းတင်သွင်းခဲ့သူ နှစ်ဦးအနက် အငြိမ်းစား ခရိုင်ပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဆွေအား လွှတ်တော်က သဘောတူခဲ့သော်လည်း ကျန်တစ်ဦးကို ခန့်ထားရန် အကြောင်း အကျိုး အတည်ပြုချက် လိုအပ်နေသည့်အတွက် ဝန်ကြီးချုပ်က၎င်း၏ အဆိုပြုထားရှိမှုအား ဆိုင်ငံ့ခဲ့ပြီးနောက် ဦးဝင်းမော်ဌေးအား ဝန်ကြီးချုပ်က ထပ်မံ၍ အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

"ဝန်ကြီးချုပ်အဆိုတင်သွင်းလိုက်တဲ့ ဦးဝင်းမော်ဌေးကို လေ့လာကြည့်တဲ့အခါ သူ့မှာ လူမှုရေးကိစ္စ အရှုပ်အရှင်းတွေ၊ ဝန်ထမ်းလည်း မဟုတ်ခဲ့တော့ အကျင့်ပျက်ခြစားမှုတွေလည်း ကင်းရှင်းတယ်။ ပညာအ ရည်အချင်းလည်း ပြည့်စုံသလို အကျင့်စာရိတ္တပိုင်းမှာလည်း ဘာမှပြောစရာ မရှိပါဘူး။ သို့သော်လည်း သူဟာ ဝန်ထမ်းလုပ်ခဲ့တဲ့သူမဟုတ်တော့ ဌာနဆိုင်ရာတွေရဲ့ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို သိရှိနိုင်မှု၊ လက်ရှိ ကျွန်မတို့အစိုးရ သွားနေတဲ့ပေါ်လစီနဲ့လည်း ရင်းနှီးမှု၊ အဲဒီအပိုင်းတွေမှာတော့ အားနည်းချက် ရှိနိုင်ပါတယ်။ ဒါကလည်း သူ့ရဲ့စွမ်းဆောင်ရည်နဲ့ အားထုတ်မှုအပေါ်မှာ မူတည်ပြီး လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျှက်ရှိသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး နှင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနေရာများအတွက် ဝန်ကြီးချုပ်က လွှတ်တော်က သဘောမတူသဖြင့် သုံးကြိမ်ထိ အမည်စာရင်းတင်သွင်းခဲ့ရခြင်းဖြစ်သည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - မကွေးတိုင်းဒေသကြီးလွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~