တာခ်ီလိတ္ခရိုင္အတြင္း အမဲလိုက္ရင္း တူမီေသနတ္ျဖင့္ ပစ္ခတ္ရာမွ အမ်ဳိးသားတစ္ဦး ေသဆံုးမႈ ျဖစ္ေပၚ

တာခ်ီလိတ္ခရိုင္အတြင္း အမဲလိုက္ရင္း တူမီေသနတ္ျဖင့္ ပစ္ခတ္ရာမွ အမ်ဳိးသားတစ္ဦး ေသဆံုးမႈ ျဖစ္ေပၚ
ဧပြီ 5, 2018
By Tachileik News Agency

အမဲလိုက္ရာမွ တူမီးေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ အမ်ဳိးသားတစ္ဦး ေသဆံုးသြားမႈ တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕၊  ၀မ္မီးေကာင္ေက်းရြာေဟာင္း ေတာင္ေပၚတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

က်ကေက်းရြာ ႏွင့္ ေကာ္မိုက္ဟုန္းေက်းရြာၾကားရွိ ၀မ္မီးေကာင္ေက်းရြာေဟာင္း ေတာင္ေပၚတြင္ ၂၀၁၈ခုႏွစ္ ဧၿပီလ(၄)ရက္ေန႔ ညေန(၆)နာရီ ၀န္းက်င္အခ်ိန္က အမဲလိုက္ရာမွ တူမီးေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ လူတစ္ဦးေသဆံုးခဲ့ေၾကာင္း ဧၿပီလ(၅)ရက္ေန႔ နံနက္(၇)နာရီ၀န္းက်င္မွ သတင္း ရရွိသည့္ အတြက္ မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္ ျမင့္စိုးေအာင္ ႏွင့္ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေအာင္ျမင့္ျမတ္ႏွင့္ တပ္ဖြဲ႔၀င္မ်ား အပါအ၀င္ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

တူမီးေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆံုးေနသူမွာ ေကာ္မိုက္ဟုန္းေက်းရြာေန အသက္(၂၅)ႏွစ္၀န္းက်င္ရွိ ေမာင္အားဒယ္ ဆိုသူျဖစ္ေၾကာင္း ႏွင့္ ေသဆံုးသူ၏ ေနာက္ေက်ာတြင္ ခဲသီးေသနတ္ဒဏ္ရာ(၁၈)ခ်က္ ေပါက္၀င္ဒဏ္ရာေတြ႕ရွိရ၍ အေလာင္းအား ဆက္လက္ စစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္ရန္ တာေလၿမိဳ႕ရွိ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

တူမီးေသနတ္ျဖင့္ ပစ္ခတ္သူမွာ ေကာ္မိုက္ဟုန္းေက်းရြာေန အသက္(၄၂)ႏွစ္၀န္းက်င္ရွိ ပါသီးဆိုသူျဖစ္ၿပီး ၎သည္  ရာဘာၿခံအတြင္း၌ ပုန္းေအာင္းေနေၾကာင္း သိရ၍ ရွာေဖြရာမွ ဧၿပီလ(၅)ရက္ေန႔ နံနက္(၁၀)နာရီခြဲ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိခဲ့ေၾကာင္းႏွင့္ တူမီးေသနတ္ျဖင့္ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ မွားယြင္း ပစ္ခတ္မိျခင္းသာ ျဖစ္ေၾကာင္း ကနဦး သိရေသာ္လည္း ဆက္လက္၍  အမႈမွန္ သိရွိႏိုင္ရန္အတြက္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ေသဆံုးသူ၏ အေလာင္းအနီးတြင္ ပါသီး အသံုးျပဳခဲ့ေသာ တူမီးေသနတ္ႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ေတြ႔ရွိရ၍ ရဲတပ္ဖြဲ႔မွ သိမ္းဆည္းခဲ့ၾကၿပီး တူမီးေသနတ္ျဖင့္ ပစ္ခတ္ခဲ့သူ ၎အား ဥပေဒအရ အေရးယူႏိုင္ရန္ အတြက္ မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းက ေဆာင္ရြက္ေနေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~


အမဲလိုက်ရာမှ တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားမှု တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ဝမ်မီးကောင်ကျေးရွာဟောင်း တောင်ပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျကကျေးရွာ နှင့် ကော်မိုက်ဟုန်းကျေးရွာကြားရှိ ဝမ်မီးကောင်ကျေးရွာဟောင်း တောင်ပေါ်တွင် ၂၀၁၈ခုနှစ် ဧပြီလ(၄)ရက်နေ့ ညနေ(၆)နာရီ ဝန်းကျင်အချိန်က အမဲလိုက်ရာမှ တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း ဧပြီလ(၅)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်မှ သတင်း ရရှိသည့် အတွက် မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် မြင့်စိုးအောင် နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်မြင့်မြတ်နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးနေသူမှာ ကော်မိုက်ဟုန်းကျေးရွာနေ အသက်(၂၅)နှစ်ဝန်းကျင်ရှိ မောင်အားဒယ် ဆိုသူဖြစ်ကြောင်း နှင့် သေဆုံးသူ၏ နောက်ကျောတွင် ခဲသီးသေနတ်ဒဏ်ရာ(၁၈)ချက် ပေါက်ဝင်ဒဏ်ရာတွေ့ရှိရ၍ အလောင်းအား ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် တာလမြေို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

တူမီးသေနတ်ဖြင့် ပစ်ခတ်သူမှာ ကော်မိုက်ဟုန်းကျေးရွာနေ အသက်(၄၂)နှစ်ဝန်းကျင်ရှိ ပါသီးဆိုသူဖြစ်ပြီး၎င်းသည် ရာဘာခြံအတွင်း၌ ပုန်းအောင်းနေကြောင်း သိရ၍ ရှာဖွေရာမှ ဧပြီလ(၅)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးရမိခဲ့ကြောင်းနှင့် တူမီးသေနတ်ဖြင့် ပစ်ခတ်မှုနှင့် ပတ်သက်၍ မှားယွင်းပစ်ခတ်မိခြင်းသာ ဖြစ်ကြောင်း ကနဦး သိရသော်လည်း ဆက်လက်၍ အမှုမှန် သိရှိနိုင်ရန်အတွက် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းအနီးတွင် ပါသီး အသုံးပြုခဲ့သော တူမီးသေနတ်နှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိရ၍ ရဲတပ်ဖွဲ့မှ သိမ်းဆည်းခဲ့ကြပြီး တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့သူ၎င်းအား ဥပဒေအရ အရေးယူနိုင်ရန် အတွက် မိုင်းပါလျှိုးနယ်မြေရဲစခန်းက ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~