Update News

တာခ်ီလိတ္ၿမိဳ႕ တာေလာ့ေစ်းအနီးရွိ ေနအိမ္ေရွ႕ရပ္ထားသည့္ကားကို အမည္မသိ ေလလႊင့္သူမွ ေက်ာက္ခဲျဖင့္ ပစ္ေပါက္၍ ကားမွန္ကြဲ

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕၊ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတား အနီးႏွင့္ တာေလာ့ရပ္ကြက္၊ တာေလာ့ေစ်းအနီးရွိ လမ္းတြင္ အမည္မသိ ေလလႊင့္လူ အမ်ဳိးသားတစ္ဦးမွ အိမ္ေရွ႕တြင္ ရပ္တန္႔ထားသည့္ ေမာ္ေတာ္ယာဥ္အား ေက်ာက္ခဲျဖင့္ ပစ္ေပါက္သြား၍ မွန္ကြဲသြားမႈ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဧၿပီလ(၆)ရက္ေန႔ ေန႔လည္(၁)နာရီ ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕ တာေလာ့ရပ္ကြက္၊ တာေလာ့ေစ်းအနီးရွိ စြယ္ေတာ္လမ္း(ရွမ္းရိုးမအရက္ဖိုေဟာင္းလမ္း)ၾကားရွိ ေနအိမ္ေရွ႕တြင္ ရပ္တန္႔ထားသည့္ ဟြန္ဒါဖစ္အမ်ဳိးအစား ေမာ္ေတာ္ယာဥ္အား ေက်ာက္ခဲျဖင့္ ေပါက္သြားရာမွာ ကားအေပၚအမိုးဖြင့္ မွန္မွာ ကြဲသြားျခင္း ျဖစ္သည္။

"အသံၾကားလို႔ ထြက္ၾကည့္လိုက္ေတာ့ ေျပးသြားတာ   ျမင္ေတာ့ျမင္လိုက္တယ္၊ အရင္ကလည္း ျမင္ဖူးေသးတယ္၊ ၿမိဳ႕ထဲ ဓါးကိုင္ၿပီး ပတ္သြားေနတဲ့ တစ္ေယာက္ပဲ၊ ေက်ာက္ခဲနဲ႔ပစ္သြားတာ ေက်ာက္ခဲေတာင္ ႏွစ္ပိုင္းသံုးပိုင္းျဖစ္သြားတယ္"ဟု အဆိုပါ ကားပိုင္ရွင္က ေျပာသည္။

အဆိုပါ လမ္းၾကားသည္ တာေလာ့ေက်ာင္း အေနာက္ပတ္လမ္းအနီးရွိ လမ္းအနီးတြင္ ျဖစ္ၿပီး၊ ႏိုင္ငံျခားသားမ်ားႏွင့္ လူသူအမ်ား သြားလာမႈမ်ားျပားသည့္ တာေလာ့ေစ်းအနီးတြင္ျဖစ္သည္။

တာခ်ီလိတ္တြင္ အိမ္ေျခမဲ့ ေလလႊင့္သူမ်ားလာမႈေၾကာင့္ ဒုစရိုက္မႈေလ်ာ့ပါးေရးအတြက္ ၿမိဳ႕ေပၚ ရပ္ကြက္တြင္း  တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၀င္မ်ားက ညပိုင္းတြင္ လွည့္ကင္းမ်ားျဖင့္ ပတ္ေလ့ရွိေသာ္လည္း လွည့္ကင္းမ်ားအလစ္တြင္ ယင္းကဲ့သို႔ ျဖစ္စဥ္မ်ား ျဖစ္ေလ့ရွိတတ္ေၾကာင္း သိရသည္။







~~~~~~~~⊰❂ unicode ~~~~~~~~



မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့၊ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား အနီးနှင့် တာလော့ရပ်ကွက်၊ တာလော့ဈေးအနီးရှိ လမ်းတွင် အမည်မသိ လေလွှင့်လူ အမျိုးသားတစ်ဦးမှ အိမ်ရှေ့တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်အား ကျောက်ခဲဖြင့် ပစ်ပေါက်သွား၍ မှန်ကွဲသွားမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီလ(၆)ရက်နေ့ နေ့လည်(၁)နာရီ ဝန်းကျင်အချိန်က တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ တာလော့ဈေးအနီးရှိ စွယ်တော်လမ်း(ရှမ်းရိုးမအရက်ဖိုဟောင်းလမ်း)ကြားရှိ နေအိမ်ရှေ့တွင် ရပ်တန့်ထားသည့် ဟွန်ဒါဖစ်အမျိုးအစား မော်တော်ယာဉ်အား ကျောက်ခဲဖြင့် ပေါက်သွားရာမှာ ကားအပေါ်အမိုးဖွင့် မှန်မှာ ကွဲသွားခြင်း ဖြစ်သည်။

"အသံကြားလို့ ထွက်ကြည့်လိုက်တော့ ပြေးသွားတာ မြင်တော့မြင်လိုက်တယ်၊ အရင်ကလည်း မြင်ဖူးသေးတယ်၊ မြို့ထဲ ဓားကိုင်ပြီး ပတ်သွားနေတဲ့ တစ်ယောက်ပဲ၊ ကျောက်ခဲနဲ့ပစ်သွားတာ ကျောက်ခဲတောင် နှစ်ပိုင်းသုံးပိုင်းဖြစ်သွားတယ်"ဟု အဆိုပါ ကားပိုင်ရှင်က ပြောသည်။

အဆိုပါ လမ်းကြားသည် တာလော့ကျောင်း အနောက်ပတ်လမ်းအနီးရှိ လမ်းအနီးတွင် ဖြစ်ပြီး၊ နိုင်ငံခြားသားများနှင့် လူသူအများ သွားလာမှုများပြားသည့် တာလော့ဈေးအနီးတွင်ဖြစ်သည်။

တာချီလိတ်တွင် အိမ်ခြေမဲ့ လေလွှင့်သူများလာမှုကြောင့် ဒုစရိုက်မှုလျော့ပါးရေးအတွက် မြို့ပေါ် ရပ်ကွက်တွင်း တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ညပိုင်းတွင် လှည့်ကင်းများဖြင့် ပတ်လေ့ရှိသော်လည်း လှည့်ကင်းများအလစ်တွင် ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်လေ့ရှိတတ်ကြောင်း သိရသည်။


 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::