တာခ်ီလိတ္တြင္ ထိုင္းႏိုင္ငံသူ ငွားရမ္းေနထုိင္သည့္အိမ္မွ မူးယစ္ေဆးဝါးဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ထိုင္းႏိုင္ငံသူ ငွားရမ္းေနထုိင္သည့္အိမ္မွ မူးယစ္ေဆးဝါးဖမ္းဆီးရမိ
ဧပြီ 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆုိင္း(က)ရပ္ကြက္တြင္ ထိုင္းႏိုင္ငံသူတစ္ဦး ငွားရမ္း ေနထိုင္သည့္ ေနအိမ္အား ဧၿပီလ (၁၀)ရက္ေန႔ ေန႔လည္(၂)နာရီခြဲဝန္းက်င္တြင္ ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား၊ ေဆးမႈန္႔ႏွင့္ ကတ္တမင္းမူးယစ္ေဆးတို႔အား ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္တြင္ ထုိင္းႏုိင္ငံသူ Puttaporn ႏွင့္ မာထိဘိုတို႔ ငွားရမ္းေနထိုင္သည့္ ေနအိမ္အား မူးယစ္သတင္းအရ ဝင္ေရာက္ရွာေဖြရာ Puttaporn၊ မာထိဘိုႏွင့္ စိုင္းေအာင္ခမ္းတို႔အား အဆိုပါ ေနအိမ္တြင္ ေတြ႔ရၿပီး ေနအိမ္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၂၀၄)ျပား၊ အေလးခ်ိန္ (၁၈.၄)ဂရမ္၊ စိတ္ၾကြေဆးျပားအမႈန္႔ (၅)ဂရမ္ႏွင့္ ကတ္တမင္း (၁)ဂရမ္တို႔အား သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ အဆိုပါ(၃)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁ အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်တွင် ထိုင်းနိုင်ငံသူတစ်ဦး ငှါးရမ်း နေထိုင်သည့် နေအိမ်အား ဧပြီလ (၁၀)ရက်နေ့ နေ့လည်(၂)နာရီခွဲဝန်းကျင်တွင် ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား၊ ဆေးမှုန့်နှင့် ကတ်တမင်းမူးယစ်ဆေးတို့အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင် ထိုင်းနိုင်ငံသူ Puttaporn နှင့် မာထိဘိုတို့ ငှါးရမ်းနေထိုင်သည့် နေအိမ်အား မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေရာ Puttaporn၊ မာထိဘိုနှင့် စိုင်းအောင်ခမ်းတို့အား အဆိုပါ နေအိမ်တွင် တွေ့ရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၄)ပြား၊ အလေးချိန် (၁၈.၄)ဂရမ်၊ စိတ်ကြွဆေးပြားအမှုန့် (၅)ဂရမ်နှင့် ကတ်တမင်း (၁)ဂရမ်တို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အဆိုပါ(၃)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၂၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~