သင်္ကြန်အတက် တာချီလိတ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သာသနာ့ဂုဏ်ရည်ကျောင်းတိုက် သစ်ကိုင်းကျိုးကာ သွပ်အမိုးလန်

သင်္ကြန်အတက် တာချီလိတ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သာသနာ့ဂုဏ်ရည်ကျောင်းတိုက် သစ်ကိုင်းကျိုးကာ သွပ်အမိုးလန်
ဧပွီ 16, 2018
By Tachileik News Agency

ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့ ညနေပိုင်းတွင် တာချီလိတ်၌ လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းအနီးရှိ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်တွင်း ကုဋီရှိ ရေစင်ပေါ် သစ်ကိုင်းကျိုးကျမှု နှင့်အတူ ဆွမ်းစားဆောင် သွပ်အမိုးလန်သွားမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဧပြီလ(၁၆)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါ ကျောင်းတိုက်တွင်းရှိ သွပ်မိုးဆွမ်းစားဆောင်မှာ သွပ်တစ်ခြမ်းလန်ကာ လေထဲပါသွားကြောင်း သိရသည်။


ယင်းအပြင် လေပြင်းတိုက်ခတ်မှုကြောင့် သာသနာ့ဂုဏ်ရည်ကျောင်းတိုက်ရှေ့ရှိ လမ်းဘေးဓါတ်တိုင်မှာလည်း အောက်ခြေကျိုးကာ ယိုင်နေသည့်အတွက် မီးလင်းရေးမှ လာရောက်၍ ရှင်းလင်းပြုလုပ်ရန် လိုအပ်နေကြောင်းလည်း သိရှိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့ ညနေပိုင်းတွင် တာချီလိတ်၌ လပြေင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းအနီးရှိ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်တွင်း ကုဋီရှိ ရေစင်ပေါ် သစ်ကိုင်းကျိုးကျမှု နှင့်အတူ ဆွမ်းစားဆောင် သွပ်အမိုးလန်သွားမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဧပြီလ(၁၆)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က လပြေင်းတိုက်ခတ်မှုကြောင့် အဆိုပါ ကျောင်းတိုက်တွင်းရှိ သွပ်မိုးဆွမ်းစားဆောင်မှာ သွပ်တစ်ခြမ်းလန်ကာ လေထဲပါသွားကြောင်း သိရသည်။

"သွပ်မိုးတွေ တစ်ခြမ်းလန်သွားပါတယ်၊ သွပ်တွေ လိုက်မကောက်ရသေးပါဘူး၊ မီးကပျက် မှောင်နေလို့ပါ မနက်ကြမှပဲ သွပ်ကောက်ပီး မိုးလုံအောင်လုပ်ရမှာပဲ ခုညတော့ ဟောင်းလောင်းပေါ့၊ ကုဋီ ရေစင်ပေါ် ကျိုးကျနေတဲ့ သစ်ကိုင်းလည်း မနက်မှ ရှင်းရမှာပဲ"ဟု သာသနာ့ဂုဏ်ရည်ကျောင်းတိုက်ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဓမ္မဓဇက တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်သည်။

ယင်းအပြင် လပြေင်းတိုက်ခတ်မှုကြောင့် သာသနာ့ဂုဏ်ရည်ကျောင်းတိုက်ရှေ့ရှိ လမ်းဘေးဓာတ်တိုင်မှာလည်း အောက်ခြေကျိုးကာ ယိုင်နေသည့်အတွက် မီးလင်းရေးမှ လာရောက်၍ ရှင်းလင်းပြုလုပ်ရန် လိုအပ်နေကြောင်းလည်း သိရှိရသည်။

ဓာတ်ပုံ - သာသနာ့ဂုဏ်ရည်ကျောင်းတိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~