ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ႏွင့္ အဖြဲ႔မွ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုရွိ လူနာမ်ားအား အာဟာရျဖည့္ အစားအစာမ်ားေပးအပ္ကာ တာခ်ီလိတ္ဘိုးဘြားရိပ္သာမွ သက္ႀကီးရြယ္အိုမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈေပး

ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ႏွင့္ အဖြဲ႔မွ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုရွိ လူနာမ်ားအား အာဟာရျဖည့္ အစားအစာမ်ားေပးအပ္ကာ တာခ်ီလိတ္ဘိုးဘြားရိပ္သာမွ သက္ႀကီးရြယ္အိုမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈေပး
ဧပြီ 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ခရိုင္ကုတင္ (၁၀၀)ဆံ့ျပည္သူ႔ေဆးရံုမွ လူနာမ်ားအား  ႀတိဂံတိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴး ႏွင့္ တပ္မေတာ္အရာရွိတို႔မွ အာဟာရျဖည့္ အစားအစာမ်ား ေပးအပ္ကာ  ၾကည့္ရႈအားေပးၿပီး တာခ်ီလိတ္ဘိုးဘြားရိပ္သာတြင္ က်န္းမာေရးေစာင့္ေရွာက္မႈအျဖစ္ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအး ႏွင့္ ဇနီး အပါအ၀င္ တပ္မေတာ္အရာရွိမ်ားသည္ ၂၀၁၈ခုႏွစ္ ဧၿပီလ(၅)ရက္ေန႔ နံနက္က တာခ်ီလိတ္ခရိုင္ကုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုသို႔ သြားေရာက္ကာ လူနာမ်ားအား အာဟာရျဖစ္ေစမည့္ အစားအစာမ်ားအား တစ္ဦးခ်င္းစီ ေပးအပ္ၿပီး အားေပးစကားမ်ား ေျပာၾကားကာ ေဆးရံုအတြင္း လွည့္လည္ၾကည့္ရႈရာ စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်) တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ေဆးရုံအုပ္ႀကီး ေဒါက္တာေရႊ၀င္း ႏွင့္အဖြဲ႔မွ လိုက္လံျပသေပးခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအးမွ တာခ်ီလိတ္ခ႐ိုင္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ ကုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုမွ ေဆးရုံအုပ္ႀကီး ေဒါက္တာေရႊ၀င္း ႏွင့္ အထူးကု ဆရာ၀န္ႀကီးမ်ား၊ လက္ေထာက္ဆရာ၀န္မ်ားႏွင့္ ေဆးရံု၀န္ထမ္းမ်ားအား အစည္းအေ၀ းခန္းမတြင္ ေတြ႔ဆံုခဲ့ၾကေၾကာင္း သိရသည္။

ယင္းေနာက္ တာခ်ီလိတ္ဘိုးဘြားရိပ္သာတြင္ စစ္ဗ်ဴဟာအဖြဲ႔(အေျခခ်)တာခ်ီလိတ္မွ တပ္မေတာ္နယ္ လွည့္ေဆးကုသေရးအဖြဲ႔က သက္ႀကီးရြယ္အိုဘိုးဘြားမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈေပးခဲ့ေၾကာင္း သိရသည္။

ဓါတ္ပံု - KK ၊ thein shwe


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင်ကုတင် (၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ လူနာများအား တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး နှင့် တပ်မတော်အရာရှိတို့မှ အာဟာရဖြည့် အစားအစာများ ပေးအပ်ကာ ကြည့်ရှုအားပေးပြီး တာချီလိတ်ဘိုးဘွားရိပ်သာတွင် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့် ဇနီး အပါအဝင် တပ်မတော်အရာရှိများသည် ၂၀၁၈ခုနှစ် ဧပြီလ(၅)ရက်နေ့ နံနက်က တာချီလိတ်ခရိုင်ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ လူနာများအား အာဟာရဖြစ်စေမည့် အစားအစာများအား တစ်ဦးချင်းစီ ပေးအပ်ပြီး အားပေးစကားများ ပြောကြားကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုရာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း နှင့်အဖွဲ့မှ လိုက်လံပြသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးမှ တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း နှင့် အထူးကု ဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များနှင့် ဆေးရုံဝန်ထမ်းများအား အစည်းအေဝးခန်းမတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ယင်းနောက် တာချီလိတ်ဘိုးဘွားရိပ်သာတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ တပ်မတော်နယ် လှည့်ဆေးကုသရေးအဖွဲ့က သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - KK၊ thein shwe

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~