တာချီလိတ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းကျိုးသည့် မယ်ယန်းဂိတ်အတွင်း နှင့် သာသနာ့ဂုဏ်ရည်ဘုန်းကြီးကျောင်းသို့ တာချီလိတ်တပ်နယ်မှ သွားရောက် ရှင်းလင်းပေး

တာချီလိတ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းကျိုးသည့် မယ်ယန်းဂိတ်အတွင်း နှင့် သာသနာ့ဂုဏ်ရည်ဘုန်းကြီးကျောင်းသို့ တာချီလိတ်တပ်နယ်မှ သွားရောက် ရှင်းလင်းပေး
ဧပွီ 17, 2018
By Tachileik News Agency

ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့ ညနေပိုင်းတွင် တာချီလိတ်၌ လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းအနီးရှိ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တွင်း နှင့် ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ယန်းပူးပေါင်း စစ်ဆေးရေး စခန်းတို့တွင် သစ်ပင်ကျိုးကျမှုနှင့်အတူ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် တာချီလိတ်တပ်နယ်မှ သွားရောက်ရှင်းလင်း ဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။

မြန်မာနှစ်ဆန်း(၁)ရက်၊ ဧပြီလ(၁၇)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်တပ်နယ်မှ တပ်မတော်သားများသည် ဖန်မင် ကျေးရွာအုပ်စုရှိ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးကျလဲပြိုနေသည့် သစ်ပင်အား ခုတ်ဖြတ်ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။


ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် မြို့ပေါ်တွင် ဆိုင်းဘုတ်အချို့ ပျက်စီးမှုများနှင့် အတူ လျှပ်စစ်မီး ခေတ္တပြတ်တောက်သွားခဲ့ရကြောင်း သိရှိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့ ညနေပိုင်းတွင် တာချီလိတ်၌ လပြေင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းအနီးရှိ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တွင်း နှင့် ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ယန်းပူးပေါင်း စစ်ဆေးရေး စခန်းတို့တွင် သစ်ပင်ကျိုးကျမှုနှင့်အတူ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် တာချီလိတ်တပ်နယ်မှ သွားရောက်ရှင်းလင်း ဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။

မြန်မာနှစ်ဆန်း(၁)ရက်၊ ဧပြီလ(၁၇)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်တပ်နယ်မှ တပ်မတော်သားများသည် ဖန်မင် ကျေးရွာအုပ်စုရှိ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် လပြေင်းတိုက်ခတ်မှုကြောင့် ကျိုးကျလဲပြိုနေသည့် သစ်ပင်အား ခုတ်ဖြတ်ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်း အနီးရှိ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်တွင်း ကုဋီရှိ ရေစင်ပေါ် နှင့် ကျောင်းတိုက်ရှေ့တို့တွင် ကျိုးကျနေသော သစ်ပင်များအား ရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။

ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်တွင် လပြေင်း တိုက်ခတ်မှုကြောင့် မြို့ပေါ်တွင် ဆိုင်းဘုတ်အချို့ ပျက်စီးမှုများနှင့် အတူ လျှပ်စစ်မီး ခေတ္တပြတ်တောက်သွားခဲ့ရကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~