တာချီလိတ် - မယ်ဆိုင် (၉၂)ကြိမ်မြောက် TBC အစည်းအဝေး မယ်ဆိုင်မြို့တွင် ကျင်းပ

တာချီလိတ် - မယ်ဆိုင် (၉၂)ကြိမ်မြောက် TBC အစည်းအဝေး မယ်ဆိုင်မြို့တွင် ကျင်းပ
ဧပွီ 5, 2018
By Tachileik News Agency

တာချီလိတ် - မယ်ဆိုင်  . မြန်မာ - ထိုင်း မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)၏ (၉၂)ကြိမ်မြောက် အစည်းအဝေးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဘန့်နမ့်ရီဆော့ဒ်တွင် ကျင်းပပြုလုပ်ရာ မြန်မာဘက်မှ (၂၅)ဦးနှင့် ထိုင်းဘက်မှ (၄၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာဘက် TBC ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး ရန်ကြီးအောင် နှင့် အဖွဲ့ဝင် (၅)ဦး အပြင် လေ့လာသူအဖြစ် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ အပါအ၀င် (၂၀)ဦး တက်ရောက် လာခဲ့ကြပြီး၊ ထိုင်းဘက် TBC ဥက္ကဌ ဗိုလ်မှူးကြီး ကီတားကွမ်းကျန်းထရား အပါအ၀င် အဖွဲ့ဝင် (၄၂)ဦးတို့ တက်ရောက်ခဲ့ကြကာ  နယ်စပ်ရေးရာကိစ္စရပ်များနှင့် မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နင်းမှု ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်း ကိစ္စများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပူးပေါင်းကာကွယ် နှိမ်နှင်းရေးတွင် ဆောင်ရွက်နေမှုများနှင့် နှစ်ဖက်တရားခံများ ဖမ်းဆီးရမိမှု အခြေအနေများ စသည်တို့ကို အပြန်အလှန်ဆွေးနွေး မေးမြန်းဖြေကြားခဲ့ကြသည်။

ဆွေးနွေးမှုများအပြီးတွင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)မြန်မာဘက်မှ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး ရန်ကြီးအောင်က "ယခု အစည်းအဝေး ဆွေးနွေးချက်များထဲမှ မိမိတို့ မြို့နယ်အဆင့် နယ်ခြားကော်မတီ(တာချီလိတ်) အနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်သော ကိစ္စရပ်များအား ဖြေရှင်း ပေးသွားမှာဖြစ်ပြီး၊ မိမိတို့အနေဖြင့် မဖြေရှင်းနိုင်သောကိစ္စရပ်များအား အထက်ဌာန အဆင့်ဆင့်သို့ ဆက်လက်တင်ပြကာ အကြောင်း ပြန်ကြားပေးသွားမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်များကို စိတ်ရင်း စေတနာအမှန်ဖြင့် ဆောင်ရွက်ခဲ့ကြလို့ လက်ရှိ အချိန်တွင် နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းရောင်းဝယ်ခြင်းများ၊ နိုင်ငံဖြတ်ကျော်မှုခင်းကျူးလွန်ခြင်းများနှင့် အခြားဥပဒေပြင်ပ လုပ်ငန်းများကို တားဆီးနှိမ်နှင်းနိုင်ခဲ့သဖြင့် ယခင်ကာလများထက် တစ်ဖြည်းဖြည်း လျော့နည်း လာတာကိုလည်း အထင်အရှားတွေ့မြင်ရမှာဖြစ်ကြောင်း" နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယင်းနောက် မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)ထိုင်းဘက်မှ ဥက္ကဌ ဗိုလ်မှူးကြီး ကီတားကွမ်းကျန်း ထရားမှ" လက်ရှိအနေအထားအရ နှစ်ဖက် အပြန်အလှန် ဆက်ဆံရေးသည် အလွန် ကောင်းမွန်သည့် အနေအထားတွင် ရှိနေပြီး ဖြစ်ပေါ်လာသည့် ပြဿနာရပ်များကိုလည်း ကောင်းမွန်စွာ အတူပူးပေါင်း ဖြေရှင်းနိုင်ခဲ့ကြောင်း၊ သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ခြင်းဖြင့် ပြဿနာများကို ပိုမို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခဲ့သည့် အတွက်လည်း ဒေသအဆင့် အောင်မြင်မှု အသီးသီး ရရှိနေသည်ကို တွေ့ရှိရကြောင်း" နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မြန်မာ - ထိုင်း နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီအား တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် အလှည့်ကျကျင်းပလေ့ရှိရာ (၉၂)ကြိမ်မြောက် အစည်းအဝေးသည် ထိုင်းဘက် အလှည့်ကျအနေဖြင့် မယ်ဆိုင်မြို့တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Photo : Nathi Somkat


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ် - မယ်ဆိုင် . မြန်မာ - ထိုင်း မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)၏ (၉၂)ကြိမ်မြောက် အစည်းအေဝးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဘန့်နမ့်ရီဆော့ဒ်တွင် ကျင်းပပြုလုပ်ရာ မြန်မာဘက်မှ (၂၅)ဦးနှင့် ထိုင်းဘက်မှ (၄၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအေဝးသို့ မြန်မာဘက် TBC ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး ရန်ကြီးအောင် နှင့် အဖွဲ့ဝင် (၅)ဦး အပြင် လေ့လာသူအဖြစ် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ အပါအဝင် (၂၀)ဦး တက်ရောက် လာခဲ့ကြပြီး၊ ထိုင်းဘက် TBC ဥက္ကဌ ဗိုလ်မှူးကြီး ကီတားကွမ်းကျန်းထရား အပါအဝင် အဖွဲ့ဝင် (၄၂)ဦးတို့ တက်ရောက်ခဲ့ကြကာ နယ်စပ်ရေးရာကိစ္စရပ်များနှင့် မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နင်းမှု ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအေဝးတွင် နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်း ကိစ္စများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပူးပေါင်းကာကွယ် နှိမ်နှင်းရေးတွင် ဆောင်ရွက်နေမှုများနှင့် နှစ်ဖက်တရားခံများ ဖမ်းဆီးရမိမှု အခြေအနေများ စသည်တို့ကို အပြန်အလှန်ဆွေးနွေး မေးမြန်းဖြကြေားခဲ့ကြသည်။

ဆွေးနွေးမှုများအပြီးတွင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)မြန်မာဘက်မှ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး ရန်ကြီးအောင်က "ယခု အစည်းအေဝး ဆွေးနွေးချက်များထဲမှ မိမိတို့ မြို့နယ်အဆင့် နယ်ခြားကော်မတီ(တာချီလိတ်) အနဖြေင့် ဖြေရှင်းဆောင်ရွက်နိုင်သော ကိစ္စရပ်များအား ဖြေရှင်း ပေးသွားမှာဖြစ်ပြီး၊ မိမိတို့အနဖြေင့် မဖြေရှင်းနိုင်သောကိစ္စရပ်များအား အထက်ဌာန အဆင့်ဆင့်သို့ ဆက်လက်တင်ပြကာ အကြောင်း ပြန်ကြားပေးသွားမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်များကို စိတ်ရင်း စေတနာအမှန်ဖြင့် ဆောင်ရွက်ခဲ့ကြလို့ လက်ရှိ အချိန်တွင် နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းရောင်းဝယ်ခြင်းများ၊ နိုင်ငံဖြတ်ကျော်မှုခင်းကျူးလွန်ခြင်းများနှင့် အခြားဥပဒပြေင်ပ လုပ်ငန်းများကို တားဆီးနှိမ်နှင်းနိုင်ခဲ့သဖြင့် ယခင်ကာလများထက် တစ်ဖြည်းဖြည်း လျော့နည်း လာတာကိုလည်း အထင်အရှားတွေ့မြင်ရမှာဖြစ်ကြောင်း" နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယင်းနောက် မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)ထိုင်းဘက်မှ ဥက္ကဌ ဗိုလ်မှူးကြီး ကီတားကွမ်းကျန်း ထရားမှ" လက်ရှိအနေအထားအရ နှစ်ဖက် အပြန်အလှန် ဆက်ဆံရေးသည် အလွန် ကောင်းမွန်သည့် အနေအထားတွင် ရှိနပြေီး ဖြစ်ပေါ်လာသည့် ပြဿနာရပ်များကိုလည်း ကောင်းမွန်စွာ အတူပူးပေါင်း ဖြေရှင်းနိုင်ခဲ့ကြောင်း၊ သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ခြင်းဖြင့် ပြဿနာများကို ပိုမို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခဲ့သည့် အတွက်လည်း ဒေသအဆင့် အောင်မြင်မှု အသီးသီး ရရှိနေသည်ကို တွေ့ရှိရကြောင်း" နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မြန်မာ - ထိုင်း နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီအား တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် အလှည့်ကျကျင်းပလေ့ရှိရာ (၉၂)ကြိမ်မြောက် အစည်းအေဝးသည် ထိုင်းဘက် အလှည့်ကျအနဖြေင့် မယ်ဆိုင်မြို့တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Photo : Nathi Somkat

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~