သႀကၤန္အၾကတ္ေန႔ လားရိႈးတြင္ ယာဥ္မေတာ္တဆမႈ ႏွစ္ခုေၾကာင့္ ႏွစ္ဦးေသဆံုး

သႀကၤန္အၾကတ္ေန႔ လားရိႈးတြင္ ယာဥ္မေတာ္တဆမႈ ႏွစ္ခုေၾကာင့္ ႏွစ္ဦးေသဆံုး
ဧပြီ 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ေရွာင္လမ္းတြင္ ဧၿပီလ (၁၅) ရက္ေန႔ သႀကၤန္အၾကတ္ေန႔က ယာဥ္မေတာ္တဆမႈ ႏွစ္ခုျဖစ္ပြားခဲ့ၿပီး လူႏွစ္ဦးေသဆံုးခဲ့ေၾကာင္း လားရိႈးၿမိဳ႕ အမွတ္ (၁၁၉) ယာဥ္ထိန္း ရဲတပ္ဖြဲ႔ရံုးထံမွ သိရသည္။

“ဒီေန႔တစ္ရက္တည္းမွာပဲ ယာဥ္မေတာ္တဆမႈ ႏွစ္ခုျဖစ္ပါတယ္။ ၿမိဳ႕ေရွာင္လမ္းေပၚမွာ ျဖစ္တာပါ။ ျဖစ္စဥ္ တစ္ခုစီမွာ လူတစ္ဦးစီ ေသဆံုးပါတယ္” ဟု လားရိႈးၿမိဳ႕ အမွတ္ (၁၁၉) ယာဥ္ထိန္းရဲတပ္ဖြဲ႔စုမွ တာဝန္မွဴး တပ္ၾကပ္ႀကီး သန္းႏိုင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျဖစ္စဥ္ႏွစ္ခုစလံုးမွာ မြန္းလြဲ (၂) နာရီ ဝန္းက်င္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မေတာ္တဆမႈ ႏွစ္ခုစလံုးမွ ေသဆံုးသူမ်ားအား လားရိႈးလူငယ္မ်ားလူမႈကူညီေရးအသင္းက သြားေရာက္ကူညီသယ္ေဆာင္ေပးခဲ့ကာ လားရိႈးၿမိဳ႕ ျပည္သူ႔ေဆးရံု ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

 “ကားနဲ႔ဆိုင္ကယ္ တိုက္မိတဲ့ျဖစ္စဥ္လို႔ ယာဥ္ထိန္းေတြကေျပာတယ္။ အဲဒီျဖစ္စဥ္မွာ အမ်ိဳးသမီး တစ္ေယာက္က ျဖစ္တဲ့ေနရာမွာတင္ ေသဆံုးတယ္။ အမ်ိဳးသားတစ္ေယာက္ သတိလစ္ဒဏ္ရာရတယ္။ ေနာက္တစ္ခုကေတာ့ ေခြးဘီလူးကားတစ္စီး ေခ်ာက္ထဲက်တာေပါ့။ အဲဒီမွာ အမ်ိဳးသား တစ္ေယာက္ေသတယ္။ မိုင္းရွဴးၿမိဳ႕ကလို႔ သိရတယ္” ဟု လားရိႈးလူငယ္မ်ား လူမႈကူညီေရးအသင္းမွ ကိုစိုင္းဝသန္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

လားရႈိးၿမိဳ႕ေရွာင္လမ္း မိုင္တိုင္အမွတ္ (၅) ႏွင့္ (၆) ၾကားတြင္ျဖစ္ပြားခဲ့သည့္ ဆိုင္ကယ္ႏွင့္ ေမာ္ေတာ္ကား မေတာ္တဆမႈတြင္ အမ်ိဳးသမီးေသဆံုးၿပီး အမ်ိဳးသားတစ္ဦး ဒဏ္ရာရသြားကာ မိုင္တိုင္ (၁၆) တြင္ ျဖစ္ပြားသည့္ ေမာ္ေတာ္ကားေခ်ာက္ထဲက်သည့္ ျဖစ္စဥ္တြင္ ကားေပၚ၌စီးနင္းလာသူ စုစုေပါင္း (၇) ဦးအနက္ အမ်ိဳးသားတစ္ဦး ေသဆံုးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #လားရိႈးလူငယ္မ်ား လူမႈကူညီေရးအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှောင်လမ်းတွင် ဧပြီလ (၁၅) ရက်နေ့ သင်္ကြန်အကြတ်နေ့က ယာဉ်မတော်တဆမှု နှစ်ခုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း လားရှိုးမြို့ အမှတ် (၁၁၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

“ဒီနေ့တစ်ရက်တည်းမှာပဲ ယာဉ်မတော်တဆမှု နှစ်ခုဖြစ်ပါတယ်။ မြို့ရှောင်လမ်းပေါ်မှာ ဖြစ်တာပါ။ ဖြစ်စဉ် တစ်ခုစီမှာ လူတစ်ဦးစီ သေဆုံးပါတယ်” ဟု လားရှိုးမြို့ အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်မှူး တပ်ကြပ်ကြီး သန်းနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖြစ်စဉ်နှစ်ခုစလုံးမှာ မွန်းလွဲ (၂) နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မတော်တဆမှု နှစ်ခုစလုံးမှ သေဆုံးသူများအား လားရှိုးလူငယ်များလူမှုကူညီရေးအသင်းက သွားရောက်ကူညီသယ်ဆောင်ပေးခဲ့ကာ လားရှိုးမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 “ကားနဲ့ဆိုင်ကယ် တိုက်မိတဲ့ဖြစ်စဉ်လို့ ယာဉ်ထိန်းတွေကပြောတယ်။ အဲဒီဖြစ်စဉ်မှာ အမျိုးသမီး တစ်ယောက်က ဖြစ်တဲ့နေရာမှာတင် သေဆုံးတယ်။ အမျိုးသားတစ်ယောက် သတိလစ်ဒဏ်ရာရတယ်။ နောက်တစ်ခုကတော့ ခွေးဘီလူးကားတစ်စီး ချောက်ထဲကျတာပေါ့။ အဲဒီမှာ အမျိုးသား တစ်ယောက်သေတယ်။ မိုင်းရှူးမြို့ကလို့ သိရတယ်” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ ကိုစိုင်းဝသန်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

လားရှိုးမြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၅) နှင့် (၆) ကြားတွင်ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်နှင့် မော်တော်ကား မတော်တဆမှုတွင် အမျိုးသမီးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရသွားကာ မိုင်တိုင် (၁၆) တွင် ဖြစ်ပွားသည့် မော်တော်ကားချောက်ထဲကျသည့် ဖြစ်စဉ်တွင် ကားပေါ်၌စီးနင်းလာသူ စုစုပေါင်း (၇) ဦးအနက် အမျိုးသားတစ်ဦး သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~