တာချီလိတ်တွင် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းက အဋ္ဌမအကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ဘုရား ရေသပ္ပါယ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား စတင် ကျင်းပ

တာချီလိတ်တွင် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းက အဋ္ဌမအကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ဘုရား ရေသပ္ပါယ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား စတင် ကျင်းပ
ဧပွီ 13, 2018
By Tachileik News Agency


အဆိုပါပွဲတော်အား ဖွင့်ပွဲအခမ်းအနားဖြင့်   တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူးစိုးနိုင် နှင့် မြို့မိမြို့ဖ ဦးမြင့်ဦး(မုတ်ဆိတ်) နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် သက်ကြီးရွယ်အို ပူဇော်ကန်တော့ပွဲအား ပထမပိုင်းအနေဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

သက်ကြီးရွယ်အိုပူဇော်ကန်တော့ပွဲတွင် တာချီလိတ်နေ ရခိုင်တိုင်းရင်းသားမိသားစုများထဲမှ အသက်(၆၀)အထက် (၃၂)ဦးအား ကန်တော့ကြရာတွင် အသက်အကြီးဆုံးအနေဖြင့် အသက်(၈၀)နှစ်အထိ ပါဝင်ကြောင်း သိရသည်။

ဒုတိယပိုင်းအနေဖြင့်  ရခိုင်ရိုးရာ သင်္ကြန်ဘုရားရေသပ္ပါယ်ပွဲအား ဧပြီလ(၁၃)ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ သနပ်ခါးသွေးခြင်းကို နေ့လယ်(၁)နာရီအချိန်တွင် ပြုလုပ်မည်ုဖစ်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကျင်းပသည့် အဋ္ဌမအကြိမ် ရခိုင်ရိုးရာ သင်္ကြန်ဘုရားရေသပ္ပါယ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားအား ဧပြီလ (၁၃)ရက်နေ့ နံနက်ပိုင်းက စတင်၍ တာချီလိတ်မြို့နယ်ဓမ္မာရုံတွင် ကျင်းပသည်။

အဆိုပါပွဲတော်အား ဖွင့်ပွဲအခမ်းအနားဖြင့် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူးစိုးနိုင် နှင့် မြို့မိမြို့ဖ ဦးမြင့်ဦး(မုတ်ဆိတ်) နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် သက်ကြီးရွယ်အို ပူဇော်ကန်တော့ပွဲအား ပထမပိုင်းအနဖြေင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

သက်ကြီးရွယ်အိုပူဇော်ကန်တော့ပွဲတွင် တာချီလိတ်နေ ရခိုင်တိုင်းရင်းသားမိသားစုများထဲမှ အသက်(၆၀)အထက် (၃၂)ဦးအား ကန်တော့ကြရာတွင် အသက်အကြီးဆုံးအနဖြေင့် အသက်(၈၀)နှစ်အထိ ပါဝင်ကြောင်း သိရသည်။

ဒုတိယပိုင်းအနဖြေင့် ရခိုင်ရိုးရာ သင်္ကြန်ဘုရားရေသပ္ပါယ်ပွဲအား ဧပြီလ(၁၃)ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ သနပ်ခါးသွေးခြင်းကို နေ့လယ်(၁)နာရီအချိန်တွင် ပြုလုပ်မညု်ဖစ်ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသား သက်ကြီးရွယ်အို ပူဇော်ကန်တော့ပွဲသို့ တာချီလိတ်မြို့နယ် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း နယကများနှင့် ဥက္ကဌ အပါအဝင် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ရခိုင်တိုင်းရင်းသားများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်လာခဲ့ကြရာ ရခိုင်မုန့်တီဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။  

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~