တာခ်ီလိတ္တြင္ ဆိုင္ကယ္ေမာင္းသူမ်ား စည္းကမ္းလိုက္နာေရးႏွင့္ သႀကၤန္အတြင္း ယာဥ္စီးကမ္းႏွင့္အညီ လိုက္နာေရး အသိပညာေပး စာရြက္မ်ား ျဖန္႔ေ၀

တာခ်ီလိတ္တြင္ ဆိုင္ကယ္ေမာင္းသူမ်ား စည္းကမ္းလိုက္နာေရးႏွင့္ သႀကၤန္အတြင္း ယာဥ္စီးကမ္းႏွင့္အညီ လိုက္နာေရး အသိပညာေပး စာရြက္မ်ား ျဖန္႔ေ၀
ဧပြီ 8, 2018
By Tachileik News Agency

သႀကၤန္ကာလအတြင္း ယာဥ္မဆင္မျခင္ ေမာင္းႏွင္မႈမ်ား ေလ်ာ့ပါးေရးႏွင့္ ဆိုင္ကယ္ေမာင္းသူမ်ား ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အမွန္တကယ္ လိုက္နာ က်င့္သံုးႏိုင္ရန္အတြက္ အမွတ္(၁၁၇)ယာဥ္ထိန္း ရဲတပ္ဖြဲ႔စု (တာခ်ီလိတ္ခရိုင္)မွ အသိပညာေပးမႈအျဖစ္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

အမွတ္(၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္ခရိုင္)မွ တပ္ဖြဲ႔၀င္မ်ားသည္ ဆိုင္ကယ္ေမာင္းသူမ်ား အေနျဖင့္ သႀကၤန္အတြင္း ဆိုင္ကယ္မ်ား စည္းကမ္းတက် ေမာင္းႏွင္ရန္၊ ဆိုင္ကယ္ေမာင္းလွ်င္ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းရန္၊ ဆိုင္ကယ္မ်ားတြင္ ပါ၀ါအိတ္ေဇာႀကီးမ်ား တပ္၍ မေမာင္းႏွင္ရန္ ႏွင့္ ယာဥ္/လမ္းစည္းကမ္း လိုက္နာရန္အတြက္ လက္ကမ္းစာရြက္မ်ားအား ခ်စ္ၾကည္ေရးတံတား(၁)ထိပ္တြင္ လည္းေကာင္း၊ တာခ်ီလိတ္ - က်ဳိင္းတံုလမ္းဆံုတြင္ လည္းေကာင္း၊ ရွမ္းရိုးမကြင္းေရွ႕တြင္ လည္းေကာင္း ၂၀၁၈ခုႏွစ္ ဧၿပီလ(၈)ရက္ေန႔ ေန႔လည္ပိုင္းက ေပးေ၀ကာ အသိပညာေပးခဲ့ေၾကာင္း သိရသည္။

ထို႔အတူ  တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ႏွင့္ အမွတ္(၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု၊ တာခ်ီလိတ္မွ တပ္ဖြဲ႕၀င္မ်ားက  ၂၀၁၈ခုႏွစ္ ဧၿပီလ(၃)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ဆိုင္ကယ္ေမာင္းသူမ်ားအား ဆိုင္ကယ္စီးဦးထုပ္ေဆာင္ရန္အတြက္ အသိပညာေပးမႈမ်ားအျဖစ္ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ သႀကၤန္ကာလအတြင္း ေသာက္စားမူးယစ္ကာ မႈခင္းမ်ား မျဖစ္ပြားေရး အတြက္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၀င္မ်ား၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ား၊ မူးယစ္ရဲတပ္ဖြဲ႔၀င္မ်ား အသိပညာေပးမႈမ်ားအျဖစ္ ေဆာင္ရြက္ေနလ်က္ရွိၿပီး တားျမစ္ေဆးမ်ား ေရာင္းခ်ျခင္း ရွိ မရွိအား ေရွာင္တခင္အျဖစ္ ေဆးဆိုင္မ်ားတြင္လည္း စစ္ေဆးေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~


သင်္ကြန်ကာလအတွင်း ယာဉ်မဆင်မခြင် မောင်းနှင်မှုများ လျော့ပါးရေးနှင့် ဆိုင်ကယ်မောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အမှန်တကယ် လိုက်နာ ကျင့်သုံးနိုင်ရန်အတွက် အမှတ်(၁၁၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ အသိပညာပေးမှုအဖြစ် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)မှ တပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်မောင်းသူများ အနဖြေင့် သင်္ကြန်အတွင်း ဆိုင်ကယ်များ စည်းကမ်းတကျ မောင်းနှင်ရန်၊ ဆိုင်ကယ်မောင်းလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်များတွင် ပါဝါအိတ်ဇောကြီးများ တပ်၍ မမောင်းနှင်ရန် နှင့် ယာဉ်/လမ်းစည်းကမ်း လိုက်နာရန်အတွက် လက်ကမ်းစာရွက်များအား ချစ်ကြည်ရေးတံတား(၁)ထိပ်တွင် လည်းကောင်း၊ တာချီလိတ် - ကျိုင်းတုံလမ်းဆုံတွင် လည်းကောင်း၊ ရှမ်းရိုးမကွင်းရှေ့တွင် လည်းကောင်း ၂၀၁၈ခုနှစ် ဧပြီလ(၈)ရက်နေ့ နေ့လည်ပိုင်းက ပေးေဝကာ အသိပညာပေးခဲ့ကြောင်း သိရသည်။

ထို့အတူ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့နှင့် အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့ဝင်များက ၂၀၁၈ခုနှစ် ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဆိုင်ကယ်မောင်းသူများအား ဆိုင်ကယ်စီးဦးထုပ်ဆောင်ရန်အတွက် အသိပညာပေးမှုများအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွင်း သောက်စားမူးယစ်ကာ မှုခင်းများ မဖြစ်ပွားရေး အတွက် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ရဲတပ်ဖွဲ့ဝင်များ အသိပညာပေးမှုများအဖြစ် ဆောင်ရွက်နေလျက်ရှိပြီး တားမြစ်ဆေးများ ရောင်းချခြင်း ရှိ မရှိအား ရှောင်တခင်အဖြစ် ဆေးဆိုင်များတွင်လည်း စစ်ဆေးကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~