သႀကၤန္ထြက္လည္ရာမွ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ (၁)ဦးေသ (၅)ဦး ဒဏ္ရာရရွိမႈ ေက်ာက္မဲတြင္ ျဖစ္ပြား

သႀကၤန္ထြက္လည္ရာမွ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ (၁)ဦးေသ (၅)ဦး ဒဏ္ရာရရွိမႈ ေက်ာက္မဲတြင္ ျဖစ္ပြား
ဧပြီ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ ၁၃၂/၃ ႏွင့္ ၁၃၂/၄ အၾကား ေက်ာက္မဲၿမိဳ႕နယ္ ပန္ေဆာက္ ေက်းရြာအနီးတြင္ သႀကၤန္အက်ေန႔ျဖစ္သည့္ ဧၿပီလ (၁၄) ရက္ေန႔ မြန္းလြဲ ႏွစ္နာရီခန္႔က သႀကၤန္လည္ရာမွ ျပန္လာသည့္ ယာဥ္တစ္စီးတိမ္းေမွာက္ရာ အမ်ိဳးသမီးတစ္ဦးေသဆံုးၿပီး လူ(၅) ဦး ဒဏ္ရာမ်ားရရွိသြားေၾကာင္း သိရသည္။

“ယာဥ္ေမွာက္မႈကေတာ့ အသင္းကသြားသယ္ေပးၿပီး ေဆးရံုကိုပို႔ေဆာင္ေပးထားပါတယ္။ အခုလည္း ေနာက္ထပ္ တစ္ေနရာက ဆိုင္ကယ္ကို ကားနဲ႔တိုက္တဲ့ ေနရာကိုေရာက္ေနပါတယ္။ လူနာကေတာ့ ေပါင္က်ိဳး ေနတယ္” ဟု နယ္စည္းမျခားပရဟိတအသင္း( သီေပါ )မွ ကိုမ်ိဳးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ ေနာင္ပိန္ေက်းရြာမွ သီေပါေခ်ာင္းဆံု(ဒုဌဝတီျမစ္ဆံု)သို႔ သြားလည္ၿပီး ျပန္လာစဥ္ ပန္ေဆာက္ ေက်းရြာအနီး၌ လမ္းတစ္ဖက္သို႔ တစ္ပတ္လန္ကာ တိမ္းေမွာက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးမွာ ေနရာတြင္ ေသဆံုးသြားၿပီး အမ်ိဳးသား (၃) ဦးႏွင့္ အမ်ိဳးသမီး (၂) ဦးမွာ ဒဏ္ရာအသီးသီးရသြားေသာ္လည္း အသက္အႏၱရာယ္မစိုးရိမ္ရေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈအား ၃၀၄ (က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း  ေနၿဖိဳးျမင့္
ဓါတ္ပံု  နယ္စည္းမျခားပရဟိတအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၃၂/၃ နှင့် ၁၃၂/၄ အကြား ကျောက်မဲမြို့နယ် ပန်ဆောက် ကျေးရွာအနီးတွင် သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ (၁၄) ရက်နေ့ မွန်းလွဲ နှစ်နာရီခန့်က သင်္ကြန်လည်ရာမှ ပြန်လာသည့် ယာဉ်တစ်စီးတိမ်းမှောက်ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး လူ(၅) ဦး ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

“ယာဉ်မှောက်မှုကတော့ အသင်းကသွားသယ်ပေးပြီး ဆေးရုံကိုပို့ဆောင်ပေးထားပါတယ်။ အခုလည်း နောက်ထပ် တစ်နေရာက ဆိုင်ကယ်ကို ကားနဲ့တိုက်တဲ့ နေရာကိုရောက်နေပါတယ်။ လူနာကတော့ ပေါင်ကျိုး နေတယ်” ဟု နယ်စည်းမခြားပရဟိတအသင်း( သီပေါ )မှ ကိုမျိုးက ပြောသည်။

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှ သီပေါချောင်းဆုံ(ဒုဌဝတီမြစ်ဆုံ)သို့ သွားလည်ပြီး ပြန်လာစဉ် ပန်ဆောက် ကျေးရွာအနီး၌ လမ်းတစ်ဖက်သို့ တစ်ပတ်လန်ကာ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးမှာ နေရာတွင် သေဆုံးသွားပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးမှာ ဒဏ်ရာအသီးသီးရသွားသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုအား ၃၀၄ (က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း  နဖြေိုးမြင့်
ဓာတ်ပုံ နယ်စည်းမခြားပရဟိတအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~