မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔တြင္ လစ္လပ္လွ်က္ရိွေသာ ဝန္ႀကီးႏွစ္ဦး၏ေနရာအတြက္ ဒုတိယအႀကိမ္ အမည္စာရင္း တင္သြင္း

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔တြင္ လစ္လပ္လွ်က္ရိွေသာ ဝန္ႀကီးႏွစ္ဦး၏ေနရာအတြက္ ဒုတိယအႀကိမ္ အမည္စာရင္း တင္သြင္း
ဧပြီ 2, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔တြင္ လစ္လပ္လွ်က္ရိွေသာ ဝန္ႀကီး ႏွစ္ဦး၏ ေနရာ အတြက္ ဒုတိယအႀကိမ္ အမည္စာရင္းကို  ဧၿပီ(၂)ရက္ေန႔တြင္ ျပဳလုပ္ေသာ ဒုတိယအႀကိမ္ မေကြးတိုင္းေဒသ ႀကီးလႊတ္ေတာ္ အ႒မ ပံုမွန္အစည္းအေဝး၏ ပထမေန႔တြင္ ဝန္ႀကီးခ်ဳပ္က တင္သြင္းေၾကာင္း သိရသည္။

"ဝန္ႀကီး ႏွစ္ဦးအမည္စာရင္းကို လႊတ္ေတာ္မွာ ဒုတိယအႀကိမ္ေျမာက္ တင္သြင္းတာျဖစ္ပါတယ္။ လႊတ္ေတာ္ကို မတင္သြင္းခင္မွာပဲ ပ်က္ျပယ္ခဲ႔တာနဲ႔ဆိုရင္  သံုးႀကိမ္ေျမာက္ရိွသြားပါၿပီ။ အရင္တုန္းကေတာ႔ ႏွစ္ရက္ေလာက္ႀကိဳသိခဲ႔ၾကရေပမဲ့ ဒီတစ္ႀကိမ္မွာေတာ႔ လႊတ္ေတာ္မွာ မေၾကျငာခင္ မိနစ္ပိုင္းေလာက္ပဲ ႀကိဳသိၾကရပါတယ္"ဟု  ေအာင္လံမဲဆႏၵနယ္ အမွတ္(၂)မွ တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝင္ ဝန္ႀကီး (၂)ဦးအား ၎တို႔၏ သေဘာဆႏၵအရ ႏွဳတ္ထြက္ ခြင္႔ျပဳခဲ့ၿပီးေနာက္ လစ္လပ္ႏွစ္ေနရာအတြက္  ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဖဲြ႔စည္းပံု အေျခခံဥပေဒပုဒ္မ ၁၆၁၊ ပုဒ္မခဲြ(က)ပါ အမည္စာရင္း သတ္မွတ္ခ်က္မ်ားႏွင္႔ ျပည္႔စံုသည့္ လႊတ္ေတာ္ ကိုယ္စားလွယ္မဟုတ္ သူမ်ားအျဖစ္ အၿငိမ္းစား ခရိုင္ပညာေရးမွဴး-ဒုတိယညႊန္ၾကားေရးမွဴး ဦးျမင္႔ေဆြႏွင့္ လယ္ယာစိုက္ပ်ိဳးေရးႏွင္႔ ဆည္ ေျမာင္းဝန္ႀကီးဌာနမွ အၿငိမ္းစား ညႊန္ၾကားေရးမွဴး ဦးခင္ေမာင္ထြန္းတို႔ကို တိုင္းေဒသႀကီး (သို႔) ျပည္နယ္အစိုးရအဖဲြ႔  ဥပေဒပုဒ္မ (၈) ႏွင္႔အညီတာဝန္ေပးအပ္လိုေၾကာင္းႏွင္႔ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္မွ သေဘာတူညီခ်က္ေပးပါရန္ ဝန္ႀကီးခ်ဳပ္က အဆိုျပဳ တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔တြင္ လစ္လပ္လွ်က္ရိွေသာ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရး ႏွင္႔ျပည္သူ႔အင္အား ဝန္ႀကီး၊ စိုက္ပ်ိဳးေမြးျမဴေရးႏွင္႔ ဆည္ေျမာင္းဝန္ႀကီး ေနရာ အမည္စာရင္းကို ေဖေဖာ္ဝါရီ (၁၄)ရက္ေန႔တြင္ျပဳလုပ္သည္႔ ဒုတိယအႀကိမ္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚ အစည္းအေဝး ၁/၂၀၁၈ ပထမေန႔တြင္ ဝန္ႀကီးခ်ဳပ္က အဆိုျပဳတင္သြင္းခဲ့ရာ လႊတ္ေတာ္ကိုယ္ စားလွယ္ (၁၇)ဦးက ကန္႔ကြက္ခဲ႔သျဖင္႔ ဝန္ႀကီးခ်ဳပ္က ၎ တင္သြင္းသည့္အမည္စာရင္းကို ျပန္လည္ရုပ္ သိမ္းခဲ့ျခင္း ျဖစ္သည္။

ဒုတိယအႀကိမ္ တင္သြင္းလာသည့္ဝန္ႀကီး(၂)ဦး အမည္စာရင္းမ်ားႏွင့္စပ္လ်ဥ္း၍ ၂၀၁၈ ခုႏွစ္ ဧၿပီလ(၅) ရက္ေန႔ တြင္ ျပဳလုပ္မည့္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးတြင္ ေဆြးေႏြး သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု - မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္





~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျှက်ရှိသော ဝန်ကြီး နှစ်ဦး၏ နေရာ အတွက် ဒုတိယအကြိမ် အမည်စာရင်းကို ဧပြီ(၂)ရက်နေ့တွင် ပြုလုပ်သော ဒုတိယအကြိမ် မကွေးတိုင်းဒေသ ကြီးလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး၏ ပထမနေ့တွင် ဝန်ကြီးချုပ်က တင်သွင်းကြောင်း သိရသည်။

"ဝန်ကြီး နှစ်ဦးအမည်စာရင်းကို လွှတ်တော်မှာ ဒုတိယအကြိမ်မြောက် တင်သွင်းတာဖြစ်ပါတယ်။ လွှတ်တော်ကို မတင်သွင်းခင်မှာပဲ ပျက်ပြယ်ခဲ့တာနဲ့ဆိုရင် သုံးကြိမ်မြောက်ရှိသွားပါပြီ။ အရင်တုန်းကတော့ နှစ်ရက်လောက်ကြိုသိခဲ့ကြရပေမဲ့ ဒီတစ်ကြိမ်မှာတော့ လွှတ်တော်မှာ မကြငြောခင် မိနစ်ပိုင်းလောက်ပဲ ကြိုသိကြရပါတယ်"ဟု အောင်လံမဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး (၂)ဦးအား၎င်းတို့၏ သဘောဆန္ဒအရ နှုတ်ထွက် ခွင့်ပြုခဲ့ပြီးနောက် လစ်လပ်နှစ်နေရာအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၁၊ ပုဒ်မခွဲ(က)ပါ အမည်စာရင်း သတ်မှတ်ချက်များနှင့် ပြည့်စုံသည့် လွှတ်တော် ကိုယ်စားလှယ်မဟုတ် သူများအဖြစ် အငြိမ်းစား ခရိုင်ပညာရေးမှူး-ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဆွေနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းတို့ကို တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ (၈) နှင့်အညီတာဝန်ပေးအပ်လိုကြောင်းနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်မှ သဘောတူညီချက်ပေးပါရန် ဝန်ကြီးချုပ်က အဆိုပြု တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျှက်ရှိသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး နေရာ အမည်စာရင်းကို ဖေဖော်ဝါရီ (၁၄)ရက်နေ့တွင်ပြုလုပ်သည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ၁/၂၀၁၈ ပထမနေ့တွင် ဝန်ကြီးချုပ်က အဆိုပြုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ် စားလှယ် (၁၇)ဦးက ကန့်ကွက်ခဲ့သဖြင့် ဝန်ကြီးချုပ်က၎င်း တင်သွင်းသည့်အမည်စာရင်းကို ပြန်လည်ရုပ် သိမ်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် တင်သွင်းလာသည့်ဝန်ကြီး(၂)ဦး အမည်စာရင်းများနှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ဧပြီလ(၅) ရက်နေ့ တွင် ပြုလုပ်မည့် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - မကွေးတိုင်းဒေသကြီးလွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~