Update News

လြတ္ၿငိမ္းသက္သာျဖင့္ လႊတ္ေပးသူ ရွစ္ေထာင္ေက်ာ္တြင္ က်ိဳင္းတံုအက်ဥ္းေထာင္မွ (၉၅)ဦး ပါဝင္


ႏုိင္ငံေတာ္သမၼတက ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔ျဖစ္သည့္ ဧၿပီလ (၁၇)ရက္ေန႔ နံနက္က လြတ္ၿငိမ္း ခ်မ္းသာခြင့္ျဖင့္ လႊတ္ေပးလုိက္သည့္ အက်ဥ္းသား ရွစ္ေထာင္ေက်ာ္တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရိွ က်ိဳင္းတံုအက်ဥ္းေထာင္မွ (၉၅)ဦး ပါဝင္ေၾကာင္း သိရသည္။

က်ိဳင္းတံုအက်ဥ္းေထာင္မွ လြတ္ေျမာက္သူ (၉၅)ဦးတြင္ တပ္ေျပး (၁၅)ဦး၊ လဝကအမႈျဖင့္ ျပစ္ဒဏ္ က်ခံေနရသည့္ ႏုိင္ငံျခားသား (၁၀)ဦး၊ ျပစ္ဒဏ္(၃)ႏွစ္လက္က်န္ မူးယစ္မႈျဖင့္ ျပစ္ဒဏ္က်ခံရသူ (၅၂)ဦးႏွင့္ က်န္ (၁၈)ဦးမွာ သက္ႀကီးရြယ္အိိုႏွင့္ အျခားျပစ္မႈက်ခံေနရသူမ်ားျဖစ္ေၾကာင္း သိရသည္။

"ထူးထူးျခားျခား မူးယစ္ေဆးဝါးမႈနဲ႔ လြတ္လာတဲ့အမႈတြဲမွာ အသက္(၈၆)ႏွစ္အေမအိုႀကီးလည္း ပါလာတယ္။ သူ႔မွာက သူ႔ေျမးေတြက မူးယစ္ေဆးေရာင္းဝယ္ၾကေတာ့ ဒီေဆးျပားေလးေတြ ေရာင္းခ်ရင္းနဲ႔ စီးပြားရွာေနတဲ့ ေျမးေတြ အလုပ္အကိုင္ ေကာင္းဖို႔ဆိုၿပီး ေဆးျပား ေလးငါးျပားကို ဘုရားစင္မွာ တင္ထားသတဲ့။ ေျမးေတြခရီးသြားတုန္း ရဲကသတင္းအရ ဝင္ဖမ္းေတာ့ ဒီေဆးျပား (၄/၅)ျပား ဘုရားစင္မွာ ေတြ႔တဲ့ အမႈနဲ႔ ေထာင္က်လာတာလုိ႔ သိရတယ္”ဟု အက်ဥ္းသူ/သားမ်ား လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳသည့္ အခမ္းအနား တက္ေရာက္သည့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝဏၰစိုးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လြတ္ေျမာက္အက်ဥ္းသားမ်ားအား ရွမ္းျပည္နယ္အစိုုးရက တစ္ဦးလွ်င္ က်ပ္ငါးေထာင္ႏႈန္း၊ အက်ဥ္း ဦးစီးဌာနက တစ္ဦးလွ်င္ က်ပ္တစ္ေထာင္ႏႈန္း၊ ရပ္ေဝးျပန္မည့္ သူမ်ားအတြက္ က်ိဳင္းတံုၿမိဳ႕နယ္ ခရစ္ယာန္ အသင္းေတာ္ေပါင္းစံု အက်ဥ္းေထာင္ဝတ္ျပဳအဖြဲ႕မွ တစ္ဦးလ်ွင္က်ပ္ တစ္ေသာင္းႏႈန္း၊ က်ဳိင္းတံုခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းမင္းသိန္းမွ တစ္ဦးလွ်င္ က်ပ္ႏွစ္ေသာင္းႏႈန္း၊ တပ္ေျပးလြတ္သူ (၁၅)ဦးအတြက္ ေထာင္ပိုင္ႀကီးက တစ္ဦးလွ်င္ က်ပ္တစ္ေသာင္းႏႈန္း၊ တာခ်ီလိတ္ျပန္မည့္ (၅)ဦးကို တာခ်ီလိတ္မဲဆႏၵနယ္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က တစ္ဦးလွ်င္ က်ပ္ငါးေထာင္ ႏႈန္းစီ ပံ့ပိုးေပးၾကၿပီး တည္းခိုရန္ အခက္အခဲရိွသည့္ (၅)ဦးကို တပ္နယ္ႏွစ္ျခင္းအသင္းေတာ္တြင္ တစ္ညတာ တည္းခိုေနထုိင္ စားေသာက္ႏုိင္ရန္ စီစဥ္ေပးထားၿပီး ဧၿပီလ (၁၈)ရက္ေန႔တြင္  သက္ဆုိင္ရာကားဂိတ္သို႔ ပို႔ေဆာင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - #ခ်ယ္ရီထိုက္
 ဓာတ္ပံု - Wunna Soe










~~~~~~~~⊰❂ unicode ~~~~~~~~



နိုင်ငံတော်သမ္မတက မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီလ (၁၇)ရက်နေ့ နံနက်က လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွှတ်ပေးလိုက်သည့် အကျဉ်းသား ရှစ်ထောင်ကျော်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံအကျဉ်းထောင်မှ (၉၅)ဦး ပါဝင်ကြောင်း သိရသည်။

ကျိုင်းတုံအကျဉ်းထောင်မှ လွတ်မြောက်သူ (၉၅)ဦးတွင် တပ်ပြေး (၁၅)ဦး၊ လဝကအမှုဖြင့် ပြစ်ဒဏ် ကျခံနေရသည့် နိုင်ငံခြားသား (၁၀)ဦး၊ ပြစ်ဒဏ်(၃)နှစ်လက်ကျန် မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံရသူ (၅၂)ဦးနှင့် ကျန် (၁၈)ဦးမှာ သက်ကြီးရွယ်အိုနှင့် အခြားပြစ်မှုကျခံနေရသူများဖြစ်ကြောင်း သိရသည်။

"ထူးထူးခြားခြား မူးယစ်ဆေးဝါးမှုနဲ့ လွတ်လာတဲ့အမှုတွဲမှာ အသက်(၈၆)နှစ်အမေအိုကြီးလည်း ပါလာတယ်။ သူ့မှာက သူ့မြေးတွေက မူးယစ်ဆေးရောင်းဝယ်ကြတော့ ဒီဆေးပြားလေးတွေ ရောင်းချရင်းနဲ့ စီးပွားရှာနေတဲ့ မြေးတွေ အလုပ်အကိုင် ကောင်းဖို့ဆိုပြီး ဆေးပြား လေးငါးပြားကို ဘုရားစင်မှာ တင်ထားသတဲ့။ မြေးတွေခရီးသွားတုန်း ရဲကသတင်းအရ ဝင်ဖမ်းတော့ ဒီဆေးပြား (၄/၅)ပြား ဘုရားစင်မှာ တွေ့တဲ့ အမှုနဲ့ ထောင်ကျလာတာလို့ သိရတယ်”ဟု အကျဉ်းသူ/သားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အခမ်းအနား တက်ရောက်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လွတ်မြောက်အကျဉ်းသားများအား ရှမ်းပြည်နယ်အစိုးရက တစ်ဦးလျှင် ကျပ်ငါးထောင်နှုန်း၊ အကျဉ်း ဦးစီးဌာနက တစ်ဦးလျှင် ကျပ်တစ်ထောင်နှုန်း၊ ရပ်ဝေးပြန်မည့် သူများအတွက် ကျိုင်းတုံမြို့နယ် ခရစ်ယာန် အသင်းတော်ပေါင်းစုံ အကျဉ်းထောင်ဝတ်ပြုအဖွဲ့မှ တစ်ဦးလျှင်ကျပ် တစ်သောင်းနှုန်း၊ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းမှ တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်း၊ တပ်ပြေးလွတ်သူ (၁၅)ဦးအတွက် ထောင်ပိုင်ကြီးက တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်း၊ တာချီလိတ်ပြန်မည့် (၅)ဦးကို တာချီလိတ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က တစ်ဦးလျှင် ကျပ်ငါးထောင် နှုန်းစီ ပံ့ပိုးပေးကြပြီး တည်းခိုရန် အခက်အခဲရှိသည့် (၅)ဦးကို တပ်နယ်နှစ်ခြင်းအသင်းတော်တွင် တစ်ညတာ တည်းခိုနေထိုင် စားသောက်နိုင်ရန် စီစဉ်ပေးထားပြီး ဧပြီလ (၁၈)ရက်နေ့တွင် သက်ဆိုင်ရာကားဂိတ်သို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - #ချယ်ရီထိုက်
 ဓာတ်ပုံ - Wunna Soe
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::