တာချီလိတ်မြို့ရေပေးဝေရေး မှ ကျင်းပသည့် Miss Tess Water 2018 ပြိုင်ပွဲတွင် ခါးနံပါတ်(၁၄) Winner ဖြစ်

တာချီလိတ်မြို့ရေပေးဝေရေး မှ ကျင်းပသည့် Miss Tess Water 2018 ပြိုင်ပွဲတွင် ခါးနံပါတ်(၁၄) Winner ဖြစ်
ဧပွီ 3, 2018
By Tachileik News Agency





ပေးအပ်ချီးမြှင့်သည့် ဆုများအနေဖြင့် ပထမဆုရရှိသူအား တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးလုပ်ငန်းမှ နေအိမ်တွင် ရေမီတာ(၁)လုံး တပ်ဆင်ပေးပြီး (၆)လစာ ရေအခမဲ့ သုံးခွင့် (သို့မဟုတ်) ဆုငွေအဖြစ် ထိုင်းဘတ်ငွေ (၁၂၀၀၀)ဘတ်၊ ဒုတိယဆု အနေဖြင့် ရေမီတာ(၁)လုံး တပ်ဆင်ပေးမည်ဖြစ်ပြီး (၃)လစာ ရေအခမဲ့အဖြစ် (သို့မဟုတ်) ဆုငွေအဖြစ် ထိုင်းဘတ်ငွေ(၁၀၀၀၀)၊ တတိယဆုအနေဖြင့် ရေမီတာ(၁)လုံး တပ်ဆင်ပေးမည်ဖြစ်ပြီး (၁)လစာ ရေအခမဲ့အဖြစ် (သို့မဟုတ်) ဆုငွေအဖြစ် ဘတ်(၈၀၀၀)၊  Most Popular Award  နှင့်  Best In Traditional Costume Award တို့အတွက် ထိုင်းဘတ်ငွေ(၅၀၀၀) သတ်မှတ်ကာ ချီးမြှင့်ကြောင်း သိရသည်။

Miss Tess Water 2018 ပြိုင်ပွဲအား တာချီလိတ်မြို့(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီလီမိတက်မှ ရေပေးဝေရေးလုပ်ငန်း အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး တာချီလိတ်မြို့(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီလီမိတက်မှ ရေပေးဝေရေးလုပ်ငန်း ဖွင့်ပွဲအဖြစ် ဧပြီလ(၄)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများထဲမှ တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးလုပ်ငန်းက ရွေးချယ်၍ ၎င်းတို့ လုပ်ငန်းအတွက် ကြော်ငြာဓါတ်ပုံများ၊ လုပ်ငန်းအတွက် ကိုယ်စားလှယ်များအဖြင့် သီးခြားရွေးချယ်မှုများ ပြုလုပ်ကာ အလုပ်အကိုင်ပေးသွားရန်အတွက်လည်း လျာထားကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီလီမိတက်မှ ကြီးမှူးကျင်းပသည့် Miss Tess Water 2018 ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၈)ဦးရှိခဲ့ပြီး ခါးနံပါတ်(၁၄)ဖြစ်သူ သီရိဇော်မှ Winner Award ဆုအား ရရှိသွားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား ၂၀၁၈ခုနှစ် ဧပြီလ(၂)ရက်နေ့ ညနေပိုင်းက စ၍ ညအထိ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံတရုတ်ဘုံကျောင်းရှိ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် Winner Award ဆုအား ခါးနံပါတ်(၁၄)ဖြစ်သူ သီရိဇော်မှ လည်းကောင်း၊ 1st Runner Up Award ဆုအား ခါးနံပါတ်(၁၀)ဖြစ်သူ အေးမိုးသန်း မှလည်းကောင်း၊ 2st Runner Up Award ဆုအား ခါးနံပါတ်(၃)ဖြစ်သူ မေမီချောမှလည်းကောင်း၊ Best In Traditional Costume Award ဆုအား ခါးနံပါတ်(၆)ဖြစ်သူ အိမ်စည်မောင်မှ လည်းကောင်း၊ Most Popular Award ဆုအား ခါးနံပါတ်(၁၉)ဖြစ်သူ မှလည်းကောင်း၊ အသီးသီးရရှိသွားကြောင်း နှင့် တာချီလိတ်မြို့(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲအတွင်း သီဆိုကပြဖျော်ဖြေမှုများဖြင့် ပူးပေါင်းတင်ဆက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဖြစ်မြောက်ရန်အတွက် ပံ့ပိုးကူညီပေးခဲ့ကြသည့် Miss နည်းပြများ၊ အကဲဖြတ်ဒိုင်များ၊ မိတ်ကပ်ပညာရှင်များ၊ ဆုဗန်းကိုင်များ နှင့် အခမ်းအနားမှူးများ တာချီလိတ်မြို့(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပေးအပ်ချီးမြှင့်သည့် ဆုများအနဖြေင့် ပထမဆုရရှိသူအား တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးလုပ်ငန်းမှ နေအိမ်တွင် ရေမီတာ(၁)လုံး တပ်ဆင်ပေးပြီး (၆)လစာ ရေအခမဲ့ သုံးခွင့် (သို့မဟုတ်) ဆုငွေအဖြစ် ထိုင်းဘတ်ငွေ (၁၂၀၀၀)ဘတ်၊ ဒုတိယဆု အနဖြေင့် ရေမီတာ(၁)လုံး တပ်ဆင်ပေးမည်ဖြစ်ပြီး (၃)လစာ ရေအခမဲ့အဖြစ် (သို့မဟုတ်) ဆုငွေအဖြစ် ထိုင်းဘတ်ငွေ(၁၀၀၀၀)၊ တတိယဆုအနဖြေင့် ရေမီတာ(၁)လုံး တပ်ဆင်ပေးမည်ဖြစ်ပြီး (၁)လစာ ရေအခမဲ့အဖြစ် (သို့မဟုတ်) ဆုငွေအဖြစ် ဘတ်(၈၀၀၀)၊ Most Popular Award နှင့် Best In Traditional Costume Award တို့အတွက် ထိုင်းဘတ်ငွေ(၅၀၀၀) သတ်မှတ်ကာ ချီးမြှင့်ကြောင်း သိရသည်။

Miss Tess Water 2018 ပြိုင်ပွဲအား တာချီလိတ်မြို့(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီလီမိတက်မှ ရေပေးေဝရေးလုပ်ငန်း အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး တာချီလိတ်မြို့(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီလီမိတက်မှ ရေပေးေဝရေးလုပ်ငန်း ဖွင့်ပွဲအဖြစ် ဧပြီလ(၄)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများထဲမှ တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးလုပ်ငန်းက ရွေးချယ်၍၎င်းတို့ လုပ်ငန်းအတွက် ကြော်ငြာဓာတ်ပုံများ၊ လုပ်ငန်းအတွက် ကိုယ်စားလှယ်များအဖြင့် သီးခြားရွေးချယ်မှုများ ပြုလုပ်ကာ အလုပ်အကိုင်ပေးသွားရန်အတွက်လည်း လျာထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~