Update News

သႀကၤန္ကာလအတြင္း ခရီးသည္အေပၚ ပိုမိုေကာက္ခံသည့္ ယာဥ္လိုင္းအား စစ္ေဆးေတြ႔ရွိ၍ ဧၿပီလကုန္အထိ ရပ္နား

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ နားမေခၚကားကြင္းရွိ ဧရာေရႊလီယာဥ္လိုင္းက သႀကၤန္ကာလ အတြင္း ခရီးသည္မ်ားအား ယာဥ္စီးခ ပိုမိုေကာက္ခံေၾကာင္း သႀကၤန္ကာလ ယာဥ္လိုင္းမ်ားႀကီးၾကပ္ေရး အဖြဲ႔မွ ဧၿပီလ(၁၁)ရက္ေန႔က စစ္ေဆးေတြ႔ရွိရသည့္အတြက္ အဆိုပါ ယာဥ္လိုင္းမွ ၎တို႔၏ ဆံုးျဖတ္ခ်က္ျဖင့္ ဧၿပီလကုန္အထိ ရပ္နားေစလိုက္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္လိုင္းမွာ လားရိႈးၿမိဳ႕မွ မႏၱေလးၿမိဳ႕သို႔ ေန႔စဥ္ခရီးသည္ ပို႔ေဆာင္ေနသည့္ ယာဥ္ငယ္ဂိတ္ တစ္ခုျဖစ္ၿပီး ဧၿပီလ(၁၁)ရက္ေန႔က သတ္မွတ္ယာဥ္မ်ား အကုန္ထြက္ခြာၿပီးေသာ္လည္း ခရီးသည္ ထပ္မံရရွိခဲ့သည့္ အတြက္ ယာဥ္စီးခ ပိုမိုေကာက္ခံကာ လားရိႈးမွ မႏၱေလးသို႔ ပို႔ေဆာင္စဥ္ စစ္ေဆး ေတြ႔ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

“ယာဥ္လိုင္းေတြကို စစ္ေဆးႀကီးၾကပ္မႈလုပ္ေနတုန္း ဧၿပီလ(၁၁)ရက္ေန႔ မနက္ပိုင္းမွာ အဲ့လို စစ္ေဆးေတြ႔ရွိရတာ၊ ယာဥ္စီးခ ပိုမိုေကာက္ခံတဲ့ ဧရာေရႊလီယာဥ္လိုင္းက ယာဥ္တစ္စီးကို ေတြ႔ရွိတာ ျဖစ္ပါတယ္၊ အဲ့လိုစစ္ေဆး ေတ႔ြရွိ ေတာ့ ပိုမိုေကာက္ခံထားတဲ့ ေငြပမာဏကို ခရီးသည္ေတြဆီကို ျပန္ေပး အပ္ေစပါတယ္၊ ယာဥ္လိုင္းကေတာ့ ဒီလ ကုန္အထိ ရပ္နားထားမယ္လို႔ အျပစ္ခံယူထားပါတယ္”ဟု စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး(လားရိႈး) မွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပံုမွန္ကာလမ်ားတြင္ အဆိုပါ ယာဥ္ငယ္လိုင္းမွ ေရွ႕ခန္းခရီးသည္ (၁၇၀၀၀)က်ပ္ ႏွင့္ ေနာက္ခန္း (၁၅၀၀၀)က်ပ္ ေကာက္ခံျခင္း ျဖစ္ေသာ္လည္း ဧၿပီလ (၁၁)ရက္ေန႔ေနာက္ဆံုးထြက္ ယာဥ္တြင္ လိုက္ပါမည့္ ခရီးသည္မ်ားအား ေရွ႕ခန္းခရီးသည္ (၃၀၀၀၀)က်ပ္ႏွင့္ ေနာက္ခန္းခရီးသည္အား (၂၅၀၀၀)က်ပ္ ေကာက္ခံခဲ့ျခင္းကို ခရီးသည္မ်ား ထံမွ သိရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

“သႀကၤန္ကာလအတြက္ ကြ်န္ေတာ္တို႔က ႀကီးၾကပ္မႈ ဒီေလာက္လုပ္ေနတဲ့ၾကားက သူတို႔ယာဥ္လိုင္းက အဲ့လိုလုပ္တာျဖစ္တဲ့အတြက္ ကြ်န္ေတာ္တို႔က အေရးယူမယ္လုပ္တာေပါ့၊ ဒါေပမယ့္ယာဥ္လိုင္းက သူ႔ဘာသာသူ အျပစ္ခံယူပါမယ္ဆိုၿပီး (၁၁)ရက္ေန႔ကေန လကုန္အထိ ယာဥ္လိုင္းကို ပိတ္ထားလိုက္တယ္၊ စစ္ေဆးႀကီးၾကပ္စဥ္ကာလမွာေတာ့ အခုဒီတစ္ခါပဲ ဒါမ်ိဳးရွိဖူးတာျဖစ္ပါတယ္” ဟု စားသံုးသူေရးရာ ဦးစီးဌာန(လားရိႈး) မွ ဒုတိယျပည္နယ္ဦးစီးအရာရွိက ေျပာသည္။

လားရႈိးၿမိဳ႕ရွိ စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္ဦးစီးမွဴးရံုး၊ ေမာ္ေတာ္ယာဥ္ လိုင္းေပါင္းစံု ႀကီးၾကပ္ေရး ဌာန၊ ပို႔/ဆက္ဌာန၊ ယာဥ္ထိန္းတပ္ဖြဲ႔ ႏွင့္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနတို႔ ပါဝင္သည့္ အဖြဲ႔ျဖင့္ လားရိႈးၿမိဳ႕ နားမေခၚကားကြင္းရွိ ခရီးသည္ သယ္ယူပို႔ေဆာင္ေရး ယာဥ္လိုင္းမ်ားအား ဧၿပီလ (၂)ရက္ေန႔မွ ဧၿပီလ (၁၂)ရက္ေန႔အထိ ႀကီးၾကပ္ စစ္ေဆးမႈျပဳလုပ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

သႀကၤန္ကာလအတြင္း ယာဥ္စီးလက္မွတ္ဝယ္ယူရာတြင္ ပံုမွန္ေစ်းႏႈန္းထက္ ပိုမိုေပးေဆာင္ရမႈရွိ မရွိ၊ ခရီးသည္မ်ားႀကိဳတင္ ဝယ္ယူထားသည့္ ထိုင္ခံုနံပါတ္ႏွင့္ အမွန္တကယ္စီးနင္းရာတြင္ ေနရာေျပာင္းခံရျခင္း ရွိမရွိ၊ ခရီးသည္မ်ားကို ယာဥ္လိုင္းမ်ားမွ အႀကိဳအပို႔ ျပဳုလုပ္ရာတြင္ အမွန္တကယ္ ျပဳလုပ္ေပးမႈရွိမရွိ ႏွင့္ ခရီးသည္တင္ ယာဥ္ေမာင္းမ်ား ယာဥ္ေနာက္လိုက္မ်ားတြင္ ယာဥ္ေမာင္းလိုင္စင္ပါရွိမရွိစသည္တို႔ကိုပါ စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ နားမခေါ်ကားကွင်းရှိ ဧရာရွှေလီယာဉ်လိုင်းက သင်္ကြန်ကာလ အတွင်း ခရီးသည်များအား ယာဉ်စီးခ ပိုမိုကောက်ခံကြောင်း သင်္ကြန်ကာလ ယာဉ်လိုင်းများကြီးကြပ်ရေး အဖွဲ့မှ ဧပြီလ(၁၁)ရက်နေ့က စစ်ဆေးတွေ့ရှိရသည့်အတွက် အဆိုပါ ယာဉ်လိုင်းမှ၎င်းတို့၏ ဆုံးဖြတ်ချက်ဖြင့် ဧပြီလကုန်အထိ ရပ်နားစေလိုက်ကြောင်း သိရသည်။

အဆိုပါ ယာဉ်လိုင်းမှာ လားရှိုးမြို့မှ မန္တလေးမြို့သို့ နေ့စဉ်ခရီးသည် ပို့ဆောင်နေသည့် ယာဉ်ငယ်ဂိတ် တစ်ခုဖြစ်ပြီး ဧပြီလ(၁၁)ရက်နေ့က သတ်မှတ်ယာဉ်များ အကုန်ထွက်ခွာပြီးသော်လည်း ခရီးသည် ထပ်မံရရှိခဲ့သည့် အတွက် ယာဉ်စီးခ ပိုမိုကောက်ခံကာ လားရှိုးမှ မန္တလေးသို့ ပို့ဆောင်စဉ် စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

“ယာဉ်လိုင်းတွေကို စစ်ဆေးကြီးကြပ်မှုလုပ်နေတုန်း ဧပြီလ(၁၁)ရက်နေ့ မနက်ပိုင်းမှာ အဲ့လို စစ်ဆေးတွေ့ရှိရတာ၊ ယာဉ်စီးခ ပိုမိုကောက်ခံတဲ့ ဧရာရွှေလီယာဉ်လိုင်းက ယာဉ်တစ်စီးကို တွေ့ရှိတာ ဖြစ်ပါတယ်၊ အဲ့လိုစစ်ဆေး တွေ့ရှိ တော့ ပိုမိုကောက်ခံထားတဲ့ ငွေပမာဏကို ခရီးသည်တွေဆီကို ပြန်ပေး အပ်စေပါတယ်၊ ယာဉ်လိုင်းကတော့ ဒီလ ကုန်အထိ ရပ်နားထားမယ်လို့ အပြစ်ခံယူထားပါတယ်”ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး(လားရှိုး) မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပုံမှန်ကာလများတွင် အဆိုပါ ယာဉ်ငယ်လိုင်းမှ ရှေ့ခန်းခရီးသည် (၁၇၀၀၀)ကျပ် နှင့် နောက်ခန်း (၁၅၀၀၀)ကျပ် ကောက်ခံခြင်း ဖြစ်သော်လည်း ဧပြီလ (၁၁)ရက်နေ့နောက်ဆုံးထွက် ယာဉ်တွင် လိုက်ပါမည့် ခရီးသည်များအား ရှေ့ခန်းခရီးသည် (၃၀၀၀၀)ကျပ်နှင့် နောက်ခန်းခရီးသည်အား (၂၅၀၀၀)ကျပ် ကောက်ခံခဲ့ခြင်းကို ခရီးသည်များ ထံမှ သိရှိရခြင်းဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ကာလအတွက် ကျွန်တော်တို့က ကြီးကြပ်မှု ဒီလောက်လုပ်နေတဲ့ကြားက သူတို့ယာဉ်လိုင်းက အဲ့လိုလုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က အရေးယူမယ်လုပ်တာပေါ့၊ ဒါပေမယ့်ယာဉ်လိုင်းက သူ့ဘာသာသူ အပြစ်ခံယူပါမယ်ဆိုပြီး (၁၁)ရက်နေ့ကနေ လကုန်အထိ ယာဉ်လိုင်းကို ပိတ်ထားလိုက်တယ်၊ စစ်ဆေးကြီးကြပ်စဉ်ကာလမှာတော့ အခုဒီတစ်ခါပဲ ဒါမျိုးရှိဖူးတာဖြစ်ပါတယ်” ဟု စားသုံးသူရေးရာ ဦးစီးဌာန(လားရှိုး) မှ ဒုတိယပြည်နယ်ဦးစီးအရာရှိက ပြောသည်။

လားရှိုးမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်ဦးစီးမှူးရုံး၊ မော်တော်ယာဉ် လိုင်းပေါင်းစုံ ကြီးကြပ်ရေး ဌာန၊ ပို့/ဆက်ဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့ နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ ပါဝင်သည့် အဖွဲ့ဖြင့် လားရှိုးမြို့ နားမခေါ်ကားကွင်းရှိ ခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများအား ဧပြီလ (၂)ရက်နေ့မှ ဧပြီလ (၁၂)ရက်နေ့အထိ ကြီးကြပ် စစ်ဆေးမှုပြုလုပ်နခြေင်း ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးလက်မှတ်ဝယ်ယူရာတွင် ပုံမှန်ဈေးနှုန်းထက် ပိုမိုပေးဆောင်ရမှုရှိ မရှိ၊ ခရီးသည်များကြိုတင် ဝယ်ယူထားသည့် ထိုင်ခုံနံပါတ်နှင့် အမှန်တကယ်စီးနင်းရာတွင် နေရာပြောင်းခံရခြင်း ရှိမရှိ၊ ခရီးသည်များကို ယာဉ်လိုင်းများမှ အကြိုအပို့ ပြုလုပ်ရာတွင် အမှန်တကယ် ပြုလုပ်ပေးမှုရှိမရှိ နှင့် ခရီးသည်တင် ယာဉ်မောင်းများ ယာဉ်နောက်လိုက်များတွင် ယာဉ်မောင်းလိုင်စင်ပါရှိမရှိစသည်တို့ကိုပါ စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::