က်ဳိင္းတံုႏွင့္ (၅)မိုင္အကြာတြင္ ေထာ္လာဂ်ီတစ္စီး ေခ်ာက္ထဲက်ရာမွ ယာဥ္ေမာင္းေသဆံုး

က်ဳိင္းတံုႏွင့္ (၅)မိုင္အကြာတြင္ ေထာ္လာဂ်ီတစ္စီး ေခ်ာက္ထဲက်ရာမွ ယာဥ္ေမာင္းေသဆံုး
ဧပြီ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံု - ေတာင္ႀကီးကားလမ္းတြင္ က်ိဳင္းတံုၿမိဳ႕ႏွင့္ (၅)မိုင္ခန္႔အကြာ၌ ဧၿပီလ (၂)ရက္ေန႔ ညေနပိုင္းက ေထာ္လာဂ်ီတစ္စီး ေခ်ာက္ထဲထိုးက်သြားသျဖင့္ ယာဥ္ေမာင္းမွာေနရာတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာမွ အေလာင္းအား က်ဳိင္းတံုၿမိဳ႕မွ ႏွလံုးလွပိုင္ရွင္(အခမဲ့) လူမႈကူညီေရးအသင္းက သြားေရာက္ သယ္ေဆာင္ေပးၿပီး က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာအား သက္ဆုိင္ရာ ရဲတပ္ဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ဓါတ္ပံု - ႏွလံုးလွပိုင္ရွင္(အခမဲ့) လူမႈကူညီေရးအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - တောင်ကြီးကားလမ်းတွင် ကျိုင်းတုံမြို့နှင့် (၅)မိုင်ခန့်အကွာ၌ ဧပြီလ (၂)ရက်နေ့ ညနေပိုင်းက ထော်လာဂျီတစ်စီး ချောက်ထဲထိုးကျသွားသဖြင့် ယာဉ်မောင်းမှာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်နေရာမှ အလောင်းအား ကျိုင်းတုံမြို့မှ နှလုံးလှပိုင်ရှင်(အခမဲ့) လူမှုကူညီရေးအသင်းက သွားရောက် သယ်ဆောင်ပေးပြီး ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အခင်းဖြစ်နေရာအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

ဓာတ်ပုံ - နှလုံးလှပိုင်ရှင်(အခမဲ့) လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~