ေက်ာက္မဲတြင္ သႀကၤန္မ႑ပ္ႏွစ္ခုတည္ေဆာက္မည္ျဖစ္ၿပီး ဗဟိုမ႑ပ္တြင္ ပါဝင္ေဖ်ာ္ေျဖလိုသူမ်ား က်ပ္ငါးေသာင္း ရန္ပံုေငြထည့္သြင္းရမည္

ေက်ာက္မဲတြင္ သႀကၤန္မ႑ပ္ႏွစ္ခုတည္ေဆာက္မည္ျဖစ္ၿပီး ဗဟိုမ႑ပ္တြင္ ပါဝင္ေဖ်ာ္ေျဖလိုသူမ်ား က်ပ္ငါးေသာင္း ရန္ပံုေငြထည့္သြင္းရမည္
ဧပြီ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္၊ ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ မဟာသႀကၤန္ပြဲေတာ္ ကာလအတြင္း ဗဟိုမ႑ပ္ႏွင့္ ၿငိမ္းခ်မ္းမ႑ပ္ စုစုေပါင္း မ႑ပ္ႏွစ္ခု တည္ေဆာက္သြားမည္ျဖစ္ၿပီး ဗဟိုမ႑ပ္တြင္ ပါဝင္ေဖ်ာ္ေျဖလိုသည့္ အသင္းမ်ားအေနျဖင့္ က်ပ္ငါးေသာင္း ထည့္ဝင္ရမည္ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ တာဝန္ရွိသူထံမွ သိရသည္။

“ဗဟိုမ႑ပ္မွာေတာ့ ၿမိဳ႕သူၿမိဳ႕သားေတြရဲ့ အကအဖြဲ႔ေလးေတြ ဝင္ကၾကမယ္ေပါ့။ ၿပိဳင္ပြဲေတြဘာေတြေတာ့ မထားရွိေတာ့ဘူး။ ၿငိမ္းခ်မ္းေရး မ႑ပ္မွာက တိုင္းရင္းသားတီးဝိုင္းအဖြဲ႔ေတြ တီးၾက၊ ဆိုၾက၊ ကၾကမယ္။ ဖြင့္ပြဲ ေတြဘာေတြန႔ဲလုပ္ေပးဖို႔ စီစဥ္ထားတယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဗဟိုမ႑ပ္တြင္ ပါဝင္ေဖ်ာ္ေျဖလိုသည့္ အသင္းမ်ားအေနျဖင့္ အသင္းေၾကး က်ပ္ ငါးေသာင္းေကာက္ခံကာ အေထြေထြ ရန္ပုံေငြအျဖစ္ အသံုးျပဳသြားမည္ျဖစ္ၿပီး စာရင္းေပးသြင္းလိုသူမ်ားအေနျဖင့္ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဌာနတြင္ စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ႏွစ္က ၿမိဳ႕ေတာ္ခန္းမတြင္ မ႑ပ္တစ္ခု တည္ေဆာက္ခဲ့ရာ ယာဥ္အသြားအလာ အခက္အခဲ အနည္းငယ္ရွိခဲ့သျဖင့္ ယခုႏွစ္တြင္ အျခားေနရာသို႔ ေျပာင္းေရႊ႕ တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

“ဗဟိုေစ်းေတာင္ဘက္ ကေမၻာဇဘဏ္ေရွ႕မွာ ဗဟိုမ႑ပ္ထားရွိမယ္။ ၿငိမ္းခ်မ္းေရးမ႑ပ္ကေတာ့ အမွတ္ (၈) ရပ္ကြက္ ကားႀကီးဝင္းထဲမွာ ထားမယ္။ ယာဥ္အသြားအလာ အဆင္ေျပလြယ္ကူေစဖို႔နဲ႔ လံုၿခံဳေရး က႑အတြက္ အစီအစဥ္ေတြလည္း ထားရွိေပးမွာျဖစ္ပါတယ္” ဟု စည္ပင္သာယာေရးေကာ္မတီဥကၠဌက ေျပာသည္။

ေက်ာက္မဲၿမိဳ႕တြင္ သႀကၤန္ဖြင့္ပြဲကို ပင္လံုလမ္းမႀကီးႏွင့္ ဗဟိုေစ်း ေတာင္ဘက္လမ္း (ကေမၻာဇဘဏ္ေရွ႕)တြင္ သႀကၤန္အႀကိဳေန႔၌ ဖြင့္ပြဲအခမ္းအနားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း  - ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ ကျောက်မဲမြို့တွင် ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ဗဟိုမဏ္ဍပ်နှင့် ငြိမ်းချမ်းမဏ္ဍပ် စုစုပေါင်း မဏ္ဍပ်နှစ်ခု တည်ဆောက်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်တွင် ပါဝင်ဖျော်ဖြေလိုသည့် အသင်းများအနဖြေင့် ကျပ်ငါးသောင်း ထည့်ဝင်ရမည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူထံမှ သိရသည်။

“ဗဟိုမဏ္ဍပ်မှာတော့ မြို့သူမြို့သားတွေရဲ့ အကအဖွဲ့လေးတွေ ဝင်ကကြမယ်ပေါ့။ ပြိုင်ပွဲတွေဘာတွေတော့ မထားရှိတော့ဘူး။ ငြိမ်းချမ်းရေး မဏ္ဍပ်မှာက တိုင်းရင်းသားတီးဝိုင်းအဖွဲ့တွေ တီးကြ၊ ဆိုကြ၊ ကကြမယ်။ ဖွင့်ပွဲ တွေဘာတွေနဲ့လုပ်ပေးဖို့ စီစဉ်ထားတယ်” ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗဟိုမဏ္ဍပ်တွင် ပါဝင်ဖျော်ဖြေလိုသည့် အသင်းများအနဖြေင့် အသင်းကြေး ကျပ် ငါးသောင်းကောက်ခံကာ အထွေထွေ ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး စာရင်းပေးသွင်းလိုသူများအနဖြေင့် ကျောက်မဲမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က မြို့တော်ခန်းမတွင် မဏ္ဍပ်တစ်ခု တည်ဆောက်ခဲ့ရာ ယာဉ်အသွားအလာ အခက်အခဲ အနည်းငယ်ရှိခဲ့သဖြင့် ယခုနှစ်တွင် အခြားနေရာသို့ ပြောင်းရွှေ့ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

“ဗဟိုဈေးတောင်ဘက် ကမ္ဘောဇဘဏ်ရှေ့မှာ ဗဟိုမဏ္ဍပ်ထားရှိမယ်။ ငြိမ်းချမ်းရေးမဏ္ဍပ်ကတော့ အမှတ် (၈) ရပ်ကွက် ကားကြီးဝင်းထဲမှာ ထားမယ်။ ယာဉ်အသွားအလာ အဆင်ပြေလွယ်ကူစေဖို့နဲ့ လုံခြုံရေး ကဏ္ဍအတွက် အစီအစဉ်တွေလည်း ထားရှိပေးမှာဖြစ်ပါတယ်” ဟု စည်ပင်သာယာရေးကော်မတီဥက္ကဌက ပြောသည်။

ကျောက်မဲမြို့တွင် သင်္ကြန်ဖွင့်ပွဲကို ပင်လုံလမ်းမကြီးနှင့် ဗဟိုဈေး တောင်ဘက်လမ်း (ကမ္ဘောဇဘဏ်ရှေ့)တွင် သင်္ကြန်အကြိုနေ့၌ ဖွင့်ပွဲအခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~